ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, April 15, 2012

ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက်


ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

laiza-kio-120412
KIO ဗဟိုဌာနချုပ် လိုင်ဇာ

တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။

“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။

ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
KNG ကချင် သတင်းဌာန

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....