ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Monday, April 23, 2012

သုံးခွမြို့နယ်အတွင်းမှာ ရေရှားပါးလာနေပြီး ရေမသန့်ရှင်းမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါ အတော်များများ ဖြစ်ပွားနေ


ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ ကစပြီး ဖြစ်ပွားနေတာလို့သုံးခွမြို့နယ်အတွင်း
လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေသူတစ်ဦး ကပြောပါတယ်။

"ဒီ တစ်မိုးတွင်းလုံး မိုးရေတွေခံထားတဲ့ ရေကန်ကြီးတွေရှိတယ်၊ သံဆူးကြိုးတွေ ဘာတွေ ခတ်ထားတာလည်းမရှိဘူး၊ ဘေး အုတ်တံတိုင်း ကာရံခြင်းလည်းမရှိဘူး၊ လူတွေကလည်း ကန်ဘောင်ပေါ်ကို ဖိနပ်တွေနဲ့သွားတယ်၊ တိရိစ္ဆာန်တွေကလည်း ကျွဲတွေ နွားတွေ ၀က်တွေကလည်း တက်တယ်၊ ရေနည်းသွားတဲ့အချိန်မှာ ဖြစ်တာ။
ဖြစ်နေတာက ကျနော်တို့ အခု သုံးရပ်ကွက်က ကလေးတစ်ယောက်ဆိုရင်
တော်တော် မျက်ဖြူလန်နေတာ၊ နောက်တခါကျတော့ ၁၂ ရပ်ကွက်ဆိုရင် ၁၃ ယောက်၊ ၇ ရပ်ကွက်ဆိုရင် ၈ ယောက်၊ အဲ့လိုမျိုးတွေပေါ့နော်၊ ၃၈ ယောက်ဗျ ကျနော်တို့ အခု စာရင်းယူထားတာတွေ၊ ကိုယ်မိသားစု ဆရာဝန်နဲ့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ကုနေတဲ့လူတွေလည်း ရှိပါတယ်။"

ဝမ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားနေသူတွေဟာ နီးစပ်ရာ ဆေးရုံ
ဆေးခန်းတွေမှာ ကုသနေကြရပြီး ဒီရောဂါကြောင့် သေဆုံးသူတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးခွမြို့နယ် ပြည်သူ့ဆေးရုံကို ဆက်သွယ်မေးမြန်း ကြည့်ရာ တာဝန်ကျ ဆရာမ တစ်ဦးက ရောဂါဖြစ်ပွားတဲ့ နေရာတွေကို ပိုးသတ်ဆေးတွေ လိုက်လံပတ်ဖြန်းပေးနေပြီး ကျန်းမာရေး အသိပညာပေးတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"ဟုတ်ပါတယ်၊ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူးပေါ့။ ၀မ်းဖြစ်လိုက်တဲ့ လူနာထဲမှာတော့ ပိုးရှိတဲ့နေရာတွေတော့ ကျမတို့ ကွင်းဆင်းထားတာတော့ ရှိတယ်၊ ဒါပေမယ့် ထပ်ဖြစ်တာတော့ မရှိဘူး၊ ဆေးရုံတက်လူနာလည်း ၂ ယောက်ပဲ ရှိတယ်၊ ကျမတို့ကတော့ ကျမတို့လုပ်ရမည့်ဟာတွေတော့ အကုန်လုပ်ပေးနေပါတယ်၊ ဆေးခပ်တာတိ့၊ ကျန်းမာရေး ပညာပေးတာတို့။"

သောက်သုံးရေ အသုံးပြုနိုင်ဖို့ သုံးခွမြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာ အလိုက် ရေကန်ကြီးတွေတူးဖော်ထားပါတယ်။ အဲဒီကန်တွေထဲကို မိုးရာသီကာလမှာ မိုးရေတွေခံယူပြီးတော့ တစ်နှစ်ပတ်လုံး ရပ်ကွက်သူ ရပ်ကွက်သားတွေက အသုံးပြုနေကြရတာဖြစ်သလို နှစ်စဉ် အခုလို ၀မ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
 
RFA
Share on facebookShare on twitterShare on emailShare on printMore Sharing Service

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....