ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Sunday, May 13, 2012

မီဒီယာ သတင်းယူတာနဲ့ လုံခြုံရေး အစီအစဉ်


 


မီဒီယာ သတင်းယူတာနဲ့ လုံခြုံရေး အစီအစဉ်

မီဒီယာ သတင်းထောက်တွေက ကွင်းဆင်း သတင်းယူရာမှာ ထိထိရောက်ရောက် အလုပ်ဖြစ်ချင်ဇော ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်တခုဟာ နှစ်ခါပြန်လုပ်လို့ မရနိုင်တဲ့အတွက် မီဒီယာပေါက်မယ်လို့ ယူဆမိတာကို အမိအရ လုပ်ယူရပါတယ်။ ဖြစ်စဉ်တခု ရှိနေတဲ့ အချိန်ကာလရဲ့ တစက္ကန့်တိုင်းဟာ သူတို့အတွက် သိပ်အရေးကြီးပါတယ်။ ဒါက မီဒီယာ သတင်းထောက်တွေအပေါ် နားလည်ပေးနိုင်တာ ဖြစ်ပါတယ်။
အခြားတဖက်မှာ ဆိုရင်တော့ အဲဒီ ဖြစ်စဉ် အခမ်းအနား၊ အစည်းအဝေး၊ သတင်းစာ ရှင်းလင်းပွဲ စတာတွေမှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအပိုင်းကိုလည်း မဖြစ်မနေ စီမံထားရပါတယ်။ ပွဲမပျက်အောင်လည်း ထိန်းပေးရပါတယ်။ ပရိသတ်ရှိနေရင် ကြည့်ရှုနားထောင်တာကို မထိခိုက်အောင် စီမံပေးရပါတယ်။
လွတ်လပ်တယ် ဆိုတိုင်း လမ်းပေါ်မှာ ဆေးရိုးလှန်းလို့ မရသလို မီဒီယာပိုင်းအရ အရေးကြီးတာ လုပ်ဖို့ ရှိနေသည့်တိုင်အောင် လွတ်လပ်စွာ စိတ်ကြိုက် မလုပ်သင့်တဲ့ အခြေအနေတွေကိုလည်း မီဒီယာဘက်က နားလည်ပေးထားရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ မီဒီယာ သတင်းထောက်တွေ အလုပ်လုပ်ကြတာကို လေ့လာကြည့်တဲ့အခါမှာ မီဒီယာ ရပိုင်ခွင့်ကို တန်ဖိုးထားပေးထားတာ ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ အခမ်းအနားရဲ့ Level မြင့်ရင် မြင့်သလို ဥပမာ- နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်မှု ရှိရင်ရှိသလို သတင်းရယူတဲ့ အစီအစဉ်မှာ ကန့်သတ်မှုတွေ တိတိကျကျ တင်းကြပ်ထားရပါတယ်။ ဒါက လုံခြုံရေးအရ စီမံရတာ ဖြစ်တာကြောင့် လုံခြုံရေး တာဝန်ယူသူတွေရဲ့ အစီအစဉ်ကို ဘယ်သူမဆို လေးစားလိုက်နာပေးရမှာ ဖြစ်ပါတယ်။
မီဒီယာ သတင်းထောက်တွေရဲ့ သတင်းရယူလိုဇောနဲ့ ပရိသတ်ရဲ့ အားပေးနှုတ်ဆက်ချင်ဇောကို အခွင့်ကောင်းယူတတ်တဲ့ မသမာသူတွေဟာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ပွဲမဆို ရှိနေတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတခုပေးရရင် ပါကစ္စတန်နိုင်ငံက မစ္စက် ဘင်နာဇီယာ အလီဘူတို ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ပါတ်အလို ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ အတိုက်အခံ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးရေးအပြီး လူထုပရိသတ်ကို နှုတ်ဆက်နေတုန်း ဗုံးခွဲ လုပ်ကြံခံလိုက်ရလို့ ကွယ်လွန်ခဲ့ရပါတယ်။



မြန်မာနိုင်ငံမှာလည်း ခေါင်းဆောင်တွေကို လုပ်ကြံတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။ ခေတ်သစ်သမိုင်းမှာ အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုကြောင့် ခန့်မှန်းလို့ မရနိုင်လောက်တဲ့ ဆုံးရှုံးမှုကြီးကို နိုင်ငံနဲ့ နိုင်ငံသားတွေကသာ လက်တွေ့ ခံစားရပါတယ်။ တဦးတယောက်ရဲ့ နိုင်ငံရေး အကျိုးအမြတ် ရယူလိုတဲ့ အတ္တဆန္ဒကြောင့် တခါတလေမှာဆိုရင် ဆယ်စုနှစ် အများကြီးကြာအောင် ပြည်သူတွေမှာ ဆုံးရှုံးနစ်နာနေတတ်ပါတယ်။
ဒါတွေကို ကျနော်တို့အားလုံးက သင်ခန်းစာ ယူကြရပါမယ်။ နောက်နောင် မဖြစ်လာစေရအောင် လူတိုင်းက အသိတရား၊ သတိတရားနဲ့ ဝိုင်းဝန်းကူညီပေးကြရပါမယ်။
လွင်အောင်စိုး
၁၂-၅-၂ဝ၁၂ 

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....