ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Thursday, May 31, 2012

“ကစားမလား။ နားမလား။” (စိမ်းခက်စိုး)

ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ကျွန်တော်ဟာ နှစ်ကာလတစ်ခုကြာ မိမိယုံကြည်ချက်ကြောင့် သော် လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှား မှုကြောင့်သော် လည်းကောင်း မတရားဖမ်းဆီးအထိန်း သိမ်းခံရာ ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဖြစ်လဲ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ချို့နဲ့ လူမှုရေးလုပ်ငန်းနယ်ပယ် တော် တော်များများမှာ ထိတွေ့လုပ်ကိုင်ခွင့်ရ ရှိခဲ့ပါတယ်။ လူမှုရေးမှာ သူတို့တွေ တက်ကြွလှုပ်ရှားပါဝင် လာတာ ဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ နိမ့်ကျလာနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အလွန်ဘဲကောင်းမွန် သလို၊ ပိုလည်းထိရောက်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ပြည်တွင်းမှာ ပိုမိုနိုးကြားလာစေတာလည်း အားလုံးမျက်မြင်ပါဘဲ။

တာမွေဈေး မီးရှို့ခံရမည့်အရေး ဈေးသူ/ဈေးသားများ စိုးရိမ်မှုမြင့်တက်





မီးရှို့ခံရသည်ဟုသတင်းထွက်နေသော စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေး
Photo.. shwelone.com

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ

(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)
 ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ



 ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

Wednesday, May 30, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ် ရောက်ရှိပြီ.. (ဓာတ်ပုံ၊ ရုပ်သံ).

Wednesday, May 30, 2012  

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ

မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

Tuesday, May 29, 2012

ဖောက်ထုတ်ပစ် -သီချင်း


 




NAY ZAW
ဒေါင်းမာန်ဟုန်

ကမာရွတ်မြို့နယ်(၁)ရပ်ကွက်ပရဟိတလူငယ်များစာပေဟောပြောပွဲ-၁၉.၅.၂၀၁၂ ဇာဂနာ အပိုင်း(၁)(ရုပ်/သံ)


 


ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း(Joke)


 

ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

အမှတ် ၆၁၈ စစ်ရေယာဉ်မှူး မာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆိုစော်ကား

မာန်အောင် ရေလက်ကြားတွင် တာဝန်ကျနေသော စစ်ရေယာဉ် အမှတ် ၆၁၈ မှ ရေယာဉ်မှူးသည် ယခုလ ၂၄ ရက်နေ့ ညနေက အရက်သေစာ မူးယစ် သောက်စားပြီး မာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆို စော်ကား သွားခဲ့ကြောင်း သတင်း ရရှိသည်။

သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF မှာ ပါဝင်တက်ရောက်မယ့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနှင့် ဆွေးနွေးမှုတွင် ပါရှိခဲ့သူ မြောက်ကိုရီးယားရှိ အရာရှိ ၃၀ သုတ်သင်ခံခဲ့ရ


ယမန်နှစ်က မြောက်ကိုရီးယားရှိ အရာရှိ ၃၀ မှာ အစိုးရ၏ သုတ်သင်ပစ်မှုကို ခံခဲ့ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ အဆိုပါ အရာရှိများမှာ မော်တော်ယာဉ် မတော်တဆ မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်တပ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း Amnesty International ၏ အပြောကို Telegraph မှ ကိုးကား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ်လူ ၂၀၀ မှာလည်း ယခုနှစ် ဇန်နဝါရီ လက နိုင်ငံပိုင် လုံခြုံရေး အေဂျင်စီမှ ဝိုင်းရံထားကာ ယင်းသို့သော လူ ၂၀၀ ထဲတွင် အချို့မှာ သတ်ဖြတ် ခံလိုက်ရပြီး ဖြစ်ကာ ကျန်ရှိသူများမှာလည်း နိုင်ငံရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း Amnesty International က ဖော်ပြသည်။

Saturday, May 26, 2012

တရုတ် ဆေးဝါးစက်ရုံ ဆယ်ရာခိုင်နှုန်းကျော်မှ ဆေးဝါးများ အန္တရာယ်ရှိ

အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ...


တောကြီးမျက်မည်းအတွင်းမှ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်ဖက်စပ်စီမံကိန်း..

မြွေပွေးပိုးထိ(ကဗျာရှင် နေရဲနီ)

ဆန္ဒပြမှုများ အကြမ်းဖက် မဖြိုခွင်းရန် အာဆီယံ အကြီးအကဲ သတိပေး

 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများသည် ဒီမိုကရေစီ စနစ်တရပ်အတွက် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပြီး အစိုးရ အနေဖြင့် ထိုဆန္ဒပြမှုများကို ထိပ်တိုက်ရင်ဆိုင်တွေ့ကာ အင်အားသုံးဖြေရှင်းသည့် လမ်းစဉ်ကို မသုံးဘဲ ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းတတ်ရန် လေ့လာသင်ယူဖို့ လိုအပ်ကြောင်း အာဆီယံ အကြီးအကဲ က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင် ပတ်သက်နေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် တပ်ရင်းမှူး တစ်ဦး အပါအ၀င် စစ်အရာရှိ အများ အပြားသည် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ သစ်မှောင်ခိုတင်ပို့ရာတွင် ပါဝင် ပတ်သက်မူများ ရှိနေကြောင်း သတင်း ရရှိသည်။

တက်ကနက်ဆိပ်ကမ်းရောက် မြန်မာမှ သစ်များ။

Maung Luu Yay – မီးနှင့်ပတ်သက်၍ ဝမ်းမြောက်ဖွယ်

မောင်လူရေး၊ မေ ၂၆၊ ၂၀၁၂

မီးမဲ့တိုင်းသား လူအများတို့လေ …
သမ္မတအကြွင်းပေး ကိုကိုလှိုင်၏ အကြွင်းပေးမှုအရ မီးချွေတာရေးလုပ်သည့်အနေဖြင့် နေပြည်တော်တွင် မတော်မလျော်ထွန်းထားသည့် မီးလုံး မီးဆိုင်းအားလုံး ဖြုတ်တန်ဖြုတ် ခွဲတန်ခွဲ လှဲတန်လှဲ ဖြိုတန်ဖြိုရေး အခုမနှေးဆောင်ရွက်တော့မည်ဖြစ်ကြောင်း။

ပန်းသီး၏ ဖေ့စ်ဘွတ်ဟာသ – Pan Thee

မေ ၂၅၊ ၂၀၁၂
သမ္မတနှင့် ပန်းသီး

ဦးကျော်သူနှင့် မရွှေဇီးကွက်ဇနီးမောင်နှံနှင့်အတူ နယူးယောက်မှ မြန်မာမိသားစုများမှ လျှပ်စစ်မီးအတွက်ဆုတောင်းမှု၊Artistic Expressions from the Heart



"လူပျံတော်များကို ကြိုဆိုကြ"-

ရေးသူ-အရှင် ၀ီရသူ(မစိုးရိမ်)


ဝီရသူ(မစိုးရိမ်)

မြန်မာ့မြေက သံယံဇာတ မြန်မာတွေသာရပါစေ (ရုပ်/သံ)



တောင်ဒဂုံ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲ တွင် ဖယောင်းတိုင်မီး ထွန်းပြီး လျပ်စစ်မီး လုံလောက်အောင် ပေးပါရန် တောင်းဆိုသည့် ပထမနေ့တွင် တာဝန်ရှိ ရဲတပ်ဖွဲ့မှ ကိုနေမျိုးဇင်နှင့်အဖွဲ့အား တားမြစ်ကြောင်း လာပြောနေစဉ် ၊

အလုပ်သမားများဆန္ဒပြမှုသည် အလုပ်သမားလှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေဟုဆို



ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင်မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသောမြင်ကွင်း(ရုပ်/သံ)



ဂျပန်နိုင်ငံက သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြည်သူကို ဘယ်လိုတောင်းပန်အလေးထားဆက်ဆံတယ်ဆိုတာ မြန်မာအစိုးရသိဖို့(ရုပ်/သံ)


 

"ထာဝရငြိမ်းချမ်း 67"လတ်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှု ဖွင့်လှစ်ခြင်း အခမ်းအနား (ဓာတ်ပုံ)၂၅.၅.၂၀၁၂



ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင်ပွဲတွင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး



Friday, May 25, 2012

သမတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ

သမတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင် အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လိုပါပြီ။ ဒီ နိုင်ငံရေးအကြံ ပေးအဖွဲ့ ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာ ရေးရာတွေကို မစားရ၀ခမန်း လျှာအရိုး မရှိတဲ့အတိုင်း ပြောနေသူတဦးဆိုတာကို။

ဦးမြင့်၏ ‘အိတ်ဖွင့်ပေးစာ’ သမ္မတရုံး သဘောထားမဟုတ်ဟု အကြံပေးအဖွဲ့ ရှင်းလင်း


ဒေါက်တာဦးမြင့်၏ မေလ ၁၉ ရက်နေ့ ရက်စွဲပါ “ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်၍ ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် ညွှန်ကြားချက်အရ သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၊ စီးပွားရေးအကြံပေး ဒေါက်တာနေဇင်လတ်၊ ဥပဒေ အကြံပေးများ ဖြစ်ကြသော ဦးစစ်မင်းနှင့် ဒေါ်ခင်မျိုးမြင့်တို့က ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ရှင်းလင်း
ပြောပြကြခြင်း ဖြစ်သည်။

Thursday, May 24, 2012

ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့


 

ငါးဦးထက် ပိုပြီး စီတန်းလှည့်လည်ခွင့် မရှိကြောင်း အနောက်ပိုင်းခရိုင် ရဲမှူးရဲ့ ဖြန့်ဝေစာ..http://www.mutdfan.com/news_images/DSC_0381.jpg

ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက်(ရုပ်/သံ)



"ထာဝရငြိမ်းချမ်း 67" လက်မှတ်ရေးထိုးလှုပ်ရှားမှုဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ



ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရက်ပိုင်းအတွင်း သွားရောက်မည် – Daw Suu to visit Bangkok very soon



မိုးမခအထောက်တော် အမှတ် ၀၀၁
မေ ၂၄၊ ၂၀၁၂

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပထွက်မည့် ဒေါ်အောင်ဆန်းစုကြည်။ ယခုလ ၁၁ ရက်နေ့က ပုဇွန်တောင်မြို့နယ် NLD ရုံးခန်း ဖွင့်ပွဲတွင် မိန့်ခွန်းပြောနေခြင်း ဖြစ်သည်။. ဓာတ်ပုံ – Aye Min Soe (NLD)

အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိခဲ့

ကရင်ပြည်နယ်၊ မြ၀တီခရိုင် ဝေါ်လေဒေသ အခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည် အထက်ရာရှိတို့၏ နှိပ်စက်မှုကို မခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်နေရာသို့ ထွက်ပြေးရောက်ရှိ ခဲ့သည်။
flee-to-thailand

မိုင်းခွဲမူများကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည်

သဘာဝ ဓါတ်ငွေ့နှင့် တရုတ် ရေနံပိုက်လိုင်း အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချ နေမူကြောင့် ရခိုင်ကမ်းရိုးတန်းမှ ရေနေသတ္တ၀ါများ မျိုးတုန်းတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

 မိုင်းခွဲမူကြောင့် ရေနေသတ္တ၀ါများ ကျောက်ဖြူ အနောက်ဘက် ပင်လယ်ကမ်းခြေတွင် သေဆုံးနေမူကို ယခုလို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)

Wednesday, May 23, 2012

"ဖယောင်းတိုင်ဝန်ကြီး"


လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန်လူထု ပထမနေ့အဖြစ် ဆန္ဒပြ

ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား

ပါတီ ဥက္ကဌ ထောင်ဒဏ် နှစ်လ ချမှတ်ခံရ

အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင်
ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ

Monday, May 21, 2012


ပြည်သူတွေမှာ ဒီလောက်တောင် အခြေအနေတွေ ဆိုးအောင် မီးပျက်နေတာ။ နေပြည်တော်ကြီး မှာတော့ ထိန်ထိန်လင်းနေတယ်။ (Photo.ခင်ကလျာစိုး)

ဒေါင်းမာန်ဟုန်

NLD ပါတီတရားဝင်မဖြစ်သေးဘူးလား...?


 


အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စတင်တည်ထောင်ပြီးအချိန်က စပြီး ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်နိုင်ရန် များစွာသော အဖွဲ့ ဝင်များ ၊ မိသားစုများ ကိုစတေးခံပြီး စစ်အစိုးရ လက်အောက်မှ ပြည်သူလူထုကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေသော ပြည်သူ့ရှေ့ဆောင်ပါတီ တခုဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဇွန်လ ၁၈ ရက်နေ့ ပြည်ပနိုင်ငံသို့ခရီးသွားရောက်မည့်အစီအစဉ်များ


David Cameron met Aung San Suu Kyi on his visit to Burma in April. Photograph: Stefan Rouseau/PA

ဥရောပတခွင် လှည့်လည်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း လန်ဒန်ကို ရောက်လာတုန်းဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့်သီးသန့် တွေ့ဆုံမေးမြန်း


အင်တာဗျူး ပထမပိုင်း

ဥရောပကို ပါလီမန်တွေ လေ့လာဖို့ ရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို လန်ဒန်ရောက်ခိုက် ဘီဘီစီ မြန်မာပိုင်းဌာနက သီးသန့်တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာမှာ အခု အင်တာဗျူး ဒုတိယပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းနဲ့ သူရ ဦးရွှေမန်းရဲ့ အနာဂတ် ရည်မှန်းချက်တွေကို မေးမြန်းထားပါတယ်။
ဒေါင်းမာန်ဟုန်

မဖြူဖြူသင်း​အ​ကြောင်း​ ဘဝရုပ်ပုံလွှာကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြု

ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်က​နေ ​ရွေး​ကောက်ခံရတဲ့​ လွှတ်​တော်အမတ် ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝရုပ်ပုံလွှာ ​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ ဂျာနယ်မှာ ​ဖော်ပြခွင့်​မရဘူး​လို့​ သိရပါတယ်။

ရေလှူသူများကို ဒေသခံအာဏာပိုင်များ မေးမြန်း နှောက်ယှက်

မန္တလေးတိုင်း၊ မုံရွာခရိုင်ကျောင်းသားသမဂ္ဂက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပေါက်အင်းတောင်တောမှာရှိတဲ့ အင်တိုင်းတောကျေးရွာကို ဒီကနေ့ ဒုတိယအကြိမ်မြောက် သောက်ရေသန့် သွားရောက် လှူဒါန်းရာမှာ ဒေသခံအာဏာပိုင်တွေက လာရောက်မေးမြန်းနှောက်ယှက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်၊

လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ

၂၀-၅-၂၀၁၂ ၂၆လမ်း မန္တလေး စွမ်းဟော်တယ်ရှေ့တွင် လျှပ်စစ်မီး ပုံမှန် ရရှိရေး ဆန္ဒပြု ဆုတောင်းခြင်းအားတွေ့ရစဉ်

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ

နေပြည်တော်လေဆိပ်
ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ လေကြောင်းဆက်သွယ် လမ်းညွှန်ကွပ်ကဲရေးဌာနခွဲ သည်ပြည်တွင်းလေယာဉ်များ နှင့်မြန်မာနိုင် ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ် များ၏ဘေးကင်း လုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်

Saturday, May 19, 2012

၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)



ဖွဲ့စည်းပုံကြောင့် ဒုသမ္မတအနားယူသည့်ကိစ္စ အစိုးရကြေငြာရခက်

နိုင်ငံတော် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ အမှန်တကယ်အနားယူကြောင်း နီးစပ် သည့်အသိုင်းအဝိုင်းက အတည်ပြုပြောသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကြောင့် သတင်းထုတ်ပြန် ကြေငြာရန် အစိုးရက အခက်တွေ့နေရကြောင်း ၎င်းတို့အသိုင်းအဝိုင်းက ပြောပါသည်။

Thursday, May 17, 2012

မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော

 လွန်ခဲ့သည့်အနှစ် ၂ဝ အတွင်း မြောက်ကိုရီးယားထံမှ သာမန်စစ်လက်နက်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ပြီးဆက်လက် ဝယ်ယူတော့မည်မဟုတ်ဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သောတောင်ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။

တရုတ်- မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှ လှူဒါန်းသော ကျောင်းနှင့် ဆေးခန်းအတွက် ဒေသခံများထံမှ ငွေကောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တရုတ်- မြန်မာ ရေနံပိုက်လိုင်းမှ လှူဒါန်းသော စာသင်ကျောင်း နှင့် ဆေးခန်း ဆောက်လုပ်ရေး အတွက် ဒေသခံ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် တာဝန်ရှိသူ ဦးသန္တာမောင်က နိရဉ္စရာသို့ ပြောကြားသည်။

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်

မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး

ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။

Wednesday, May 16, 2012

လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်

 နိုင်ငံတော် စီမံကိန်းများ အကြောင်းပြ၍ ပုဂ္ဂလိက ကုမ္ပဏီအချို့က လယ်မြေများ သိမ်းယူနေမှု များကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးကာ မြန်မာနိုင်ငံအတွင်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

အရွယ် မရောက်သူ အမျိုးသမီးငယ် တစ်ဦးကို နိုင်ငံခြားသား တစ်ဦးက ခိုးယူ ပေါင်းသင်းသော်လည်း အရေးမယူ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ အသက် ၁၆ နှစ်သာ ရှိသေးသော ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ၎င်းဒေသတွင် နေထိုင်သူ အိန္ဒိယ ကသည်း သူပုန်တစ်ဦးက ဇနီးမယားအဖြစ် ခိုးယူ ပေါင်းသင်းသော်လည်း မြန်မာ အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူ ခြင်း မရှိကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောကြားသည်။

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း

မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Tuesday, May 15, 2012

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည် Sedona Hotel မင်းတုန်းခန်းမတွင် တွေ့ဆုံမှု



ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ


နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများ ရှိကြောင်း သိရသည်။

အမေရိကန် သံအရာရှိများ ဥိးနေမျိုးဝေနှင့် ရွှေနံ့သာကျေးရွာမှလယ်သမားများကို ခေါ်ယူတွေ့ဆုံ


၁၄.၅.၂၀၁၂ ရက်နေ့မှာ အမေရိကန်သံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တာဝန်ခံ မစ္စတာ ဘော့ ဘေလီ နှင့် နိုင်ငံရေး သံအရာရှိ မစ္စ အားရင်း အီး ၀က်(ဘ်)စတာ မိန်း တို့နှစ်ဦးဟာ ဦးနေမျိုးဝေ အပါအ၀င် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ဥပဒေ ပညာရှင်များ ဖြစ်ကြသည် ဦးဖိုးဖြူ ၊ ဦးညီညီထွေးတို့ကို... ခေါ်ယူတွေ့ဆုံ ပြီး ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတွေနဲ့ လယ်ယာမြေဥပဒေ အပေါ်မှာ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။