
ဒီတွေ့ဆုံပွဲမှာ ဥပဒေပညာရှင်တွေ အပိုင်းကတော့ ယခင်ဥပဒေအဟောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ လယ်ယာမြေ ဥပဒေအပေါ်မှာ ထောက်ပြစရာတွေကို ဆွေးနွေးခဲ့ကြပြီး ဦးနေမျိုးဝေကတော့ ရွှေနံ့သာလယ်သ မားအရေးနဲ့ သူလိုက်ပါကူညီဆောင်ရွက်ခဲ့တဲ့ လယ်ယာမြေကိစ္စတွေအကြောင်းကို အခြေပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ အပိုင်းက ထောက်ပြစရာ တွေရှိပေမယ့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ အပေးအယူ မျှမျှတတ ဖြစ်နေပြီး သူတို့အနေနဲ့ ထောက်ခံမှုအပြည့်ရှိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ယခုဖြစ်နေတဲ့ ရွှေနံ့သာလယ်သမားတွေ အရေးနဲ့ ပတ်သက်လို့တော့ ဥပဒေအဟောင်း အရပဲ ဖြစ်ဖြစ်၊ ဥပဒေအသစ်အရပဲ ဖြစ်ဖြစ် လယ်သမားတွေဘက်က သာနေကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဦးနေမျိုးဝေကပြောပါတယ်။
ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိသာ ပိုအရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအနေနဲ့က ဇေကမ္ဘာကုမ္ပဏီက လိုက်ရွှေ့နေတဲ့လမ်းကြောင်းအတိုင်း ပထမတုန်းကတော့ ဒီမြေတွေမှာ စက်မှုဇုန်အတွက်လုပ်ကိုင်နေရာမှ ယခုအခါမှာတော့ ဦးခင်ရွှေကလည်း ဒီမြေတွေမှာ သီးစား လုပ်ကိုင်ခွင့်လျှောက်ထားပြီး စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သံအရာရှိတွေသိချင်တာက ဒီကိစ္စတွေမှာ ဘယ်လိုလူမျိုးတွေက သိမ်းဆည်းနေတယ်ဆိုတာနဲ့ ယခုမှ ဖြစ်တာလား ယခင်ကတည်းက ဖြစ်နေတာတွေလား ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအနေနဲ့တော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးသင့် သလဲဆိုတဲ့ အချက်ကို မေးမြန်းတယ်လို့ သိရပါတယ်။
လယ်သမားတွေကလည်း ဇေကမ္ဘာကုမ္ပဏီလိုမျိုးပဲ စက်မှုလယ်ယာကို အကောင်အထည်ဖော်ဖို့ စုပေါင်းပြီး ကုမ္ပဏီထောင်ဖို့ စီစဉ်ပြီးဖြစ်ကြောင်းနဲ့ နေပြည်တော်ကို သွားရောက်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်မှုလယ်ယာဖော်ဆောင်ရာမှ လိုအပ်မယ့် စက်ယန္တရားတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Naung Taw Lay Facebook
ဒေါင်းမာန်ဟုန်
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....