ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Friday, May 11, 2012

NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။
                      အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေက အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့ သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ် ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးးလို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...
                     အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေးပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်ဆုံးဖြတ်တာပါ...  Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..
ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦးကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံးရာရောက်ပါတယ်...
                                                                             
လေးစားပါတယ်ဗျာ
  မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ

   မောပြေ (ဖေ့စ်ဘုတ်)

အဂ္ဂမဟာ ဒီမိုဖက်တီး ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ......

သစ်ထူးလွင်

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....