ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Monday, April 30, 2012

သမ္မတဦးသိန်းစိန်မှ အရင်စစ်အာဏာရှင်လက်ထက်မှ နိုင်ငံတော်သူခိုးများကို ဂျပန်သို့တရားဝင်လုပ်ကိုင်ခွင့်ရဖို့ခေါ်လာ


ပြီးခဲ့တဲ့အပတ်က သမ္မတဦးသိန်းစိန်ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် (Photo..Aung myo tun)

အရင်န.အ.ဖအဖွဲ့ ဝင်ဦးသိန်းစိန်နဲ့ ဒီမိုကရေစီသမ္မတအမည်ခံ သိန်းစိန်ဟာ တူတူဘဲ ဆိုတာသက်သေပြတဲ့ အနေနဲ့အရင်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့စီးပွားရေးတာဝန်ခံတေဇ..။အောင်ကိုဝင်း..။နေအောင်တို့လိုနိင်ငံသားတွေပါပိုင်ဆိုင်ခွင့် ရှိတဲ့ နိင်ငံရဲ့သယံဇာတတွေကို ခိုးယူရောင်းစား..။ စစ်အာဏာရှင် လက်ထက် ကတည်း က သဘောကျ ဝေစုချ.ခွင့် ရလို့ ကြီးပွားချမ်းသာလာတဲ့ နိင်ငံတော်သူခိုးတွေကိုနိင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်း ရှင်အဖြစ်ဂျပန်ကိုခေါ်သွားတာလား..?

အဖွဲ့အစည်းနှင့် တရားရေးပူးပေါင်းပြီး နိုင်ငံသားတစ်ဦးအပေါ် အနိုင့်အထက်ပြုကျင့်မှု(ပေးစာ)

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းကို ဦးအောင်တင့်စန်း က ၀ယ်ယူပိုင်ဆိုင်ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်ထွက်ပေါက် လုံခြုံစိတ်ချမှုရှိရန် အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက်ဟန့်တားခဲ့ရာမှ နှစ်ဖက်အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအေင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရားအုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့် တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။

လောင်းကစားအားပေးသလိုဖြစ်နေသည့် လှိုင်တရားသူကြီး၏ လာဘ်စားမှု

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်၏ ဒုတိယတရားသူကြီးဖြစ်သူ ဦးလှတိုး၏ လာဘ်စား၍ အမှုစစ်ဆေးသည့်ပုံစံသည် လောင်းကစားမှုကို အားပေးသလိုဖြစ်နေပြီး တရားရုံးမှ လောင်းကစားကြွေးဆင့်ခေါ်စာထုတ် တောင်းပေးနေသလိုဖြစ်နေကြောင်း အငြိမ်းစားခရိုင် တရား သူကြီးဟောင်းတစ်ဦးက ပြောကြားသည်။

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ


ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။

အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

Saturday, April 28, 2012

အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ


အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ

သင်္ကြန်ဆိုသည်နှင့် သံချပ်ဆိုသည် ခွဲလို့ရသည့်အရာမဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေးနားဆင်ခဲ့ရသည့် သင်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့ သည့်အတွက် အသက် (၂၀) ဝန်းကျင် လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေလည်လည်သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့်အရာပင်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်)သင်္ကြန်တွင်တော့ တစ်ခေတ်တစ်ခါကထင်ရှားသော သံချပ်အဖွဲ့များပါဝင်သလို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဟိုယခင်က နာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့”နှင့်ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပွဲဦးထွက်စတင်ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက် လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

ရွှေနံသာလယ်သမားများအရေး ဘယ်သူတွေ ၀င်ရှင်းပေးမလဲ?

ရွှေနံသာကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေထဲမှာ ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးနေတာတွေ နဲ့ပတ်သက်ပြီး ၂၇.၂.၂၀၁၂ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း စပါးစိုက်ချိန်မှာ လယ်ကန် သင်းတွေ ဖျက်စီးခံရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ယခုအခါမှာလည်း ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးလို့ လယ်ကန်သင်းတွေ မရှိသလောက် ဖြစ်နေပြီဆိုတဲ့အကြောင်း သက်သေသက်ကာယအနေနဲ့ လိုက်လံပြသရာ မှာ ဇေကမ္ဘာကုမ္ပဏီပိုင် ဘူဒိုဇာနှစ်စီးဟာ အပြိုင်အဆိုင် လယ်ကန်သင်းများကို ဖြိုဖျက်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

ပါတီဖျက်သိမ်းခံရမည်ဟု ကော်မရှင်မှသတိပေး


 

''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများ နှင့် ပါတီအား လိုလားထောက်ခံသူများ အား သဘောထားမှတ်ချက်တောင်းခံခြင်း

(၁) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြားစာတစ်စောင် ၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။

တရားခံကို စစ်ဆေးစဉ် လက်လွန်သေဆုံးသွား၍ ရဲတပ်သား ၄ ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မောင်တောတွင် တရားခံ တစ်ဦးကို စစ်ဆေးစဉ် လက်လွန် သေဆုံးသွား၍ ရဲသား (၄) ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ရဲသား ၄ ဦးမှာ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၊ ဒုတပ်ကြပ် ထွန်းဝင်း၊ တပ်သား မြင့်အေး၊ တပ်သား ကိုမိုးတို့ ဖြစ်ကြပြီး သူတို့ ၄ ဦး စလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

Friday, April 27, 2012

သတင်းမွှေးနေတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် (ပေးစာ)

ဒီသတင်းကတော့ အနှိပ်စက်ခံ ၀န်ထမ်းများ သာမက မှီခိုမိသားစုနှင့်အတူ ဆက်နွယ်တဲ့ လူအားလုံး ပညာသားပါပါ နှိပ် စက်ခံနေရတဲ့ ဖြစ်ရပ်များကိုတိုင်ကြားပေးပို့တာ ဖြစ်ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးညီညီစံ သည် အာဏာနှင့်လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေခြင်း၊ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှ ဝန်ထမ်းများ၊မှီခိုမိသားစုများ နှင့် ပတ်ဝန်းကျင်ရှိရွာသူ/သားများမှာအောက်ပါ အခက်အခဲများတွေ့လျှက် ဒုက္ခရောက်နေရပါသည်။
ဤအခက်အခဲများမှာအောက်ပါအတိုင်းအဆင့်ဆင့် ဖြစ်ပေါ်နေလျှက်ရှိပါသည်။

ဗိုလ်ချုပ်တွေနဲ့ စီးပွားဖက် ဇေကမ္ဘာ၊ ဝါဝါဝင်း ကုမ္ပဏီတို့ရဲ့ လယ်မြေဝါးမျိုမှု


ရန်ကုန်တိုင်းဒေသကြီးအတွင်းက လယ်မြေ တွေ အသိမ်းခံရတဲ့ လယ်ပိုင်ရှင် ၆၀ ခန့်ဟာ ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ မှာ စုဝေးခဲ့ကြပြီး အသိမ်းခံထားရတဲ့ လယ်တွေ ပြန်ရဖို့အတွက် မည်သည့်သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးမည် ဖြစ်သည်ကို လယ်သမားများအရေး ဆောင်ရွက်ပေးသူ ဦးဝင်းချို၊ ဦးနေမျိုးဝေ တို့နှင့်အတူ အိုးအိမ်ဦးစီးဌာနသို့ တရားဝင် စာတင်မေးမြန်းခဲ့ကြတယ်။ လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ကြံ့ဖွံ့အမတ် ဦးခင်ရွှေ ရဲ့ ဇေကမ္ဘာကုမ္ပဏီ နဲ့ ဝါဝါဝင်း ကုမ္ပဏီတို့က မတရား သိမ်းယူခဲ့တာဖြစ်ပြီ၊ ဒီကုမ္ပဏီတွေဟာ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

 နေ့သစ်

၂၀၀၇-ရွှေဝါရောင်အရေးအခင်းတုန်းက သံဃာတော်တွေကို ရိုက်သတ်ဖို့အမိန့်ပေးတဲ့ စစ်ဗိုလ်က လွှတ်တော်တက်နေ(ဓာတ်ပုံ)


လွှတ်တော်ကြီးကို ..... အင်အားရှိဖို့ ...... အရာရာမှာ ကူညီ ....
ရဲဘော်အပေါင်းကို ကိုယ့်အသွေးအသားမို့ အစဉ်မမေ့အပ်ပေသည် ...


ဓာတ်ပုံ ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်..
ဒေါင်းမာန်ဟု
န်

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ


 

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ
"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြံ...ုတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတင်းအကြပ် လုပ်ခဲ့တာ လွှတ်လပ်ပြီးတရားမျှတတယ်လို့ ဦးအောင်သိန်းလင်းမှပြော

နာဂစ်မုန်တိုင်းကြောင့်လူများသိန်းသောင်းချီသေဆုံးခဲ့ရ ဒုက္ခရောက်နေရချိန်မှာချက်ချင်းဘဲ ပြည်သူ့ဆန္ဒမပါဘဲ စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတင်းအကြပ် လုပ်ခဲ့တာ လွှတ်လပ်ပြီးတရားမျှတတယ်လို့ ဦးအောင်သိန်းလင်းမှပြော

ဘီဘီစီနဲ့ အင်တာဗျူးအား ဒေါင်းမာန်ဟုန်မှကောက်နူတ်ဖော်ပြပါသည်.

ကတိသစ္စာပြုချက်ကိစ္စ သူရဦးရွှေမန်းသို့ ၁၆ ပါတီ မေတ္တာရပ်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အကြံပြုထားသည့် ကျမ်းကျိန်ကတိသစ္စာပြုချက် စကားလုံး ပြုပြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင် ဖြေရှင်းပေးရန် နိုင်ငံရေးပါတီ ၁၆ ခု ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူ နဂါးကျောင်းမြေကို သိမ်းက ဆန္ဒပြမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က ပြုလုပ်သော အစည်းအဝေး တစ်ခုတွင် နဂါးကျောင်းမြေကို အာဏာပိုင်များ သိမ်းပါက ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြရန် သဘောတူညီမူ ရရှိခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီကျော်ထိ ကျောက်ဖြူမြို့ နဂါးကျောင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဒေသခံ လူကြီးများက ထိုသို့ သဘောတူခဲ့ကြောင်း တက်ရောက်ခဲ့သူ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်
ကျွန်မ စင်ကာပူနိုင်ငံ တွင် ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။

နောက်ကြောင်းပြန်လှည့်ရင် အမေရိကန် အရေးယူမှုတွေ ပြန်လုပ်နိုင်

အမေရိကန် ပြည်ထောင်စုအနေနဲ့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းတိုးတက်မှု တချက်ခြင်းအပေါ်မှာ လုပ်ရပ်တခုချင်းအလိုက် တုံ့ပြန်ကိုင်တွယ်နေတယ် လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။ဒီလိုဖြစ်ထွန်းမှုတွေ နောက်ကြောင်းပြန်လှည့်သွားရင်လည်း၊ အရေးယူမှု လျှော့ပေါ့ထားတာတွေ ချက်ခြင်းဆိုသလို ပြန်လည်တင်းကျပ်နိုင်တဲ့ အနေအထားမှာ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ အခုအခြေအနေအရတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာလူထုအပေါ် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်တော့မယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

UMFCCI ၏ ဥပဒေမဲ့ လုပ်ရပ်ကြောင့် အိမ်ထောင်စု(၈) စု အခက်အခဲဖြစ်နေ

အိမ်ထောင်စု(၈)စုကို ပြောင်းရွှေ့ ထားပြီး အဆောက်အဦးပြန်မဆောက်ပေးသေးတဲ့ မြေကွက်လပ်
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့ နယ် (၉)ရပ်ကွက်၊ဗိုလ်ဆွန်ပက်(အောက်)လမ်း၊
အမှတ်(၇၄/၈၆)မြေကွက်ပေါ်ရှိအဆောက်အဦး မှာဟောင်းနေသော်လည်း
ကောင်းနေသေးသောတိုက်ကြီးဖြစ်ပါသည်။၎င်းတိုက်ကြီးတွင် အိမ်ထောင်စု(၈)စု
အေးချမ်းစွာနေထိုင်လျှက်ရှိနေစဉ် စီမံချက်အရ ဆိုပြီး ကောင်းနေသေးသောအဆောက်
အဦးမှ(၃)ရက်အတွင်းအပြီးဖယ်ရှားစေခဲ့ရာမိသားစုများမှာပြောင်းရွှေ့ နေထိုင်စရာအဆင်
သင့် မရှိပါပဲနှင့် ကတိုက်ကရိုက် အဆင်ပြေသလို (၃)ရက်အတွင်းရအောင်ပြောင်းရွှေ့ 
ပေးခဲ့ကြပါသည်။

သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို အာဏာပိုင်များ ခြိမ်းခြောက်နှောက်ယှက်

“သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌတို့က ခြိမ်းခြောက်နှောက်ယှက်ခြင်း။”

ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ချေးပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ် ရွေးကောက်ပွဲပြီးသွား တဲ့နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Thursday, April 26, 2012

NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း

2012-04-25

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်မြို့ မီးလောင်မှု၌ အရက်လှောင်သည့် အိမ်ရှင်အား အရေးယူခြင်း မရှိသည့် ကိစ္စအား (တိုင်ကြားစာ)

Thursday, April 26, 2012 


ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့်(ခ)ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်၌ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ် အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။

Wednesday, April 25, 2012

ဦးတေဇ သားများနှင့် ဖိုးလပြည့် တို့ ကားပြိုင်ပွဲ

သူတို့အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ရဲ့ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန် ကားတွေဖြစ်တဲ့ ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ဘေးမှာ ကလည်း စကတ်တိုတိုနဲ့ အရမ်းကိုလှတဲ့ ကောင်မလေးသုံးလေးယောက်ကလည်း မူးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ့ ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါင်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့က ဘာလို့လေယျာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။

ဝန်ကြီး ဦးတင့်ဆန်းသားဖြိုးကိုကိုတင့်ဆန်းရဲ့  စေတနာ မှန်ပေါ်ပါပြီ..။


 

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများက မြောင်းမြမြို့ ကားလမ်းတလျှောက် တပ်ဆင်ထားသော ပုသိမ်-မြောင်းမြ ကားလမ်းအား ဖြိုးကိုကိုတင့်ဆန်း ပိုင် ACE ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောင်ရွက်နေပါသည် ဟူသော ဆိုင်းဘုတ်များကို ရွေးကောက်ပွဲတွင် ရှုံးနိမ့် သွားသောအခါ တိတ်တဆိတ် ပြန်လည် ဖြုတ်သိမ်းသွားကြသည် ။

လွှတ်တော်တံခါးဝမှာသော့ခလောက်ခတ်ထား အတားအဆီးဟန့်တားတာဘယ်သူလဲ?

လွှတ်တော်တံခါးဝမှာသော့ခလောက်ခတ်ထား အတားအဆီးဟန့်တားတာဘယ်သူလဲ?Nld နာယက ဘဘဦးဝင်းတင်နှင့် ဘီဘီစီအင်တာဗျူးအား ကောက်နူတ်ဖော်ပြပါသည်.

ဇေကမ္ဘာက လယ်ကန်သင်းကို မြေထိုးစက်ဖြင့်ထိုး

 



ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေရဲ့ လယ်ကန်သင်းတွေကို မြေထိုးစက်နဲ့ ၀င်ရောက်ထိုးချေနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေရဲ့ လယ်ကန် သင်းတွေကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး မြေထိုးစက်တစ်စီးနဲ့

အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်


ယနေ့မှာ မကွေးမြို့က အောင်မြေရတနာ ကျောင်းတိုက်မှာ ယဉ်ကျေးလိမ္မာ ၅ ရက် သင်တန်း ဖွင့်ပါလိမ့်မယ်လို့ သတင်းရပါတယ်။ သင်တန်းကို (၂) ပိုင်းခွဲထားတဲ့ အကြောင်း၊ မနက် (၇) နာရီက (၁၁) နာရီထိမှာ (၅/၆/၇/၈) တန်း သက်ငယ်များတတန်း၊ နေလည် (၁) နာရီကနေ (၅) နာရီအထိက (၉/၁၀) နဲ့ တက္ကသိုလ်တန်းတွေအထိ
တပိုင်း ခွဲပြီး သင်ကြားမယ်လို့ ဆိုပါတယ်။

စစ်တပ်မှ ထော်လာဂျီ၊ ကား ချောဆွဲမှုလျှော့ပေးရေး မြို့နယ်အုပ်ချုပ်ရေးမှူးမဆောင်ရွက်လျင် လွှတ်တော်ထဲထည့်သွင်းဆွေးနွေးမည်ဟု ကျားဖြူပါတီပြော

ဒေသခံများ၏ ထော်လာဂျီ၊ ကားများအား စစ်တပ်မှ ဆင့်ခေါ်အသုံးပြုနေမှုကို လျှော့ပေးရန် သို့မဟုတ် တားမြစ်ပေးရန် ကျားဖြူပါတီ၏ လွှတ်တောအမတ်များက မြို့နယ်အုပ်ချုပ်ရေမှူးထံ သွားရောက်အကြောင်း ကြားကြောင်း သျှမ်းပြည် အလယ်ပိုင်းမှ ဒေသခံများက ပြောသည်။
“ တကယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မဆောင်ရွက်ပေးရင် လွှတ်တော်ထဲမှာ သွားပြောမယ်လို့ ကျားဖြူအမတ် တွေ ကပြောတယ်” ဟု သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့သားတဦးကပြောသည်။

ချင်းပြည်နယ် မင်းတပ်မှ ပရဟိတစိတ် ခေါင်းပါးတဲ့ ဆေးရုံအုပ်ကြီး အကြောင်း (တိုင်ကြားစာ)

ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိဦးဆောင်၍ ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။

မအေးယုအောင် မိခင်ထံပြန်ရောက်၊ ခြိမ်းခြောက်ခံထားရ

Tuesday, April 24, 2012

မအေးယုအောင် ကျောက်ကြီးမြို့မှ မိခင်ဖြစ်သူ မကြူထံ ၂၃ ရက် ညနေ ၅နာရီခန့်က ပြန်လည်ရောက်ရှိနေကြောင်းသိရသည်။ ဦးအောင်ဖုန်းဝင်းမှ လိုက်လံပို့ဆောင်ခြင်းဖြစ်ပြီး ကလေးသည် ဦးအောင်ဖုန်းဝင်းတို့ဘက်က သွေးထိုးမှု၊ ဘုရားတွင် သစ္စာဆိုခိုင်းထားကာ ခြိမ်းခြောက်ထားမှုတို့ကြောင့် မိခင်ဖြစ်သူကိုပင် အကောင်းမမြင်နိုင်ဖြစ်နေသည်။ မိခင်မှ သတင်းသမားများနှင့် တွေ့ဆုံဖြေကြားခြင်းကို ကလေးမှ မိခင်အား အပစ်တင်ကြောင်း သိရသည်။

Tuesday, April 24, 2012

The Lady ဇာတ်ကားမှ အမှတ်တရ စကားနှစ်ခွန်း



 

Videoကို http://www.dawnmanhon.com/2012/04/lady-j.htmlမှာတင်ထားပါတယ်..
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လဲဖြစ် ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြကြယ်တစ်ဦးလဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝဇတ်ကြောင်းကို ရိုက်ကူးထားတဲ့ “The Lady” ဇတ်ကားမှ အာရုံထဲစွဲနေသည့် အမှတ်တရ စကားနှစ်ခွန်းအပေါ် ဆက်စပ်တွေးမိတဲ့အကြောင်းအရာအား ရေးသားဖော်ပြလိုက်ပါတယ် ။

နေ့စား အလုပ်သမငယ် နှစ်ဦးကို ဗလက်ကာရပြုကျင့်သူ သစ်တော ညွှန်ကြားရေးမှူး အရေးယူမခံရသေး


နေ့စား ပုတ်ပြတ် ရခိုင်အလုပ်သမငယ် နှစ်ဦးကို ဖျားယောင်း သွေးဆောင်ပြီး ဗလက်ကာရ ပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူ မောင်တော ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးကို အခင်း ဖြစ်ပွားသည်မှာ တစ်လ နီးပါးခန့် ရှိလာပြီ ဖြစ်သော်လည်း ယခု အချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။


မောင်တော သစ်တော ဦးစီးဌာနမှ မေယု ကြိုးဝိုင်းသစ်တော ( ဓါတ်ပုံ- နိရဉ္စရာ)
မောင်တော ခရိုင် သစ်တော ဦးစီးဌာ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်အား နေ့စား အမျိုးသမီးငယ် နှစ်ဦးအား ဗလက်ကာရ ပြုကျင့်ကြောင်း တိုင်ကြားခံရပြီးနောက် ရခိုင်ပြည်နယ် သစ်တောညွှန်ကြား ရေးမှူး ဦးကျော်စိုးခိုင်၊ ကျောက်ဖြူခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် ဘူးသီးတောင်မြို့နယ် သစ်တော ဦးစီးမှူးတို့ လာရောက်ပြီး မတ်လ ၂၇ မှ ၃၀ရက်နေ့ အထိ ၄ ရက်တိုင်တိုင် မောင်တောခရိုင် သစ်တောဦးစီးဌာန ရုံးခန်းမ၌ စစ်ဆေးခဲ့သည်ဟု သစ်တော ဌာနမှ အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (Photo-88 Generation Students)
မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ

လုယက်ဖျက်ဆီးခံရပြီး အပျက်အဆီးများကိုတွေ့ ရစဉ် (ဓါတ်ပုံ-Myanmar News Now)
ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။

ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုယ်စားလှယ်များ ဘက်က တင်ပြထားသော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော စကားရပ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် အစီအစဉ် မရှိကြောင်း သတင်းထောက်များသို့ပြောဆိုလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို

USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး ’’ အစား ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်’’ ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။

Monday, April 23, 2012

မကြူ မှ သမီးဖြစ်သူ မီးပူနှင့် အကပ်ခံရကြောင်း စတင်သိရှိချိန်မှစ၍ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည်များ


မကြူသည် သမီးဖြစ်သူ မီးပူနှင့်အကပ်ခံရကြောင်း ဖြစ်စဉ်အား ဧပြီ ၄ရက်၌ ကျောက်ကြီးတွင် နေထိုင်သူတစ်ဦး၏ သူငယ်ချင်းက ရန်ကုန်မှ ဖုန်းဆက်ပြောခြင်းကြောင့်သာ တဆင့် ပြန်လည်သိရှိရခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ကြီးရဲစခန်းသို့ သွားရောက်အကူအညီ တောင်းခံရာ ရဲစခန်းမှူးက ပဲခူးအမှတ်(၃)ရဲစခန်းသို့ ကူညီစုံစမ်းပေးပါရန် အကူအညီတောင်းခံစာ တစ်စောင်ရေးပေးပါသည်။ အမျိုးသမီးရေးရာ အဖွဲ့သို့အကူအညီတောင်းခံရာတွင် သူတို့ ဘာမျှမတတ်နိုင်ကြောင်းပြောဆိုပါသည်။

တကယ့်ကိုဘဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလိုလားသလားဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နဲ့စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်တွေ လက်တွေ့သက်သေပြရတော့မယ်



ဆွီဒင်အခြေစိုက်တရားရုံးချုပ်ရှေ့နေ ဦးအောင်ထူးနဲ့ ဘီဘီစီ အင်တာဗျူးအား ဒေါင်းမာန်ဟုန်မှ ကောက်နူတ်ဖော်ပြရေးသားပါသည်..

ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းစွာပြုပြင်ပြောင်းလဲရေးကို လက်ကိုင်သွားချင်တယ်လို့သဘောထားကို ယခုလက်ရှိတက်နေတဲ့ အရပ်သားအသွင်ယူထားတဲ့ စစ်အစိုးရမှာရှိတယ်ဆိုရင်တော့လွယ်လွယ်လေးပါ ..ဖွဲ့စည်းပုံဥပဒေမှာ ပြင်ဆင်ခြင်းအခန်းရှိတယ်.. အဲဒီမှာ ပုဒ်မ၄၃၆ (ခ)နဲ့အညီ လက်ရှိတက်နေတဲ့ ၇၅ရာခိုင်နူန်းကနေပြီးတော့ ပြင်ပေးလိုက်ရင် အသာလေးပြီးသွားမဲ့ကိစ္စပါ.. ဘာမှပြဿနာရှိတဲ့ကိစ္စ မဟုတ်ဘူး.. ကျနော်အဲဒီလိုဘဲမြင်တယ်.

ပုဒ်မ၄၃၆ (ခ)အရဆိုရင် ၇၅ရာခိုင်နူန်းက ခွင့်ပြုပြင်ပေးလိုက်ရုံဘဲ..

မေး.. ဦးအောင်ထူးပြောသလိုပေါ့နော်..စကားလုံးအသုံးအနူံးကိုပြင်ဖို့ လွှတ်တော်အမတ် ၇၅ရာခိုင်နူန်းနဲ့မှ ပြင်ဆင်နိုင်တယ်ဆိုတော့ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ်တွေက အများစုဖြစ်နေတော့ ဒါကရော လက်တွေ့မှာဖြစ်နိုင်ပါ့မလား?

ဒီနေ့ ထုတ်သတင်းစာပါ လွှတ်တော်ထဲက အပြောင်းအလဲများ

သုံးခွမြို့နယ်အတွင်းမှာ ရေရှားပါးလာနေပြီး ရေမသန့်ရှင်းမှုတွေကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါ အတော်များများ ဖြစ်ပွားနေ

NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း

 မသင်းသီရိ VOA
နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက် မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူး လို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြ ထားပါတယ်။

We Generationလူမှုရေးအဖွဲ့ အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်

လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းရေးမှူး၊ပြည်ခိုင်ဖြိုး ပါ ၀င်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိုင်နေသော We Generationလူမှုရေးအဖွဲ့  အား ၄င်းအဖွဲ့၏ တူညီဝတ်စုံအားဝတ်ဆင်ပြီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့် ၄င်းအဖွဲ့ အမည် We Generation အားပြောင်းလဲရန် တားမြစ်ဟန့် တားခဲ့ကြောင်း သိရပါသည်။

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..


ယနေ့ ဂျပန်နိုင်ငံမှာ လေးရက်ကြာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာခဲ့ပါတယ်..။ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက

Sunday, April 22, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)

လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

သာဓု .. သာဓု .. သာဓုပါဗျာ.. (သာဓုခေါ်ဆိုထိုက်တဲ့ သာဓုပါဗျာ သံချပ်အဖွဲ့)

သာဓု .. သာဓု .. သာဓုပါဗျာ

ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါဗျာ” သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေ တင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိ သော အလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။

လွှတ်တော်သို့ သွားရေက်နိုင်မည့်အခြေအနေကို စောင့်ဆိုင်းနေ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ NLD ရုံးချုပ်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေသော ပြည်တွင်းပြည်ပမီဒီယာများထဲမှ လွှတ်တော်ကိစ္စနှင့်ပတ်သတ်၍မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က `လွှတ်တော်သို့သွားနိုင်မယ့် အချိန်ကိုစောင့်နေပါတယ်´ဟုသာပြောဆိုပြီး ထွက်ခွာသွားသည်။

နောင်တော်လေး (Hot News)

တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ

တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သမ္မတကြီးအပါအ၀င် လွှတ်တော်တစ်ခုလုံး နှင့် ပြည်သူများသိစေရန်တင်ပြလိုက်ရပါတယ်။

မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

6103

အငြိမ်းစားမြို့နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း.


 

ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူ အမျိုးသမီးအား အငြိမ်းစားမြို့နယ်မှူး ၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆို သူမှ ဆိုင်ရှေ့တွင်ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..

“ဒီပြဿနာဟာ မကြာခင်မှာ ကျော်လွှားနိုင်လိမ့်မယ်” – talk with Win Htein

အင်တာဗျူး
ဧပြီ ၂၁၊ ၂၀၁၂


Prominent leaders and stalwarts of the NLD, U Win Htein and U Win TinCopyright:Copyright © James Mackay / enigmaimages.netNLD အမတ် အငြိမ်းစားဗိုလ်ကြီးဦးဝင်းထိန်၏ လွှတ်တော်တက်ရေး မတက်ရေး သဘောထားနှင့် မြန်မာနိုင်ငံအနာဂတ်ကာကွယ်ရေး မဟာဗျူဟာအမြင်

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီ (၁) ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ မိတ္ထီလာမြို့နယ်မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်ရဲ့ လွှတ်တော်တက်ရေး ပြင် ဆင်မှု၊ အနာဂတ် ကာကွယ်ရေးမဟာဗျူဟာ အမြင်နဲ့ ကျမ်းသစ္စာ စကားလုံး အသုံးအနှုံး သဘောထားတွေကို ဆက်သွယ်မေးမြန်းပြီး၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား “ကဏ္ဍမှာ၊ ဦးရော်နီညိမ်း က တင်ဆက်ထားပါတယ်။

Saturday, April 21, 2012

မြန်မာနိုင်ငံရဟန်းတော်များအဖွဲ့ချုပ်မှအသိပေးကြေညာချက်ထုတ်ပြန်


 

ဂျပန်က မြန်မာပြည်မှ ပြန်ဆပ်ရမည့်အကြွေး ယန်း ၃၀ဝ ဘီလျံ လျှော်ပေးရန်ရှိ



မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များအား ဂျပန်ဘုရင် အာကီဟီတိုက ဘုရင့်နန်းတော်ဝယ် လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံပွဲပြုလုပ်ရာ သမတဦးသိန်းစိန်နှင့်အတူတွေ့ရစဉ် (reuters )

source: Asahi Shimbun | Bloomberg
မြန်မာပြည်သည် ဂျပန်ပြည်မှချေးယူထားသော အကြွေးတို့ကို ပြန်ဆပ်ရန်အခက်အခဲရှိနေသဖြင့် ယန်း ၃၀ဝ ဘီလျံကို ဂျပန်က လျှော်ပေးမည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ်Yoshihiko Noda တို့ တွေ့ဆုံကြသောအခါ သဘောတူညီမှု စာချုပ်ချုပ်ကြလိမ့်မည်ဟု သတင်းများကဆိုသည်။

ဝန်ကြီးတွေ ၀န်ကြီးချုပ်တွေ နဲ့ နီးစပ်တဲ့ ရွှေဟိန်းထက် ကျောက်မျက်ကုမ္မဏီ လူနေအိမ်.တွေပါသိမ်းဖို့ကြံနေ




မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

သောကြာနေ့၊ ဧပြီလ 20 ရက် 2012 ခုနှစ် သတင်း - ကေအိုင်စီ


တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ် အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။

6103
မြန်မာအစိုးရတပ် ရှေ့တန်းစစ်ဆင်ရေး

မြန်မာနိုင်ငံမှာ နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေ


နေ့စဉ်ရက်ဆက် နေပူချိန်တွေတက်ပြီး၊နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့ အဆင့်ကိုရောက်နေတာမို့ အပူဒဏ်ကို သတိပြုကြနေထိုင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က နှိုးဆော်လိုက်ပါတယ်။အကျိုးအကြောင်း အပြည့်အစုံသိရအောင် ဦးထွန်းလွင်ကို ကိုရွှေအောင် ဆက်သွယ်မေးကြည့်ထားပါတယ်။
ဒီဗွီဘီ

Friday, April 20, 2012

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု


အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့ နောက်မှာ NLD ရဲ့တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။

နမ့်ဆန် ရဲများ ဝိုင်းရိုက်နှက်မှုကြောင့် တအာင်းလူငယ်တစ်ဦး အတွင်းလူနာအဖြစ် ဆေးကုသ ခံယူနေရ


မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နမ့်ဆန်ရဲအုပ် အောင်ကျော်လွင် ဦးဆောင်သောအဖွဲ့ မှ နမ့်ဆန်မြို့ နမ္မဝေါး(လ်) ရပ်ကွက်နေ မိုင်းနိုင်လင်းအား လက်ထိပ်ခတ်ပြီး ရိုက်နှက်သဖြင့် ဦးခေါင်းကွဲကာ နမ့်ဆန် ပြည်သူ့ဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း သိရှိရသည်။

Thursday, April 19, 2012

ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်

ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည် အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။