ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, April 22, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)

လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဇော်ဇော်မင်း၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးနေဝင်းထွန်း၊ ဦးဥာဏ်လင်းတို့နှင့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ကိုဒီငြိမ်းလင်း အပါအဝင် ရဟန်းလောင်း (၂၄)ဦးတို့၏ ဒုလ္လဘ ရဟန်းခံပွဲ မင်္ဂလာအခမ်းအနားအား သာဓုကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရေစက်ချ တရားနာယူရန်နေရာအား ရွှေညဝါတောရကျောင်း မှော်ဘီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

ကြည်ညိုစရာ ရွှေညဝါ
ညီငယ် ဇေယျာ ဖန်တီး တင်ဆက်သည်။

 ဒီမိုဝေယံ 

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....