ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Thursday, April 19, 2012

ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်

ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည် အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။

သူက ဦးခင်ညွန့်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်အခါက ပြည်ပ မီဒီယာများနှင့်
တွေ့ဆုံခြင်း မပြုရန်၊ တပ်မတော်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ အတွင်းရေးသတင်းများကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်၊ စည်းကမ်းချိုးဖေါက်ပါက ကျန်ရှိ ထောင်ဒဏ်များကို ပြန်လည် ကျခံရမည်ကို သိရှိပါကြောင်း လက်မှတ်ရေးထိုးခဲ့ရကြောင်း ရှင်းပြပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ကနေဒါရောက် မြန်မာတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပဲယင်းအရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုထောက်လှမ်းရေး တပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ် ဆိုပြီး ဦးခင်ညွန့်က ပြောဆိုတယ်လို့ ဖော်ပြထားတဲ့အတွက် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း က သွားရောက် စစ်ဆေးမေးမြန်းခဲ့ရပါသေးတယ်။

အဲဒီ့ အချိန်က ရဟန်းဘောင်ဝင်နေတဲ့ ဦးခင်ညွန့်က ဦးမြင့်ဆွေကို သတင်းထောက်တစ်ယောက် အနေနဲ့ မဟုတ်ပဲ သုတေသီ တစ်ဦးအနေနဲ့သာ တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပြောဆိုမှုတွေကိုလည်း မည်သည့်မီဒီယာတွင်မှ ရေးသားဖော်ပြခြင်း မပြုရန် ကြိုတင် သဘောတူညီချက် ရယူခဲ့ကြောင်း၊
ဒီပဲယင်းကိစ္စလည်း မပြောကြောင်း စသဖြင့် ရှင်းပြတယ်လို့ သိရပါတယ်။


ဒီဗွီဘီ 

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....