ဒီသတင်းကတော့ အနှိပ်စက်ခံ ၀န်ထမ်းများ သာမက မှီခိုမိသားစုနှင့်အတူ ဆက်နွယ်တဲ့ လူအားလုံး ပညာသားပါပါ နှိပ် စက်ခံနေရတဲ့ ဖြစ်ရပ်များကိုတိုင်ကြားပေးပို့တာ ဖြစ်ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးညီညီစံ သည် အာဏာနှင့်လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေခြင်း၊ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှ ဝန်ထမ်းများ၊မှီခိုမိသားစုများ နှင့် ပတ်ဝန်းကျင်ရှိရွာသူ/သားများမှာအောက်ပါ အခက်အခဲများတွေ့လျှက် ဒုက္ခရောက်နေရပါသည်။
ဤအခက်အခဲများမှာအောက်ပါအတိုင်းအဆင့်ဆင့် ဖြစ်ပေါ်နေလျှက်ရှိပါသည်။
တိုင်စာမူရင်းမှာ (ပူးတွဲဖိုင်အားဖွင့်ကြည့်ရန်)
“မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ် ဦးညီညီစံ အား ပြောင်းရွှေ့ပေးပါရန်နှင့် ထိရောက်စွာအရေးယူပေးပါရန်” ၇.၁၂.၂၀၁၁ နေ့ ရက်စွဲဖြင့် ဥက္ကဋ္ဌ (ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်)သို့ တိုင်ကြားထားပြီးမိတ္တူ ကိုအောက်ပါရုံးများသို့ အသီးသီးပို့ထားပါသည်။
-နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော်
-နိုင်ငံတော် ဒုတိယသမ္မတရုံး၊ နေပြည်တော်
-ပြည်ထဲရေး ၀န်ကြီး၊ ပြည်ထဲရေးရုံး၊နေပြည်တော်
-ပြည်ထောင်စုတရားသူကြီးချုပ်၊တရားသူကြီးချုပ်ရုံး၊ နေပြည်တော်
-ပြည်ထောင်စုရှေ့နေချုပ် ၊ ရှေ့နေချုပ်ရုံး၊ နေပြည်တော်
-မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မန္တလေးမြို့
-စစ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်
-စစ်ဗျူဟာမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်
-တပ်နယ်မှူး၊ ပြင်ဦးလွင်မြို့
-ကျောင်းအုပ်ကြီး၊ ရဲဗဟိုလေ့ကျင့်ရေးကျောင်း
-ကျောင်းအုပ်ကြီး၊ ဗဟိုမီးသတ်သင်တန်းကျောင်း
ထိုတိုင်ကြားချက်ကို ၁၆.၁.၂၀၁၂ နေ့တွင် ဒုဝန်ကြီး နှင့် အဖွဲ့လာရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တိုင် စာပါဌာနမှ သက်ဆိုင်ရာလူကြီးများကိုခေါ်၍ တိုင်စာပါ အချက်အလက်များမှာမဟုတ်ကြောင်းလက်မှတ်ထိုးခိုင်းခဲ့ပါသည်။
ဒုဝန်ကြီးဦးဝင်းမြင့် (စာရေးဆရာ-လှိုင်သင်း) ကလည်း ပြင်ဦးလွင် စစ်အင်ဂျီနီယာတက္ကသိုလ် (D.S.T.A) တွင် ယခု ပါချုပ်နှင့်အတူ တာဝန်ထမ်းဘူးသော ဆရာရင်းတပည့်ရင်း ဝန်ကြီးဦးကျော်သူ မှာလည်း ယခုပါချုပ်နှင့် ဆရာရင်းတပည့် ရင်း ဖြစ်နေပါသဖြင့် မည့်သည့်အရေးယူမှုမှ ထိထိရောက်ရောက် မပြုလုပ်ခဲ့ပါ။
၎င်းအပြင် ဒုဝန်ကြီး နှင့် အဖွဲ့ကတိုင်စာဆိုလျှင် By Name နာမည်နှင့်တိုင် By Name နာမည်မပါလျှင် ပစ်စာဖြစ်သည့် အတွက်ကြောင့် အမှိုက်ပုံးထဲပစ်မှာဘဲဟု လူမိုက်အားပေးပြောသွားပါသည်။
ထိုနောက်ပိုင်း၌ ယခုပါချုပ် ဦးညီညီစံသည် ပိုမိုမိုက်ရိုင်းလာကာသတ္တိရှိရင် By Name နာမည်နှင့်တိုင် မတိုင်ရဲရင် ဘာမျှ မလုပ်နဲ့ ဒီကျောင်းမှာ ငါအကြီးဆုံး ငါလုပ်တာကိုလက်ခံ ငါပြောတာကိုနားထောင် ရမည်ဟု ပြောပါသည်။
By Name နာမည်နှင့်တိုင်လျှင်လည်းငါဟာဝန်ကြီးဦးကျော်သူရဲ့တပည့်ရင်း ဒါ့ကြောင့် တိုင်တဲ့ကောင် ပြုတ်မှာပဲဟု ပြော ဆိုနေပါသည်။
ကျွန်တော်တို့ ဝန်ထမ်းများမှာBy Name နာမည်နှင့်တိုင်လျှင်လည်းကျောက်နံရံခေါင်းနှင့် ဆောင့်ရသလို ဖြစ်နေ၍ မတိုင် ရဲပါ။
ထိုသည်ကို အခွင့်ကောင်းယူလျှက် ဆက်လက်၍ လုပ်ပိုင်ခွင့်နှင့်အာဏာကို အလွဲသုံးစားပြုသောကြောင့် အောက်ပါအ တိုင်း ထပ်မံရမ်းကားမှု ဆိုးကျိုးများဆက်တိုက် ဖြစ်ပေါ်နေပါသည်။
က။ ကျောင်းမိန့် တစုံတရာမထုတ်ဘဲ (အမိန့် တစ်ခုခုထုတ်ပါက ကျောင်းဆီးတံဆိပ် ရိုက်ကာအမိန့်စာ ထုတ်ပေးရပါ သည်) ကျောင်းဝန်းထဲဆိုင်ကယ်စီးလျှင် ဦးထုပ်ပါရမည် (တည်ဆဲဥပဒေကို အခွင့်ကောင်းယူလျှက်) မပါသောသူကို တွေ့ လျှင် ရဲများကိုဖမ်းခိုင်းလျှက် တစ်ဦးလျှင် (၁၅၀၀) ကျပ် နှစ်ဦးဆိုလျှင် (၃၀၀၀) ဒဏ်ရိုက်ပါသည်။
ယာဉ်ထိမ်းရဲများတောင် ဖမ်း၍ ဒဏ်ငွေမဆောင်ခိုင်းပါ။ ဘောက်ချာလက်မှတ် ဖြတ်ပြီးတရားရုံးသွားခိုင်းပါသည်။ ပါချုပ် ဦးညီညီစံမှာ ဤကျောင်းတွင် ငါအကြီးဆုံးငါလုပ်ချင်တာလုပ်မည်ဟု ပြောဆိုလျှက် တရားစီရင်ပိုင်ခွင့်မရှိပါဘဲ ဒဏ်ငွေ ဆောင်ခိုင်းနေပါသည်
၎င်းဒဏ်ငွေများလည်းဘယ်ရောက်သည်မသိပါ။ ရဲအုပ် ဝင်းဇော်မိုး ဦးစီးသော ကျောင်းမှရဲများ (ဗ.ဝ.တ ပေါက် ရဲများ) နှင့် ဌာနမှူး (စီမံ) ဦးအောင်လင်း၊ ဌာနကြီးမှူး (စီမံ) ဦးတင်ရွှေ တို့ကလည်း ဥပဒေနားမလည်ဘဲ ဦးထုပ်မပါသော ဆိုင် ကယ်သမားတွေ့က ဓါးမြတွေ့သည့်အတိုင်း ဆိုင်ကယ်များနှင့် ဝိုင်းလိုက်ကြကာ အတင်းအဓမ္မ ဒဏ်ငွေဆောင်ခိုင်းနေပါ သည်။ ဆိုးရွားသောအချို့ရဲများမှာ (မိမိတို့မမြင်လိုက်၍လွတ်သွားသော) ဒဏ်မဆောင်ရသေးသူများကို အိမ်တိုင်ယာ ရောက် နံနက်စောစောမကျန် အကြွေးတောင်းသလို လိုက်တောင်းနေပါသည်။
ခ။ ဝန်ထမ်းလိုင်းနှင့် ရုံးမှာအတော်ဝေးပါသည် ဖယ်ရီကားရှိသော်လည်းမမှီ၍၎င်း အခြားကိစ္စ ရှိ၍၎င်း သွားစရာရှိလျှင် ဆိုင်ကယ်ကြုံအားကိုးရပါသည် ဝန်ထမ်းများမှာလည်းလူတိုင်းဆိုင်ကယ်မစီးနိုင်ကြပါ ယခုအခါ ဦးထုပ်မပါလျှင် ဖမ်းသဖြင့် မည်သူမှ အကြုံမတင်တော့ပါ အခက်အခဲအတော်တွေ့ရပါသည်။
ဂ။ သုံးယောက်စီးလျှင်လည်း ဖမ်း၍ဒဏ်ရိုက်ရာ နေမကောင်းသောသူများကို ဆိုင်ကယ်ဖြင့် ပို့လျှင် မောင်းသူတစ် ယောက်၊ လူနာ(ထိုလူနာမထိုင်နိုင်လျှင်) နောက်မှတစ်ယောက် စီး၍ဆေးခန်းသွားရာတွင် အခက်အခဲအတော်တွေ့ ရပါ သည်။ အောက်ခြေဝန်ထမ်းများဖြစ်၍လည်း ကားမငှါးနိုင်ကြပါ။
ဃ။ အနီးအနားမှ ဧည့်တွေ့လာလျှင်လည်းဦးထုပ်မပါလျှင် ဝင်ခွင့်မပြုပါ။ သင်တန်းလာတက်ရသော ဝန်ထမ်းများမှာ ခရီး ဝေးလျှင် ဧည့်တွေ့မလာနိုင်ပါ။ အနီးဝန်းကျင်မှ အသိများကိုခိုင်းရပါသည် အနီးဝန်းကျင်ရွာသားအများစုမှာ ဦးထုပ်မ ဆောင်းကြပါ။ ခရီးဝေးမှ လာသူလည်းဦးထုပ်မပါလျှင် မဝင်ရပါ။အဝင်ဂိတ်များတွင် “ဦးထုပ်မဆောင်းလျှင် မဝင်ရ” ဟု သတိပေးဆိုင်းဘုတ် ရေးသင့်ပါသည် သို့သော် လုံးဝ(လုံးဝ) မည်သည့်ဂိတ်တွင်မှ မရေးပါ။
င။ ယခု ပါချုပ်ဦးညီညီစံ လက်ထက်တွင် ဂိတ်ဝမှဖြတ်လျှင် ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင် မှတ်ပုံတင်များကို တောင်း နေပါသည်။ လိုင်စင်ပေးရသည်မှာ ကိစ္စမရှိပါ။ သို့သော် ပြန်တောင်းသောအခါတွင် မုန့်ဖိုးမပေးပါက ပြန်မပေးချင်ပါ။ မိမိတို့မှာလည်း လိုင်စင်မရမှာစိုး၍ မုန့်ဖိုးပေးခဲ့ရပါသည်။
တိုင်ပြန်ကလည်း မသိချင်ယောင်ဆောင်နေပါသည် ယခုဆိုလျှင် ဗ.ဝ.တဂိတ်တွင်မက ၂၄ မိုင်ဂိတ် (လုံခြုံရေးအတွက် ရဲ များ အစောင့်မချဘဲ ဝန်ထမ်းများကို အစောင့်ချထားသည်) တွင်ပါ စကားပြောစက်ကိုင်ပြီး ဗိုလ်လေးဟု ရဲဟန်ဆောင် ကာ ဝန်ထမ်းမောင်နှဲကြီး (ပါချုပ်အိမ် ကားမောင်းသူ) ဦးစီးလျှက် တပ်ရဲမောင်ရဲဝင်း အပါအဝင် ဝန်ထမ်းနှင့် ရဲပေါင်း (၂၀) ခန့် (ညအခါ ပို၍လူများသည်) လားရှိုး၊ မူဆယ်မှ ဆင်းလာသော ဆိုင်ကယ်ကယ်ရီများကို ငွေတောင်းနေပါသည်။ မပေး သောဆိုင်ကယ်များကို အောင်ဖက် (၂၁) မိုင် အထက်ဖက် (၆) ထပ်ကွေ့ကျော်ထိ လေးငါးစီးဝိုင်းလိုက်ကာ ခြိမ်းခြောက် ငွေတောင်းနေပါသည်။
တိုင်ပြန်သော်လည်း ပါချုပ်တပည့်ရင်း မောင်နှဲကြီး ဖြစ်နေသဖြင့် ပါချုပ်အပါအဝင် မည်သူမှ အရေးမယူပါ။
မှတ်ပုံတင်မှာလည်း အတော်အတန် ခရီးတိုဟိုနားဒီနာသွားလျှင် မည်သူမှမယူခဲ့ကြပါ။ (ပျောက်သွားပါက ပြန်လုပ်ရန် မလွယ်ကြောင်း လူတိုင်းသိပါသည်။) အခက်အခဲအတော်တွေ့နေရပါသည်။ ယခင်ကကား၊ ဆိုင်ကယ် နံပါတ်နှင့် လူနာ မည်မေးကာမှတ်ပြီးလျှင် ဝင်သောဂိတ်မှ ပြန်ထွက်ရန်မှာလျှက် လွှတ်လိုက်သည်မှာ အတော်အဆင်ပြေပါသည်။
စ။ ဧည့်တွေ့လာသော ဆိုင်ကယ်များကားများတွင် ခွပ်ဒေါင်းစတစ်ကာ (လိုဂိုသေးသေးလေး) ကပ်ထားပါက ဝင်ခွင့်လုံးဝ မပေးပါ ပါမောက္ခချုပ် ဦးညီညီစံမှ အမိန့်ပေးထားသည်ဟုပြောပါသည်။
ဤသည်မှာတရားဝင်မှတ်ပုံတင်ထားသောပါတီကိုလက်မခံရာရောက်သဖြင့် တည်ဆဲဥပဒေကို ကျူးလွန်နေပါသည်။
ဆ။ ဝန်ထမ်းလိုင်းခန်းများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံ လုံးဝမချိတ်ရဟု ပြောဆိုပြီး လိုက်လံ ဖြုတ်သိမ်းခိုင်းနေပါသည်။
ဇ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ် ဦးညီညီစံ သည် လက်ချာလာပို့ချ သောလူကြီးများအား ကြို-ပို့ရန် ပေးထားသော PARJERO မော်တော်ယာဉ်၂-စီးကို သူကိုယ်တိုင်-၁စီး (အိမ်တွင်လည်း ရုံးတက်ရန်နှင့် အိမ်သုံးရန်-၂ စီးရှိပြီး)၊ ဇနီးမိန်းမက-၁စီး၊ အသီးသီးယူသုံးထားပါသည်။ သမီးဖြစ်သူ ဘုရားဖူးလည်ပတ် ရန်အတွက် ကျောင်းပိုင်မော်တော်ယာဉ်-၄စီးကို ဆီအပြည့်ဖြည့်ကာ စားသောက်စရိက်ရော သုံးစရိက်ပါ ပေးရသည့် အပြင် ကားဆရာ(ဒရိုင်ဘာ) ကိုလည်း အစေခံ (ကျွန်) လို လူရှေ့သူရှေ့မရှောင် မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံခိုင်း စေနေ ပါသည်။
ဈ။ ဟိုးယခင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဒုချုပ်နှင့် ဌာနကြီးမှူးများသုံးရန်အတွက် ကျောင်း (ဗ.ဝ.တ) မှ ကျောင်းပိုင်အဖြစ် ပေးထားသော Hand Phone များကို ဇနီးမိန်းမက-၁လုံး၊ ဆေးကျောင်းတက်နေသော သမီးအကြီးက-၁လုံး၊ စစ်ကိုင်း တိုင်း၊ ရွာသစ်ကြီးတွင် ဆယ်တန်းတက်နေသော သမီးအငယ်က-၁လုံး ကိုယ်ကျိုးအတွက် သုံးစွဲနေကာ ရာထူးလက်ကိုင် ရှိသော လူကြီးများ (ဒုချုပ်၊ဌာနကြီးမှူး–စသည့်သူများ) မှာသုံးစွဲခွင့် မရကြပါ။
စသည်တို့ ဆက်လက်လုပ်ကိုင်နေပါသဖြင့် ဝန်ထမ်းနှင့် မှီခိုမိသားစုများပါမက သင်တန်းသူ/သားများကို လာရောက် တွေ့ဆုံရသော ဧည့်တွေ့များ၊ ကားသမားများ၊ ဆိုင်ကယ် သမားများပါ အခက်တွေ့နေရပါသည်။
ပညာသားပါပါ နှိပ်စက်ခံနေရသူများ။
အများအတွက် တိုင်ကြားပေးရန် ပေါ်ပေါက်လာတိုင်းပေးပို့ပေးမှာ ဖြစ်ပါတယ်။ Media ရဲ့ မှတ်ကျောက်တင် အကျိုးပြု ဖြစ်ထွန်းအောင်မြင်မှုကိုလည်း ပြန်လည် သတင်းပို့ပေးမှာ ဖြစ်ပါသောကြောင့် အားလုံး ၀မ်းမြောက်ဂုဏ်ယူ နိုင်ကြပါစေ။
ခင်မင် ယုံကြည်စွာဖြင့်
ချမ်းသာ၊ကိုယ်စိတ် မြဲပါစေ၊
စိန်စိန်မိုး
(အများအတွက် သတင်းလောကဖြင့် ကူညီသူ)
မူရင်း တိုင်စာဖိုင် original complain
နေ့သစ်

No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....