ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Thursday, August 30, 2012

သမတကြီးက ခေါ်ပေမယ့် သူတို့ ထုတ်ထားတဲ့ ဥပဒေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး



ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာတဲ့ စောကျော်ကျော်မင်း ယနေ့ထောင်ချခံရ 

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကိုစောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရတယ်။

စောကျော်ကျော်မင်း ဟာ ကျမ မြန်မာပြည်ပြန်လာပြီး တလ ကျော်လောက်အကွာမှာ လည်းပြန်ဝင် လာတာပါ။ သူက ရှေ့နေ ဥပဒေသမားလည်းဖြစ်တော့ စေ့စပ်သေချာချင်တယ်ထင်ပါရဲ့​ အရင်က သူ့ကို စွဲခဲ့တဲ့အမှုကို ဆက်ရင်ဆိုင်ခဲ့ တယ်၊ သူဟာ ဒီအမှုမှာ ရှေ့နေတယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ်၊ သူမမှားလို့ ရင်ဆိုင်လိုက်တာပေါ့၊ အ မှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့ သူလည်း သူ့ကို ထောင်ချလိမ့်ဦးမယ်လို့ ထင်မထားပါဘူး၊ ဒါပေမဲ့ ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံး​ (အင်းစိန်) မှာ သူ့ကို ထောင် (၆) လ ချလိုက်ပါတယ်၊ ပြစ်ဒဏ်ချတာနဲ့ လက်ထိပ်ခတ်ပြီး ကား ပေါ်တင်သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။ လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး။


ယခင်အမှုကိစ္စ …
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ရှေ့နေ​ ညီ ညီထွေး တို့က လိုက်ပါဆောင်ရွက်ပါတယ်၊ အမှုစစ်စဉ်မှု အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ကိစ္စနဲ့ ပတ် သတ်ပြီး ရှေ့နေ့တွေကို တရားသူကြီးက အမိန့်ပေးတယ်၊ တရားခံတွေကို ရှေ့လှည့်ထိုင်ဖို့ပေါ့။ ရှေ့နေ စောကျော် ကျော်မင်း တို့က အမှုသည်ရဲ့ ညွှန်ကြားချက်မဟုတ်တဲ့အတွက် မပြောပေးနိုင်ဘူးဆိုတဲ့အတွက် စောကျော်ကျော်မင်း တို့ကို တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲပါတယ်၊ အမိန့်မချခင် စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွာခဲ့ပါ တယ်။

ခု သမတရဲ့ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့အခါ သူက သူမမှားဘူးယုံကြည်တဲ့ အမှုကို ဆက်ရင်ဆိုင်ခဲ့ပေမဲ့ ယနေ့ မနက် မှာ ထောင်ချလိုက်ခြင်း ဖြစ်ပါတယ်။

စောကျော်ကျော်မင်း ဟာ ပြန်လည်ရောက်ရှိလာပြီး ချက်ချင်း အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းနိုင်ဖို့ သူ့အကူအညီတွေ အများကြီးရှိခဲ့ပါတယ်၊ အလုပ်သမားသမဂ္ဂ (အခြေခံ အဖွဲ့အစည်းပေါင်း) ၁၀ ခု အထက် သူ ကူညီဖွဲ့စည်းခဲ့ပါတယ်၊ ဂျနီ ဗာ ကို ကိုယ်စားလှယ်အဖြစ် သွားရောက်​ခဲ့ရတဲ့ အောင် ကြွေပြားစက်ရုံ အလုပ်သမားအဖွဲ့ကို သူ မှတ်ပုံတင်ပေးခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်းစိန်မြို့နယ် လူငယ်တာဝန်ခံ (၂) ဟောင်းလည်း ဖြစ်ပါတယ်။ ဥပဒေ ရေးရာတွေ ကို အပတ်တကုတ်ကြိုးစားလုပ်ဆောင်​တက်ပြီး သူ့ဖခင် ဦးမြင့်ကြွယ် ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါ တယ်။

ကျမတို့နဲ့ သူ့ဖခင် ဦးမြင့်ကြွယ်က အဖွဲ့ချုပ်မှာ အတူလက်တွဲလုပ်ကိုင်ရင်း သူ့ဖခင် ၁၉၉၅ မှာ ထောင်ကျခဲ့တဲ့အတွက် စောကျော်ကျော်မင်းတို့မောင်​နှမ နှစ်ယောက်ကို အဖွဲ့ချုပ်ဆီကို ကျမ ခေါ်သွားခဲ့ပါတယ်၊ အဲဒီ့အချိန်ကစပြီး နိုင်ငံရေးကို လူငယ်တယောက်အနေနဲ့ ရှေ့နေဖြစ်ပြီး ရှေ့နေတယောက်အနေနဲ့ ရဲရဲရင့်ရင့် ပြောဆိုရပ်တည်ခဲ့တာ ယနေ့ထက်ထိမို့၊ မောင်လေး တယောက်လို ရဲဘော်တယောက်လိုချစ်ခင်ရတဲ့​ စောကျော်ကျော်မင်း အတွက် အင်မတန်မှ ခံပြင်းဒေါသဖြစ် ရပါတယ်၊ ကျမတို့ တိုင်းပြည်ကိုပြန်ခဲ့တာ ပြည်သူအတွက် အလုပ်လုပ်ဖို့ဖြစ်တာမို့ ရှေ့ဆက်ပြီး အမှန်တရားအတွက် ရဲရဲ ရပ်သွားပါမယ်။

အိရွှေစင်ညွန့်

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....