ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Friday, April 20, 2012

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု


အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့ နောက်မှာ NLD ရဲ့တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။


ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူးမဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတခုပဲဖြစ်သေးတဲ့ အတွက် သမတအပါအဝင် အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူး 
လို့  ဦးဥာဏ်ဝင်းကပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့ မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလဲ ဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။


RFA

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....