![]() |
နေပြည်တော်လေဆိပ် |
ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်းသိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။
သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန် ကွပ်ကဲရေးဌာနခွဲရှိ ဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင် ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။
၎င်း တို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှ စတင်ပြီးယနေ့အချိန် အထိ (၆)လခန့်ကာလ အတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိ ကန်ဒေါ်လာ (၃၀၀၀၀) (သုံးသောင်း)ခန့်သာသုံးစွဲထားကြောင်းတွေ့ရှိရပါသည်။
၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များ ခိျု့ယွင်းပျက်စီး မှုဖြစ်ပေါ်ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင် ရာတွင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၄၀၀)ရရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။
သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး နယ်လေဆိပ်သို့ စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ် လျှင်အနည်း ဆုံးဒေါ်လာ (၁.၃)သန်းခန့်အမြတ်ရရှိပါသည်။
၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့် သက်သက်သာ ရယူသွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရ ဌာနမှ ဝန်ထမ်းများ သာဖြစ်ပါသည်။
Myanmar News Now
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....