ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, April 1, 2012

မှတ်ပုံတင်အတုဖြင့် ဒဂုန်ဆိပ်ကမ်းတွင် မဲထည့်နေ၍ တိုင်ကြားထား

ဖနိဒါ | ချင်းမိုင် (မဇ္စျိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၁ မိနစ်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၇၆ ရပ်ကွက် မဲရုံ ၁ တွင် ကြံ့ခိုင်ရေးပါတီမှ မှတ်ပုံတင်အတု၊ အိမ်ထောင်စုဝင် အတုတို့ဖြင့် မဲထည့်နေသဖြင့် တိုင်းကော်မရှင်ထံ တိုင်ကြားထားသည်ဟု ဗကသ ကျောင်းသား ခေါင်းဆောင် ဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။

“သံလျင်ကနေ မဲရုံလည်း ရောက်ရော အတုတွေနဲ့ မဲထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးက ထည့်ခိုင်းတာပါ။ ကတ်ပြား အသစ်တွေ လဲပေးတာတို့ ရှိနေပါတယ်။ ဓါတ်ပုံ မှတ်တမ်းတွေ ရှိပါတယ်။ ကော်မရှင်ကို အကြောင်းကြား ထားတယ်။ ကော်မရှင်က ပြန်ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်”ဟု ကိုဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။


သံလျင်မြို့နယ်အတွင်းမှ ရွာသားအချို့ကို ကြံ့ခိုင်ရေးပါတီက ခေါ်လာပြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မဲထည့်ခိုင်းခြင်း
ဖြစ်ပြီး ၎င်းတို့ကို သံလျင်မြို့မှ ဦးဌေးဝင်း ဆိုသူထံ ယနေ့ ညနေ ၆ နာရီတွင် ကျပ် ၃,ဝဝဝ လာရောက် ထုတ်ယူရန် ကြံ့ခိုင်ရေးဘက်မှ ပြောဆိုထားသည်ဟု ဒီငြိမ်းလင်း က ဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်ဝင်း၊ တစည ပါတီမှ ဦးကြီးမြင့်နှင့် ဒီမိုကရေစီပါတီသစ်ပါတီမှ ဦးဝင်းရွှေ တို့ ယှဉ်ပြိုင်နေသည်။

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....