Tu Maung Nyo – “လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
တူမောင်ညို။ ဧပြီ ၂၁၊ ၂၀၁၂
“လေးစားလိုက်နာ” လို့ ပြင်မပေးရင် လွှတ်တော်ထဲ မဝင်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ခဲ့ပြီ။
“ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုလေး” ကို ကပ်နေတယ်၊ ရမယ်ရှာနေတယ် တဲ့။
“ဘာမဟုတ်တဲ့ စကားလေး၊စကားစုလေး” ကို ဘာကြောင့်လွယ်လွယ်ကူကူ ၊ ကြည်ကြည်သာသာ၊ ပြင်မပေးချင်ရတာလဲ/ ဘာကြောင့်ပြင်မပေးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းကို
ဘယ်လိုဖြေကြမလဲ။
ဘယ်လိုဖြေကြမလဲ။
ပုဒ်မ။ ၆ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး “ဦးဆောင်မှု” အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
အထက်ပါစာပိုဒ်ထဲက “ဦးဆောင်မှု” ဆိုတဲ့စကားလုံး က ဘာမဟုတ်တဲ့ စကားလုံးလား။အဲဒီစကားလုံးပြင်ပေးပါလို့ တောင်းဆို လာရင် အဆိုပြုလာရင် ဘာမဟုတ်တဲ့စကားလုံးပဲ ဆိုပြီးအလွယ်တကူပြင်ပေးနိုင်ပ့ါမလား။
“နိုင်ငံရေးအရေးအကျဉ်းသား”၊“ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ” ဆိုတာတွေကို ဦးသိန်းစိန်အစိုးရက လက်မခံတာ ဟာ ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုတွေမို့လား။
စကားကပ်ပြီးသက်သက်မဲ့ငြင်းခုန်နေတာလား။
မတူတာတွေဆိုပြီး ဘေးဖယ်ထားရ မှာလား။
“စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့စကားရပ်ထဲက “စည်းကမ်းပြည့်ဝသော” ဆိုတဲ့ စကားလုံးနဲ့စကားရပ်က ဘာမဟုတ်တဲ့စကားလုံးကို ကပ်သီးကပ်သပ်
အပိုထည့်ထားတာလား။
အပိုထည့်ထားတာလား။
ဥပဒေဆိုတာကို လူတွေကစကားလုံးတွေစကားစုတွေကို သဒ္ဒါသတ်ပုံနည်းကျစွာနဲ့ရေးသားထားတာပဲ။လူတွေရေးထားတာကို လူတွေကပြင်ပေးဖို့ ဖြည့်စွက်ဖို့ တောင်းဆိုတာဟာ ဘာမှပြဿနာမရှိပါဘူး။ ဆွေးနွေးငြင်းခုန်တယ်ဆိုတာ စကားလုံးကို မသုံးဘဲ၊ အမူ အယာနဲ့ငြင်းခုန်ကြရမှာလား။
ကျနော်မြင်တာတော့ စကားလုံး၊ စကားစုတွေထက် ပိုအရေးကြီးတာက ပြင်ဆင်ပေးလိုတဲ့ဆန္ဒနဲ့ သဘောထားရှိ/မရှိ ဆိုတဲ့ အချက်က ပိုပြီးအရေးကြီးပါတယ်။
အဓိကတော့ Political will ရှိ/မရှိ ဆိုတဲ့အချက်က အခရာကျပါ။ အဆုံးအဖြတ်ဖြစ်ပါတယ်။
အဆုံး အဖြတ်က ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ အများစုဖြစ်တဲ့ ကြံ့ဖွံ့ပါတီ (USDP) က လွှတ်တော်အမတ်များနဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ (၁၆၆)ဦးသော စစ်သားအမတ်တွေ အပေါ်မှာ မူတည် နေပါတယ်။ သူတို့တတွေမှာ ပြင်ဆင်ပေးလိုတဲ့ ဆန္ဒနဲ့သဘောထားမရှိရင် ပြင်ဆင်ပေးရေးတောင်းဆိုချက် လက်တွေ့ ဖြစ်မလာ နိုင်ပါဘူး။

ဒေါက်တာအေးမောင်(RNDP-ပါတီဥက္ကဋ္ဌ)ကဲ့သို့ “ပြင်ဆင်ပေးဖို့ကျနော်တို့ လွှတ်တော်မှာ တာဝန်ရှိတယ်” ဆိုတဲ့ ဆန္ဒသဘော ထားမှန်သူတွေ လွှတ်တော်ထဲမှာ အများစုဖြစ်နေမယ်ဆိုရင် ပြင်ဆင်ရေးဟာလက်တွေ့ဖြစ်မြောက်လာနိုင်ပြီး၊ ဦးသန်းမောင် (ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်) ကဲ့သို့ “ဘာမဟုတ်တဲ့ အငြင်းပွားမှု” လို့ ကြည့်မြင်ပြီး ပေါ့ပေါ့တန်တန် သဘောထားရှိသူတွေသာ အများစုဖြစ်နေရင်တော့ ပြင်ဆင်ရေးဟာ လက်တွေ့ဖြစ်မြောက်မလာနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး (NLD)ပါတီကို ဝန်းရံကြမယ်ဆိုတဲ့ (ပြည်တွင်း/ပြည်ပ) လွှတ်တော်ပြင်ပအင်အားစုတွေရဲ့အသံသိပ် မကြားရတာလည်း ထူးခြားတယ်။
ယခုကိစ္စသည် စကားလုံးသက်သက်ကို အငြင်းပွားနေခြင်းမဟုတ်ပါ။ အဲဒီစကားလုံးကဖေါ်ပြနေတဲ့ နိုင်ငံရေးပြဿနာကို ပြော နေကြရတာဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့ NLD ပါတီ ရဲ့ ထိပ်တန်းတာဝန် ၃ ရပ် (တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး )နဲ့ ထဲထဲဝင်ဝင်ဆက်နွှယ် ပတ်သတ်နေ တဲ့ကိစ္စ လည်းဖြစ် ပါတယ်။ အခုနောက်ထပ်ခြေလှမ်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထံ (NLD) ပါတီ က စာရေးတင်ပြမယ်လို့ဆိုပါ တယ်။
ဖြစ်စဉ်တွေကိုအခုလိုစီပြီး ကြည့်တော့ –
၁၁ ဧပြီမှာ (NLD) ဥက္ကဋ္ဌ ၊ နေပြည်တော်သွားပါတယ်။ သမ္မတနဲ့ ဒုတိယအကြိမ်တွေ့ပါတယ်။
သတိပြုမိတဲ့အချက်က ပထမတစ်ကြိမ်(၁၉ သြဂုတ်၂၀၁၁) တွေ့ဆုံစဉ်ကလို ဥက္ကဋ္ဌနဲ့ သမ္မတ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့သတင်း လည်း အစိုးရသတင်းစာတွေမှာဖေါ်ပြတာမတွေ့မိပါဘူး။
၁၄ ဧပြီမှာ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နေပြည်တော်သွားပြီး သမ္မတ ထံ “အကြံပြုစာ ” တင်ပါတယ်။
၁၉ ဧပြီမှာ နေပြည်တော်ဖွဲ့စည်းပုံခုံရုံးက ဖိတ်လို့ဆိုပြီး ဦးဉာဏ်ဝင်း နေပြည်တော်သွားပါတယ်။ နေပြည်တော်ခုံရုံးက လက်ချာ ရိုက်လွှတ်လိုက်တဲ့ပုံပါပဲ။
၂၃ ဧပြီ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်း အခုလိုရင်ဖွင့်ပါတယ်။
“ — သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာမဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
လို့ ပြောပါတယ်။
ဖြစ်စဉ်အပေါ် အကြမ်းဖျင်း ခြုံငုံသုံးသပ်ရရင် သမ္မတထံအကြံပြုစာတင်တယ်။ သမ္မတ မတတ်နိုင်ဘူးဆိုတဲ့ အချက် ပေါ်လွင်ပါ တယ်။
သမ္မတက “လွတ်ငြိမ်းချမ်းသာခွင့်”ပေးနိုင်တဲ့သမ္မတမဟုတ်ဘူး။ “လွှတ်ငြိမ်းသက်သာခွင့်” လောက်သာပေးနိုင်တဲ့ သမ္မတဖြစ် ပါတယ်။ အခုကိစ္စက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့
ပြည်ထောင်စုလွှတ်တော်တို့က အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်တို့က အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ခုံရုံးကခေါ်လို့သွားရတယ်၊ ခုံရုံးက“ရှင်းပြ”(လက်ချာပေး) တာတွေနားထောင်ခဲ့တယ်။ ရှင်းပြချက်တွေထဲမှာ သဘောမတူတာ တွေရှိတယ်။ ဒါကြောင့် နောက်ထပ်ကြိုးစားမှုအဖြစ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံ (NLD) ပါတီက စာရေးတင်ပြတာဖြစ် ပါလိမ့်မယ်။ အကယ်၍ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခေါ်ပြီး ရှင်းပြသလို “ရှင်းပြ” (လက်ချာထပ်ပေး) နေရင် (NLD)ပါတီ ဘာဆက်လုပ်မလဲ။
ညွန်း- (ဧပြီ ၁၁ မှ ၂၁ အထိ )ပြည်တွင်း/ပြည်ပ မီဒီယာသတင်းများ
မိုးမခ
အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်ဖွဲ့ကြဖို့လိုနေပြီ
မြင်းရည်တက်ဦးသာ
ဧပြီ ၁၇၊ ၂၀၁၂
ဧပြီ ၁၇၊ ၂၀၁၂

A poster with an image donated to Amnesty by Pablo Picasso
သက္ကရာဇ် ၂၀၁၁ စက်တင်ဘာ (၁၅) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်က “အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေပြီ”လို့ မှတ်ချက်ချပြောဆိုပြီးနောက်ပိုင်းမှာ ကျေနပ်လောက်တဲ့ အတိုင်းအတာထိ မဟုတ်သေးပေမယ့် မြန်မာနိုင်ငံရေးမှာ အပြုသဘောဆောင်တဲ့ အပြောင်း အလဲ များဖြစ်ပေါ်လာတာ ယခုဆိုရင် NLDကတရားဝင် နိုင်ငံရေးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲများမှာ (၄၃) နေရာ အနိုင်ရပြီး ဧပြီလ (၂၃) ရက်နေ့မှာ ကျင်းပမဲ့လွှတ်တော်ကို သူ့ရဲ့ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များစေလွှတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ တချို့သော နည်းနာပိုင်း ဆိုင်ရာပြဿနာတချို့ဖြေရှင်းဘို့ ကျန်နေသေးပေမယ့် NLD ရဲ့ MP များ တက်ရောက်နိုင်ဘို့ကိုတော့ လက်ရှိအစိုးရကပါ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမှာ သေချာသလောက်ပါ။
NLD ရွေးကောက်ပွဲဝင်ရတဲ့ မဟာဗျူဟာလုပ်ငန်းတို့ကို ရှင်းလင်းပြရာမှာ (၁) တရားဥပဒေစိုးမိုးရေး (၂) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ (၃) ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါက မူပိုင်းဆိုင်ရာ သေနင်္ဂရဗျူဟာရည်မှန်းချက်များ (strul eqic goals ) ဖြစ်တာမို့ သည်ရည်မှန်းချက်များကို ချောမွေ့စွာရောက်ရှိရေးနည်းလမ်းများ(means )ဟာ ဘာတွေပြင်ဆင် သင့်သလဲဆိုတာ တာဝန်ရှိရှိ စဉ်းစားကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သေချာတာတခုကတမျိုးသား လုံးရဲ့ဘုံအကျိုးစီးပွား (Common National interest) ကိုရှာဖွေကြရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး (National Reconciliation) လုပ်ငန်းဟာ မလွဲမသွေလိုအပ်ချက်ဖြစ်ကြောင်းပါ။ KNU စသည့်အဖွဲ့များဆိုရင် ရာစုနှစ်တဝက် ကျော်၊ NLD ဆိုရင် ဆယ်စုနှစ် (၂) ခုကျော် ရန်ဖက်များသဖွယ်သဘောထားခဲ့ရတဲ့ အုပ်စိုးသူများနဲ့ကြား အပြန်အလှန်လေးစားမှု၊ အာဃာ တကင်းစင်မှုနဲ့ သင်ပုန်းချေမှုတွေကို လက်တွေ့ကျစွာ တဆင့်ပြီးတဆင့် ကျင့်သုံးနိုင်မှသာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင် မှာဖြစ်ပြီး ၂၁ ရာစုနှစ်ရဲ့စိန်ခေါ်မှုများကို ကျွန်တော်တို့လူ့အဖွဲ့အစည်းက အောင်အောင်မြင်မြင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ လွှတ်တော် အသီးသီးဟာ ယခုကာလမှာ နိုင်ငံရဲ့အရေးပါလှတဲ့ နိုင်ငံရေးဆိုင်ရာ အပေါ်ထပ်အဆောက် အအုံဖြစ်တာမို့ အမျိုးသားညီညွတ်ရေးအတွက် မဖြစ်မနေ လုပ်ကြရမဲ့ ခြေလှမ်းတရပ်ဖြစ်တဲ့ အာဏာကင်းစင်မှုနဲ့ သင်ပုန်းခြေရေးလုပ်ငန်းတွေကို စံပြသဖွယ် အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။ အမှန်တော့ သက္ကရာဇ် ၂၀၁၁ သြဂုတ်လ ၂၆ ရက်နေ့ကကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့မှာကတည်းက ပြည်သူ့လွှတ်တော်မှာ သင်ပုန်းချေရေး၊ အာဃာတကင်းစင်ရေးလုပ်ငန်းတွေကို အစပျိုးဖော်ဆောင်နေပြီဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က “အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက်နောက်ပြန် ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံကြောင်း” အဆိုတင်သွင်းရာမှာ လွှတ်တော်ဥက္ကဌ သူရရွှေမန်းက ဆွေးနွေးဘို့ခွင့်ပြုတာမို့ ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်) ဗိုလ်မှူးကြီးဌေးနိုင် (တပ်မတော်သားကိုယ်စားလှယ်) ဗိုလ်မှူးကြီးတင်ဆန်း (တပ်မတော်သား ကိုယ်စားလှယ်) တို့က ထောက်ခံဆွေးနွေးတာတွေ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီးကိုကိုက သမ္မတထံတင်ပြပေးဘို့ တားဝန်ယူဆွေးနွေးတာတွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်တရပ်လုံးက ကန့်ကွက်မှုမရှိတာမို့ “ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်များကို သင့်မြတ်သောအချိန်တွင် ဆက်လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတကြီးအား မေတ္တာရပ်ခံအပ်ပါကြောင်း” ဆုံးဖြတ်မှုက အတည်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့…….. သည်ဒါပေမဲ့ဟာ သေးသေးလေး ဒါပေမဲ့မဟုတ်ပါ။ ၂၀၁၁ သြဂုတ်လကနေရေတွက်ရင် (၈) လနီးပါကြာနေပေမဲ့ သမ္မတက လွှတ်တော်ရဲ့မေတ္တာရပ်ခံချက်ကို အကောင်အထည်မဖော်သေးပါ။ သာမန်လွှတ်ငြိမ်းချမ်းသာခွင့်တချို့သာ ထုတ်ပြန်တာတွေ့ရပြီး အထွေ ထွေလွှတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ကို (သင့်မြတ်သောအချိန်မရောက်သေးဘူးလို့ ယူဆလို့လားမသိ) မထုတ်ပြန်သေးတာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ကွန်ဂရက်ရဲ့ ကြိုတင်ဆုံးဖြတ်မှုနဲ့ သမ္မတက ထုတ်ပြန်ရတာဖြစ်ပါတယ်။
မနေ့မတနေ့ကပဲ လုပ်ဖော်ကိုင်ဖက်လူရွယ်တဦးနဲ့ အထွေထွေလွပ်ငြိမ်းချမ်းသာခွင့်အကြောင်း စကားစပ်မိလို့ပြောကြတော့ သူကအထွေ ထွေလွပ်ငြိမ်းချမ်းသာခွင့်ဆိုတာ အပြစ်လုပ်သူကို အစိုးရက အပြစ်ဒဏ်ကသက်သာခွင့်ပေးတာလို့ နားလည်နေပါတဃ်။သည်လိုမဟုတ် ကြောင်း၊ တိုင်းပြည်လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုရှေးရှုပြီး စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခတွေဖြစ်ခဲ့စဉ်ကာလ အဖြစ်အပျက်များကို ဘယ်သူ ကပဲ ကျူးလွန် ကျူးလွန်၊ သင်ပုန်းချေဖို့ အာဃာတမထားဖို့အနာဂတ်မှာ ချစ်ချစ်ခင်ခင်နေကြမယ်ဆိုတဲ့ ကောင်းမြတ်တဲ့စေတနာနဲ့ လုပ် ဆောင်တဲ့ လူ သာဓုခေါ်၊ နတ် သာဓုခေါ် အစီအစဉ်တရပ်သာဖြစ်ကြောင်း ရှင်းပြလိုက်ရပါတဃ်။
လာမဲ့ဧပြီလ (၂၃) ရက်နေ့မှာ လွှတ်တော်အစည်းအဝေးများ ပြန်စပါတော့မဃ်။ လွှတ်တော်တွင်း ဆွေးနွေးပွဲများဟာ နိုင်ငံပြုသဘောဆောင် ရဖို့တာဝန်ရှိရုံတင်မက အပေးအယူနိုင်ငံရေးများလည်းပဲပါရှိတတ်တာ သဘာဝပဲဖြစ်ပါတဃ်။ NLD ကိုယ်စားလှဃ်များတက်ရောက်မဲ့ သည်အစည်းအဝေးများမှာ သြဂုတ်လ (၂၆) ရက်နေ့က ပြည်သူ့လွှတ်တော်ကဆုံးဖြတ်ထားတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သမတ က အားလုံးနဲ့ညှိနိုင်းပြီး အကောင်အထည်ဖော်ရေးအတွက် လိုအပ်တဲ့ကတိကဝတ်များ ဖြစ်ထွန်းလာစေဖို့ မလွှဲမသွေလိုအပ်ပါတယ်။ အမှန် မတော့ ဒီမိုကရေစီအင်အားစုများသာမက တပ်မတော်သားများကပါ လိုလိုလားလားရှိနေတာမို့ သည်အပတ် လွှတ်တော်အစည်းအဝေးများ ကျင်းပနေတဲ့ကာလများဟာ သမတအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေငြာဖို့ အသင့်တော်ဆုံးကာလပဲဖြစ်ပါတယ်။
အထွေထွေလွပ်ငြိမ်းချမ်းသာခွင့်ကို ဥပဒေအရပြဌာန်းပြီးရင် နည်းဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ အမှန်တရားဖော်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) အဖွဲ့၏လုပ်ဆောင် ချက်ဟာ မြန်မာပြည်လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးလို့ ယူဆရပါတဃ်။ ဒီပဲယင်းကိစ္စ၊ မြောက်ပိုင်းကျောင်းသားကိစ္စ၊ (၆၂) သမဂ္ဂအ ဆောက်အဦကိစ္စများသာမက တပ်မတော်သားတွေအတွက်ပါ သင်ပုန်းချေရေး၊ အာဃာတကင်းစင်ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ကြေငြာဘို့ဟာ အကျိုးဖြစ်ထွန်းတဲ့အပြင် မြန်မာလူ့အဖွဲ့အစည်းရဲ့ အနာဂတ်အကျိုးစီးပွားအတွက် မလွှဲမသွှေလိုအပ်နေတဲ့အမျိုးသားညီညွတ်ရေးကို ကြီးကြီးမားမား အထောက်အကူဖြစ်စေတာမို့ မဆိုင်းမတွအကောင်အထည်ဖော်သင့်တဲ့ အချိန်ရောက်ပြီလို့ဆော် သြပါရစေတော့။
တိုင်းပြည်နဲ့လူမျိုးကို ချစ်အောင်၊ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်အောင်လား....ဒါဆို အားလုံးပြင်ဖို့လိုပါမယ်
သင်္ကြန်အကြိုနေ့မတိုင်ခင်ကတည်းက ကျမဖျားနေခဲ့တယ်။ လည်ချောင်းနာပြီး အသက်ရှုရခက်နေခဲ့တယ်၊ အဲဒါထက် ဆိုးတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရတယ်။ တကယ့်ကို ခံရခက်တဲ့ဖျားနာခြင်းပါရှင်။
သင်္ကြန်တွင်း သတင်းတွေ တင်ရင်း facebook ပေါ်က သတင်းတွေရော၊ အွန်လိုင်းပေါ်က သတင်းဋ္ဌာနတွေ အားလုံးနီးပါး ပုံမှန်အတိုင်းဖတ်ဖြစ်ပါတယ်။ သတင်းဓါတ်ပုံတွေမှာတော့ အမျိုးသမီးလေးတွေရဲ့ ပေါင်ပေါ်ရင်ဘတ်ပေါ် ဓါတ်ပုံတွေကို ဝေေ၀ဆာဆာကို တွေ့ရတယ်။
ကျမတို့ တိုင်းပြည်က အမျိုးသမီးလေးတွေကို ခုလို အနေအထားမျိုးတွေနဲ့ တွေ့နေရတာ
စိတ်မသက်သာလှပါဘူး။ စာလည်း ရေးချင်လှပါတယ်။ မနေ့က ကျမ မွေးနေ့ဧပြီ ၁၅ ရက်နေ့၊အဲဒီနေ့ဟာ ကျမအသက် ၃၈ နှစ်ပြည့်တဲ့နေ့၊သင်္ကြန် အကြတ်နေ့ မှပဲ ကျမ ခေါင်းထူနိုင်ခဲ့ပါတယ်။
facebook နဲ့ သတင်းဆိုက်တွေမှာ တွေ့ရတဲ့ မလုံ့တလုံဝတ်ပြီး ရေကစားသူတွေ၊ ရေပက်ခံထွက်သူတွေက အရင်နှစ်တွေကထက် ဒီနှစ် ပိုများလာပါတယ်။ ဒီနှစ်မှာ မင်းသမီးတွေအားလုံးနီးပါးကလည်း မလုံ့တလုံတွေချည်း ၀တ်ဆင်ထားကြတော့ သာမန်မိန်းကလေးတွေ လိုက်ဝတ်နေတယ်ဆိုတာ ဆန်းလှတယ်လို့လည်း မမြင်မိပါဘူး။
ဒါ့ထက် ဆိုတားက မလုံတလုံဝတ်ပြီး မူးပြီး ကနေတဲ့ မိန်းမငယ်လေးတွေကို မြင်ရတော့ စိတ်ထိခိုက်မိတယ်၊ သူတို့ အနာဂတ်၊ ပြီးတော့ မကြာမီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီရောက်ရှိလာမဲ့ တိုင်းတပါးသားတွေနဲ့ ဒီလို ပြည်တွင်းက ယဉ်ကျေးမှု ပျောက်နေတဲ့ မိန်းကလေးတွေ။ပြီးတော့ ....ခေတ်မီခြင်း။ ခေတ်ဆန်ခြင်းကို သရုပ်ပျက်ခြင်း၊ ယဉ်ကျေးမှု မဲ့ခြင်းတို့နဲ့ ရောထွေးနေကြတာတွေ။
တဆက်တည်းမှာပဲ သူတို့ကို အပြစ်တင်မဲ့ အစား တကယ်အပြစ်တင်ရမဲ့ သူတွေ ကို သွားပြီး သတိပြုမိလာပါတယ်။
တကယ်မြန်မာ့ယဉ်ကျေးမှုကို ပျက်ဆီးပြစ်လိုက်တဲ့ သူတွေ လို့လည်း မြင်လာမိတယ်။ သူတို့ကသာ ဒီမိန်းကလေးတွေကို ခုလောက်ထိ ၀တ်စားဆင်ယင်မှုနဲ့ နေထိုင်မှုကို ဖျက်ဆီးပစ်လိုက်ကြတာပါ။
ကျမတို့ မြန်မာအမျိုသမီးတွေက သာမန်အားဖြင့် အရှက်အကြောက်ကြီးကြပါတယ်။ ခုလောက်ထိ ဖြစ်ပျက်သွားအောင်ဖျက်ဆီးခံခဲ့ကြရတယ်။
အဲဒီထဲမှာ ကျမတို့ မီဒီယာတွေလည်း ပါတယ်။ ပေါင်ပေါ် အ၀တ်အစားတွေနဲ့မင်းသမီးတွေ၊ မော်ဒယ်လ်တွေကို အလှဓါတ်ပုံ ၇ိုက်ပြီး မျက်နှာဖုံးမှာ၊ အတွင်းမှာ ဖော်ပြပေးခဲ့ကြတဲ့ မီဒီယာသမားတွေရဲ့ အပြစ်ဟာလည်း မသေးပါဘူး။
ကိုယ့်ဂျာနယ်၊ ကိုယ့်မဂ္ဂဇင်းရောင်းရရေးအတွက် မင်းသမီးတွေ၊ မော်ဒယ်လ်တွေရဲ့ မပေါ့်တပေါ် ပုံတွေကို ၂၀၀၀ပြည့်နှစ်
မတိုင်ခင်းကတည်းက လှိုင်လှိုင်ကြီး အသုံးပြုလာခဲ့တာပဲ။ သေချာစဉ်းစားကြည့်ရင် အဆိုတော်တွေ မင်းသားမင်းသမီးတွေက ၀တ်ဆင်တယ်ဆိုရင်တောင် ကျမတို့ မီဒီယာတွေကထည့်မပေးဘူး၊ ဖော်ပြမပေးဘူးဆိုရင် သူတို့တွေရဲ့ ပုံတွေဟာ ပြည်သူတွေကြားထဲ ရောက်စရာမရှိပါဘူး။ (အဲဒီတုန်းကတည်းက စာပေစီစစ်ရေးက ဖြတ်ချင်တာ ဖြုတ်ခဲ့ပေမဲ့ ဒီလို ပုံတွေမှာလည်း မဖြုတ်ဘဲ လွှတ်ခဲ့တာတွေလည်း အများကြီးပါ)
TV ကြော်ငြာရိုက်ခဲ့တဲ့ဒါရိုက်တာကြီးတွေလည်းပါတယ်။ သူတို့တွေက ကြည့်တဲ့သူတွေကို ဆွဲဆောင်ဖို့အတွက် မော်ဒယ်လ်တွေကို သူ့ထက်ငါ ဖော်ရဲအောင် ရိုက်ကူးပေးခဲ့ကြတယ်၊ ရေကူးဝတ်စုံသာသာ ၀တ်စုံမျိုးတွေနဲ့ ယဉ်ကျေးမှုပျောက်စေတဲ့ အပြင်အဆင်မျိုးတွေနဲ့ ကြော်ငြာတွေ ဖန်တီးပြီး ပရိတ်သတ်ကို စွဲဆောင်ခဲ့ကြတယ်၊
ပိုဆိုးတာက ဘီယာနဲ့ အရက်ကြော်ငြာတွေမှာ ဖြန့်ဖြူးရောင်း အမျိုးသမီးလေးတွေကို အသုံးပြုခဲ့ကြတာပဲ၊ ဒါ တော်တော့်ကို ဆိုးတယ်လို့ ခံစားနားလည်မိပါတယ်။
အဆိုတော်၊ ရုပ်ရှင်မင်းသားမင်းသမီးတွေကလည်း အပြစ်ကြီးသူတွေပါပဲ။ သူတို့ကိုယ်တိုင်မှာကိုယ်က အနုပညာ တန်ဖိုးထက် အရည်အသွေးထက် ဖော်မှ၊ ပြမှ လူကြိုက်မှာဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့ ရှင်သန်လာကြတာ ဘယ်လောက်ကြာပြီလဲ။ အောင်မြင်ချင်ရင် အနုပညာအရည်အသွေးမြင့်ဖို့ဆိုတာကို စိတ်မ၀င်စားဘူး၊ ကိုယ်လုံးတီး ဓါတ်ပုံရိုက်ဖို့ အပြာကားဆန်ဆန် အခွေတွေ မျာများပြန့်နှံ့ဖို့ကိုပဲ စိတ်ဝင်စားခဲ့ကြတာ။ မင်းသားခေတ်မို့မင်းသားကြည်ရင် ပြီးပီဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ပြည်သူ့ပိုက်ဆံတွေ ယူခဲ့ကြတာ။ ပိုက်ဆံယူရုံတင်မကဘူး သူတို့ကို ချစ်ခင်နှစ်သက်တဲ့ အားကျတဲ့ မိန်းကလေးတွေရဲ့ ဘ၀တွေကို ခုလိုဖြစ်လာအောင် ပျက်ဆီးပစ်လိုက်တာပါပဲ။
ဒီကြားထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ စပွန်ဆာ ကိစ္စကလည်းတော်တော်လေးထိရောက်လှပါတယ်။ များများဖော်ကြပါ၊ ကြိုက်တာ ရွေးပြီး ဆပွန်ဆာ ပေးမယ်ဆိုတာမျိုးနဲ့ အားပေးအားမြှောက်လုပ်ခဲ့တာပါပဲ။
မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီတို့မှာ ဘယ်လို ဇာတ်ကားမျိုးတွေကို လွှင့်မယ်လို့ စီစဉ် ဆုံးဖြတ်သူတွေကလည်း အပြစ်ရှိသူတွေထဲမှာပါပါတယ်။
ဒီကိုရီးယားဇာတ်ကားတွေကို အတွဲလိုက် နှစ်ပေါင်းများစွာ လွင့်နေတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျမ သေချာမသိပါဘူး။ဒါပေမဲ့ ဒီလို နှစ်ပေါင်းများစွာ လွှင့်နေခြင်းက ခုလို ဆုံးရှုံးနစ်နစ်မှုတွေနဲ့ ကြုံတွေ့ရစေပါတယ်။ ဒီလူတွေရဲ့ အပြစ်ကလည်း ကြီးလှပါတယ်။
ဒါပေမဲ့ ဒီလို လွှင့်နေခြင်းအားဖြင့် မြန်မာအမျိုးသမီးအများစု ကြီးကြီးရွယ်ရွယ်ငယ်ငယ် အချိန်ကုန်စေပါတယ်။
ဒီထက်ပိုဆိုးတာက အမျိုသမီးငယ်တွေမှာ ဆံပင်ပုံဆန်ကစ၊ အပြောအဆိုအနေအထိုင်အကုန်လုံး မြန်မာ မဆန်တော့ပါဘူး။ တော်တော်လေးကို ယဉ်ကျေးမှု ပျောက်ခြင်း၊ အရက်သောက်တတ်လာခြင်းနဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပျောက်လာခြင်း၊ တိုင်းတပါးသားကို အထင်ကြီးလာခြင်း၊ နိုင်ငံခြားသားကို ခင်ပွန်းတော်ချင်စိတ်ဝင်လာခြင်း ... စတဲ့ ဆိုးကျိုးတွေကို ဖြစ်လာစေတာ တွေ့မြင်ရပါတယ်။
ဒီထက်ပိုဆိုးစေတာကတော့ နေ ညစဉ်မပျက် လွှင့်ပေးနေတဲ့ ကိုယ်ရီးယားဇာတ်ကားတွေဟာ ယဉ်ကျေးမှု ပျောက်ရုံ့တင်မကဘူး၊ ကိုရီးယားဇာတ်ကားတွေထဲက အတိုင်း အိမ်ထောင်ရှိအမျိုးသားတွေကို အပျိုအမျိုးသမီးတွေက လိုက်ကြိုက်၊ မရရအောင်ယူပြ၊ သူများအိမ်ထောင်ဖျက်ဆီးတာကို ဂုဏ်ယူပြီး လိုက်ပြီး အတုယူရလောက်တဲ့အခြေအနေထိ ဖြစ်လာစေခဲ့တာ။ကာမေသု မိစ္ဆာစာရာ ကံကိုလွယ်လွယ်ကူကူ ကျူးလွန်မိစေတော့တာပါပဲ။
အဲဒီဇာတ်ကားတွေကို မြန်မာပြည်မှာ ရှိတဲ့ရုပ်သံလိုင်းတွေမှာ လွှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူတွေ၊ လွှင့်နေတဲ့ သူတွေအားလုံးဟာလည်း အပြစ်ရှိမကင်းသူတွေပါ။
နောက် ကျမ အပြစ်တင်ချင်သူတွေကတော့ သက်ဆိုင်ရာ လူကြီးမိဘတွေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ။
ကိုယ့်လူမျိုးကို ချစ်တတ်အောင်၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းချင်အောင် သင်မပေးကြတဲ့ အပြစ်တွေပါ။အထူးသဖြင့် ကိုယ့်လူမျိုးကိုယ်အထင်သေးစေလှတဲ့ အပြောအဆိုမျိုးတွေ ပတ်ဝန်းကျင်မှာ နေ့စဉ် သုံးနှုန်းပြောဆိုနေကြတာကလည်း လူငယ်တွေရဲ့ စိတ်မှာ စွဲထင်စေပါတယ်။
နိုင်ငံရေး မလုပ်ရင် ပြီးရော ကျန်တာ အကုန်လုပ်ဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်ဟာ ယနေ့ အသက် ၃၀ အောက်နဲ့ အသက် ၂၀ ၀န်းကျင် လူငယ်တွေကို ဖျက်ဆီးပစ်ခဲ့တာပါပဲ။လူငယ်အမျိုးသားအမျိုးသမီးတွေရဲ့ စံ တွေဟာ လမ်းလွဲရောက်စေခဲ့တာ အဲဒီအချက်က အဓိက ကျတဲ့ အချက်ထဲမှာ ပါတယ်လို့ မြင်မိပါတယ်။
နောက်ဆုံးအပြစ်ရှိသူတွေကတော့ ကိုယ့်ရဲ့ မဖော်ပြသင့်တာတွေကို မရှက်အကြောက်မဲ့စွာ ၀တ်စားဆင်ယင်နေကြသူတွေပါပဲ။ ကိုယ်ရဲ့ တန်ဖိုးဟာ ဘယ်မှာ ရှိပါသလဲ။ အနုပညာသမားဆိုရင် ကိုယ့်ရဲ့ တန်ဖိုးဟာ ကိုယ့်အနုပညာပါ၊ ကျောင်းသူ ဆိုရင်လည်း ကိုယ့်ရဲ့ တန်ဖိုးဟာ ပညာရေးမှာ ရှိပါတယ်။
သာမန်အမျိုးသမီးတယောက်အနေနဲ့ ရုပ်ရည်မလှဘူးလို့ ကိုယ့်ကိုယ်ကို ယူဆရင် ကိုယ့်ရဲ့ တန်ဖိုးကို ဗဟုသုတများခြင်း၊ ကိုယ်ပိုင်အရည်အသွေးထက်မြက်အောင် ကြိုစားသင့်တယ်လို့ ကျမမြင်ပါတယ်။
ဒါ့အပြင် ဒီလိုမလုံတလုံဝတ်စားထားတာကို မြင်ရဲ့သားနဲ့ မတားမြစ်တဲ့ သူတွေကလည်း အပြစ်ရှိသူတွေပါ။
ဒီလိုမျိုး ကိုယ့်ရှေ့မှာမြင်နေရတာတွေကို ဘယ်လိုစိတ်မျိုးတွေနဲ့ အားပေးအားမြှောက်ပြုနေကြသလဲ။ ကိုယ့်နှမလေးသာ ၀တ်ခဲ့ရင်လို့တွေးမိကြမှာပါ၊ အဲလိုတွေးမိတာနဲ့ ဒီလိုဝတ်ဆင်ခြင်းကို ၀ိုင်းပြီး ပြောဆိုတားမြစ်သင့်တာပါ။
ခုတော့ ဒီလိုဝတ်နေတဲ့ မူးနေတဲ့ မိန်းကလေးတွေကို အခွင့်ကောင်းယူသူတွေ၊ အမြတ်ထုတ်သူတွေနဲ့ ...ဘယ်လို စိတ်နှလုံးမျိုးတွေ ဖြစ်ကုန်ကြတာလဲ။ စိတ်ကောင်းနှလုံးကောင်းတွေ ဘာကြောင့် ပျောက်ဆုံးကုန်ကြရတာလဲ။
ဒီနှစ်သင်္ကြန် ရန်ကုန်မှာ ရေကစားတုန်း မလုံတလုံမြင်ကွင်းတွေအများကြီး မြင်ခဲ့ရ သူတွေရော ၀တ်ခဲ့တဲ့ သူတွေရော အားလုံးပဲ ကျမတို့တွေ အားလုံး နှစ်ဟောင်းက အညစ်အကြေးတွေကို ထားခဲ့ပြီး ပြင်ကြရအောင်ပါ။
ကျမတို့ ခုလို မှားနေတဲ့ လမ်းလွဲနေတဲ့ ယဉ်ကျေးမှု ပျောက်နေတဲ့ သူတွေ ကလေးတွေကို ၀ိုင်းဝန်းအပြစ်တင်မဲ့ အစား ကိုယ့်အပြစ်ကိုယ်မြင်ပြီး ရှက်ကြရအောင်ပါ။
လက်ရှိ လူငယ်တွေကို ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်အောင် ကျမတို့ကိုယ်တိုင် တန်ဖိုးထားပြရအောင်ပါ။
ကျမတို့ကိုယ်တိုင်လည်း ပြင်ကြရအောင်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်ပြရအောင်ပါ။ ကိုယ့်အချင်းချင်း ချစ်ခင်ညီညွှတ်ကြရအောင်ပါ။
အခုလို ယဉ်ကျေးမှု ပျောက်နေတဲ့ ကလေးတွေကို ကျမတို့ ဘယ်လို ပြန်လည် ပြုပြင်မလဲ ဆိုတာကို အားလုံး စဉ်းစားပြီး ပြင်ဆင်ပေးကြရအောင်ပါ။ယဉ်ကျေးမှု ပျောက်၊ အနာဂတ်ပျောက်နေတဲ့ ကလေးတွေအရေးကလည်း အမျိုးသားရေးပါပဲရှင်။
ဘာကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေကစပြီး ကျမတို့ ပြင်လိုက်ကြရအောင်ပါ။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်စွာဖြင့်
May Thingyan Hein FaceBook မှ

No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....