သင်္ကြန်အတက်နေက့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းသို့ ပန်းစည်းများနဲ့ ဝင်ရောက်ကန်တော့သွားတဲ့ လူတစ်ဦးအကြောင်းကို အဂ္ဂမဟာ ဒီမိုဖက်တီး ဖေ့စ်ဘွတ်မှာ ဒီလို ဖော်ပြထားပါတယ်..။
မနေ့က ၈၈ သံချပ်အပြီး ၈၈ များ အမေ့ခြံထဲတွင် မုန့်လုံးရေပေါ် သုံးဆောင်ပြီး အ၀င်အထွက်များ ပြုလုပ်စဉ် ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ၀င်လာပြီး အမေ့ကို ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ ကန်တော့သွားတယ်။
ရဲဆေးလည်း အတော်သောက်ထားပုံပဲ။ လုံခြုံရေးတွေကတော့ အတော်လန့်သွားတာပေါ့လေ။ သူတို့လည်း လုံးဝ မမျော်လင့်ထားဘူး။ သင်္ကြန်တွင်းကြီးဆိုတော့ ပန်းစည်း... ရောင်းတဲ့ နေရာကလည်း ရှားသကိုး။ သူတို့လည်း သတိလွတ်သွားတုန်းဖြစ်တာ ဆိုတော့ လန့်တာပေါ့ ........
အမေကတော့ အေးအေးဆေးဆေးပဲ။ ရုတ်တရက်ချည်းပြေးဝင်လာတာကို မြင်ရဲ့သားနဲ့ ခြေတလှမ်းမှ နောက်မဆုတ်ပဲ ရပ်နေတယ်။ ကန်တော့ခံပြီးတော့ "သား မုန့်လုံးစားသွားပါအုံး" တောင် ဧည့်ဝတ်ပြုလိုက်သေး။ အဲသည့်ပုဂ္ဂိုလ်ကလည်း ကလေးများ ကားပေါ်တွင် စောင့်နေ၍ မစားတော့ပါဘူးဟု ဆိုကာ လုံခြုံရေးများကို တောင်းပန်နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ် .......
လူထုခေါင်းဆောင် နဲ့ လုံခြုံရေး ဒရာမာပေါ့ဗျာ ....... လုံခြုံရေး အရမ်းတင်းကြပ် ရင်လည်း နေပူတော်က အဘတို့လို လူထုနဲ့ ကင်းကွာသွားမယ်။ မတင်းကြပ်ပြန် တော့လည်း။
မနေ့က ၈၈ သံချပ်အပြီး ၈၈ များ အမေ့ခြံထဲတွင် မုန့်လုံးရေပေါ် သုံးဆောင်ပြီး အ၀င်အထွက်များ ပြုလုပ်စဉ် ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ၀င်လာပြီး အမေ့ကို ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ ကန်တော့သွားတယ်။
အမေကတော့ အေးအေးဆေးဆေးပဲ။ ရုတ်တရက်ချည်းပြေးဝင်လာတာကို မြင်ရဲ့သားနဲ့ ခြေတလှမ်းမှ နောက်မဆုတ်ပဲ ရပ်နေတယ်။ ကန်တော့ခံပြီးတော့ "သား မုန့်လုံးစားသွားပါအုံး" တောင် ဧည့်ဝတ်ပြုလိုက်သေး။ အဲသည့်ပုဂ္ဂိုလ်ကလည်း ကလေးများ ကားပေါ်တွင် စောင့်နေ၍ မစားတော့ပါဘူးဟု ဆိုကာ လုံခြုံရေးများကို တောင်းပန်နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ် .......
လူထုခေါင်းဆောင် နဲ့ လုံခြုံရေး ဒရာမာပေါ့ဗျာ ....... လုံခြုံရေး အရမ်းတင်းကြပ် ရင်လည်း နေပူတော်က အဘတို့လို လူထုနဲ့ ကင်းကွာသွားမယ်။ မတင်းကြပ်ပြန် တော့လည်း။
အဂ္ဂမဟာ ဒီမိုဖက်တီးအား ကျေးဇူးတင်ပါသည်..။
ဒီမြင်ကွင်းကို အကောင်းဘက်က မြင်ကြည့်တော့ တော်တော်လေးစားလွန်းလို့ အလစ်ကို ချောင်းပြီး ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ လာကန်တော့ သွားတာပါလားလို့ မြင်မိသလို.. တခြားတဘက်က ကြည့်တော့လည်း တော်တော်လေး စိတ်ပူမိပါတယ်..။ အမေစု ဘေးရန်ကင်းပါစေ။
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....