ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, May 13, 2012

Thein Sein – သတင်းစာပါ သမ္မတ မိန့်ခွန်း နှင့် မူရင်းမိန့်ခွန်း သိသာစွာကွာခြား

မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၃၊ ၂၀၁၂
မေလ ၁၁ ရက်နေ့က နိုင်ငံဖွံ့ဖြိုးရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်းမူရင်းအတိုင်း ယခုရက်ပိုင်းတွင် စတင်လွှင့်တင်သည့် နိုင်ငံတော် သမ္မတရုံးဝက်ဆိုက်တွင် ဖေါ်ပြထားရာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ယင်းမိန့်ခွန်း နှင့်သိသာစွာ ကွာခြားလျှက်ရှိသည်ကိုတွေ့ရသည်။
ဝက်ဆိုက်တွင်ေ ဖ်ါပြထားသည့် မိန့်ခွန်းတွင် “ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ မြန်မာနိုင်ငြံ ပည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်နေပြီ ” ဆိုသည့် အချက်ကို သမ္မတ ဦးသိန်းစိန်က ၀န်ခံသွားပြီး ပြုပြင်ပြောင်းလဲရေး ကို ထိထိရောက်ရောက် လုပ်ရမယ့် သဘောဟု ၀န်ခံသွားသည်ကို တွေ့ရသည်။ အထက်ပါ စာပိုဒ် တပိုဒ်လုံး ပြန်ကြားရေး ၀န်ကြီးဋ္ဌာနထုတ် သတင်းစာတွင် မပါရှိပေ။
ဦးသိန်းစိန်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ လက်ရှိအစိုးရအဖွဲ့အပေါ် လူထုက မကျေနပ်ခြင်း ၊ အပြောင်းအလဲ လိုလားခြင်းအချက်ကို ပထမဆုံးအကြိမ် တရားဝင် ၀န်ခံလိုက်ခြင်းလည်း ဖြစ်သည်။
အစည်းအဝေး ပထမနေ့ဖြစ်သည့် မေလ ၁၁ ရက်နေ့ မိန့်ခွန်းထဲတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေ အခက်အခဲများ ဖွံ့ဖြိုးရေး အတွက် အရင်းအနှီးလိုအပ်ချက်များကို ကိန်းဂဏန်းများဖြင့် ဖေါ်ပြပြောဆိုသွားကာ ပြည်ပအကူအညီများဖြင့် မည်သို့မည်ပုံ တိုးတက်အောင် ဆောင်ရွက်ရန် ကိုလည်း ဆွေးနွေးသွားခဲ့သည်။
နိုင်ငံတကာမှ ဖွံ့ဖြိုးရေး ၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အကူအညီများကို အန်ဂျီအိုများမှ တဆင့်ကူညီရာတွင် ၃၀ /၄၀ ရာခိုင်နှုန်းမှာ အဖွဲ့အစည်း အသုံးစရိတ်ဖြစ်သွားသည့် အချက်ကိုလည်း ရည်ညွှန်းပြောဆိုကာ အစိုးရ အဖွဲ့အစည်းများမှ တိုက်ရိုက် လူထုထံပေးနိုင်ရန် အုပ်ချုပ်ရေးပိုင်း ဋ္ဌာနဆိုင်ရာ အားနည်းချက်များပြုပြင်ရမည်ဟု လည်းပြောဆိုသွားသည်။


No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....