မတ်လ ၁၇ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ ပညာရေးမှုးရုံးကို ထားဝယ်သင်တန်းတဲ့ရမယ့် ဆရာ-ဆရာမ(၇၀) လောက်ကို သင်တန်းကိစ္စဆိုပြီး ခေါ်ယူ ကာ ကြိုတင်မဲ အတင်းအဓမ္မထည့်ခိုင်းကြောင်းသိရပါတယ်။
ကြိုတင်မဲစာအိပ်ပေါ်မှာ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ လိ ပ်စာအပြည့်အစုံရေးခိုင်းပါတယ်။ ပြီးမှကြိုက်တဲ့နေရာထည့်ဆိုပြီးြ ခစ်ခိုင်းတော့သူတို့ထည့်တဲ့ မဲဘယ်သူကိုထည့်တယ်ဆိုတာ သိနေတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်လိုက်ြ ကရ တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမ တဦးက ပြောပါတယ်။
သင်တန်းက မတ်လ ၂၄ ရက်နေ့ မှာ စမှာဖြစ်ပြီး တပါတ်ကြာသင်တန်း ဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်ရမဲ့ ဧပြီလ ၁ ရက်နေ့ တိုက်ဆိုင်လှစွာ ပြုလုပ်ထား တာလည်းတွေ့ ရပါတယ်။ အချို့ဆရာတွေနေတဲ့ လောင်းလုံးမြို နယ်ကကျေးရွာတွေဆို ရင် သင်တန်းတက်ရမဲ့  ထားဝယ်မြို့ သင်တန်းေ နရာနဲ့(၂)မိုင်လောက်ပဲ့ဝေးကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
![]() |
၂၀၁၀ ခုနှစ်က ကြိုတင်မဲများ |
အဆိုပါ သတင်းနှင့်ပါတ်သတ်၍ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာလည်း အခုလိုဖော်ပြထားပါတယ်။
ထားဝယ်ခရိုင်မှာ ဆရာမတွေကို ကြိုတင်မဲ အတင်းထည့်ခိုင်း

ဒီလို ထည့်ခိုင်းရာမှာ မဲပြားထည့်တဲ့ စာအိတ် ပေါ်မှာ မဲစာရင်းအမှတ်၊ မဲရုံအမှတ်နဲ့ မဲဆန္ဒရှင်ရဲ့ နေရပ်လိပ်စာ ပါနေတာကြောင့် မဲထည့်တဲ့ ဆရာဆရာမတွေဟာ စိုးရိမ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုဘဲ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
သင်တန်းက ထားဝယ်မှာ ၂၄ရက်နေ့ တက်ရမှာ ဖြစ်ပြီး ဧပြီလ ၁ရက်နေ့ ပြီးမှာ ဖြစ်ကြောင်း၊ ကြိုတင်မဲထည့်ရမယ့် အကြောင်း ပြောပြီး ကြိုတင် မဲစာအိတ်မှာတော့ နေရပ်ရယ်၊ မဲစာရင်း အမှတ်စဉ်ရယ် ရေးပေးပြီး ထည့်ခဲ့ရကြောင်း၊ ကြိုက်တဲ့နေရာ ထည့်လို့ ရတယ်ပြောပေမယ့် ဆရာမတွေက ကြောက်ပြီး ပြည်ခိုင်ဖြိုးဘဲ ထည့်ခဲ့ကြရကြောင်း ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမတဦးက ဘီဘီစီကို ပြောပြပါတယ်။
အလားတူဘဲ ထားဝယ် ပညာရေးကောလိပ်မှာ ပညာသင်ယူနေတဲ့ လောင်းလုံနဲ့ ကျွန်းစု မြို့နယ်က ကျောင်းသူတွေကိုလည်း ကျောင်းအုပ်ကြီးနဲ့ မော်ကွန်းထိန်းရှေ့မှာ ကြိုတင်မဲ ထည့်ခိုင်းတာကြောင့် ထည့်ခဲ့ရတဲ့ အကြောင်းနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ ထည့်ခဲ့ရတာကြောင့် အများစုဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကိုဘဲ မဲထည့်ခဲ့ရတယ်လို့ ကျောင်းသား မိဘတဦးကလည်း ဘီဘီစီကိုပြောပြပါတယ်။
လောင်းလုံ NLD ပါတီဝင်တွေအဆိုအရ လောင်းလုံမြို့နယ် ကဒက်ကြီးရွာမှာ မဲရုံမှူးလုပ်မယ့် ကျောင်းအုပ်ဆရာမကြီးကလည်း ရွာအုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး ကျေးရွာသားတွေကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကသာ တိုင်းပြည် တည်ဆောက်ရေး လုပ်နေတာမို့ ဒီပါတီကိုဘဲ မဲပေးကြဖို့ အစည်းအဝေးခေါ် ဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။
ဒီကိစ္စကို ရွာသားတွေက လောင်းလုံ NLDကို လာရောက် တိုင်ကြားထားတဲ့အတွက် မြို့နယ် ကော်မရှင်နဲ့ NLD ဗဟိုကို ဆက်လက်တိုင်ကြားထားတယ်လို့ သိရပါတယ်။ဧပြီတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းက လစ်လပ် နေရာ နှစ်ခုဖြစ်တဲ့ လောင်းလုံမြို့နဲ့ ကျွန်းစုမြို့တွေမှာ NLD ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....