ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Saturday, March 31, 2012

ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ တည်ဆဲဥပဒေအရ ဆောင်ရွက်ရန် စည်ပင်ပြော

မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများအား တည်ဆဲပဒေအရ ဆောင်ရွက်ရန် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ယနေ့မနက်တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကပြောသည်။


၎င်းက “ ဒီနေ့မနက်မှာ အကြောင်းကြားစာရတယ်။ တည်ဆဲဥပဒေအရဆောင်ရွက်ရမယ်ဆိုတာ ပါလို့ ဘယ်ဥပဒေကိုပြောတာလဲ သိချင်လို့ စည်ပင် အရာရှိနဲ့တွေ့ဖို့သွားတာ မအားသေးဘူးလို့ငြင်းလိုက်တယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပခုက္ကူမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ၀ိုင်ပီအိုင်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ယင်းဌာနမှ ပြောသည်။

ပခုက္ကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုစတာကြီးပေါင်း ၄၉ ခုရှိကြောင်း၊ သို့သော် ယင်းပိုစတာများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လိုက်လံ ချိတ်ခြင်းမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသည့် ပြည်သူများမှ ချိတ်ဆွဲကြိုဆိုကြခြင်းဖြစ်ကြောင်း ဦးပိုက်ကိုက ပြောသည်။ ။
by Yangon Press International

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....