ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Wednesday, May 23, 2012

ပါတီ ဥက္ကဌ ထောင်ဒဏ် နှစ်လ ချမှတ်ခံရ

အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင်
ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏ ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စု မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly သို့ အတည်ပြုပြောကြားသည်။

“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့် အချေတင်စကားများရာမှ ဦးအေးလွင်က အော်ဟစ်ဆဲခဲ့သည်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။
The Voice Weekly

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....