ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Tuesday, April 24, 2012

ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုယ်စားလှယ်များ ဘက်က တင်ပြထားသော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော စကားရပ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် အစီအစဉ် မရှိကြောင်း သတင်းထောက်များသို့ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်လာရန်ကို ကြိုဆိုပါကြောင်း သို့ရာတွင် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော လွတ်တော်အမတ် နေရာရယူ၍ လွှတ်တော်တက်ရေး မတက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်သာ မူတည် ပါကြောင်း သတင်းထောက်များသို့ ပြောဆိုခဲ့သည်ဟု AFP သတင်းဌာနက ရေးသားသည်။

NLD ပါတီက ကိုယ်စားလှယ်များ ပြင်ဆင်စေလို့သည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၌သာ ပြင်ဆင်ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြု၍ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး အချို့သော ပြဋ္ဌာန်းချက်များဆိုလျှင် လူထု ဆန္ဒခံယူပွဲပါ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ထို့သို့ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံတော် သမ္မတရုံးနှင့် အခြေခံဥပဒေ ခုံရုံးတို့က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စု လွှတ်တော်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....