ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။
စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....
Friday, March 16, 2012
မဲစာရင်း ပြဿနာစုံ မြို့နယ်ပေါင်းစုံ ကြုံတွေ့ရ
       တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ်စခန်းက ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ဟ၀န်ခံခဲ့ပါတယ်။
တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြခဲ့တဲ့အတွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။
ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။
“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”
သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။
သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။
လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
RFA
 မြင်းခြံ နှင့် နွားထိုးကြီး ကြံ့ဖွံ့  လိုင်းကားများနှင့်လူထုကို လိမ်လည်ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးနေ 
မြင်းခြံမြို့ရှိကားဂိတ်များမှ ဘတ်စ်ကားကုန်ကားများအား အငှားယာဉ်တာဝန်ပေးအပ်ခြင်း
 ခေါင်းစဉ်တပ်ပြီး မထသ မှ ၁၆.၃.၂၀၁၂ နေ့တွင်နွားထိုးကြီး ကြံ့ခိုင်ရေး
ရုံးသို့ပူးတွဲပါစာဖြင့်ကားအစီး
ရေ(၆၀)အားဆင့်ခေါ်ထားပါသည်။
ဂိတ်ပိုင်များနှင့်ကားပိုင်များကလည်းမသွားလိုကြပါ၊ထို့အတူ နွားထိုးကြီးမြို့နယ်
 ရပ်ကွက်ကျေးရွာများမှလူထုအားလည်း တစ်အိမ်တစ်ယောက် မလိုက်မနေရ
 မြို့နယ်လူထုနှင့်နိုင်ငံတော်အဆင့်ငြိင်းချမ်းရေးဖေါ်ဆောင်မှုခေါင်းဆောင်
များတွေ့ဆုံရန်လိမ်လည်ဆင့်ခေါ်ထားပြန်ပါသည်။
နွားထိုးကြီးမြို့တွင်ဧပြီလ(၁)ေ
န့ရွေးကောက်ပွဲနှင့်ချိန်ကိုက်ပြီးကြံ့ခိုင်ရေးပါတီမှ
အတင်းအကျပ် ရွေးကောက်ပွဲဥပဒေကို အာဏာအလွဲသုံးပြီး
Myanmar News Now
အတင်းအဓမ္မဆင့်ခေါ်စာ
ဆင့်ခေါ်ခံရတဲ့ မြင်းခြံမြို့ က ကားအစီးရေ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မဲစာရင်းများမှာ မှားယွင်းမှုများ ရှိနေ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မဲစာရင်းများမှာ မှားယွင်းမှုများ ရှိနေပြီး မှတ်ပုံတင် တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် စာရင်းတွင် သေဆုံးပြီးသူများ၊ အသက်မပြည့်သေးသူများ၊ မဲဆန္ဒနယ် တစ်နေရာထက်ပိုပြီး ပါဝင်နေသူများလည်း ပါဝင်နေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အချို့ထံမှ သိရသည်။
''ကျွန်မတို့ မရမ်းကုန်းမြို့နယ်မှာ ၁၀ ရပ်ကွက်ရှိတယ်။ မဲစာရင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကပ်တယ်။ ကျွန်မတို့က တစ်စုံတောင်းပြီး ပြန်စစ်တော့ တော်တော်များများ ကျန်တာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့ ပြောရင်တော့ ရပ်ကွက်တစ်ခုမှာဆိုရင် နိုင်ငံသားကတ် တစ် ခုတည်းနဲ့ကို လူတစ်ထောင်ကျော် တွေ့ရတယ်။ နာမည်လည်း မတူဘူး။ အဖေနာမည်လည်း မတူဘူး။ နောက်ရပ်ကွက်တစ်ခုမှာဆိုရင် ထပ်တာတို့၊ ကျန်တာတို့ဟာ အများဆုံး ၄၀၀ ကျော်အထိ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ ၁၀၀ ကျော် ရှိတယ်။ ၂၀၀ ကျော် ရှိတယ်''ဟု မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ ထိုသို့ မဲစာရင်းတွင် မဲစာရင်း မပါဝင်သူများ ရှိခြင်း၊ တစ်ကြိမ်ထက်ပို၍ ပါဝင်နေခြင်း၊ သေဆုံးသူများ ပါဝင်နေခြင်းစသည့် မဲစာရင်း မှားယွင်းမှုများမှာ ကွန်ပျူတာ အမှားသာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ခွဲများက အကြောင်းပြန်ကြောင်း လည်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ အဆိုပါ မဲစာရင်း မှားယွင်းနေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ညွှန်ကြားတယ်။ မဲစာရင်းမှာ မှားနေတာ၊ ကျန်နေတာ၊ ကလေးတွေပါတာ၊ ကွယ်လွန်တဲ့သူတွေ ပါတာ၊  ဒါတွေကို မဲစာရင်းနံပါတ်နဲ့ အတိအကျ အသေအချာစာနဲ့ ရေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပါလို့၊ အမြန်ဆုံးကို တင်ပါလို့ ပြောထားတယ်။ ကော်မရှင်က ရွေးကောက်ပွဲနေ့ မတိုင်မီအချိန်အထိ ပြင်နိုင်တယ်လို့ ပြောတယ်။ သူတို့ ပြင်ပါလိမ့်မယ်။ လူနာမည်အများကြီးနဲ့ မှတ်ပုံတင်တစ်ခုတည်း ဒါမျိုးတွေ ကျွန်တော်တို့မှာ ရှိတယ်။ မဲလာမပေးရင် ကိစ္စမရှိဘူး။ မဲလာပေးရင် ကန့်ကွက်မယ်။ မဲရုံကလည်း ကန့်ကွက်လို့ရတယ်'' ဟု ပြောကြားခဲ့သည်။
လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၁၁၇ ရုံ ထားရှိသွားမည်ဖြစ်ပြီး လူဦးရေ တစ်သိန်းသုံးထောင်ကျော် မဲပေးပိုင်ခွင့် ရှိကြောင်း မြို့နယ်ကော်မရှင်ခွဲမှ သိရှိရကြောင်း ဒေါက်တာမေ၀င်းမြင့်က ဆိုပါသည်။ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) မှ ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဒေါက်တာမေ၀င်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ ဦးရဲမင်းသိန်း(ခ)ရသ၊ မြန်မာအမျိုးသားကွန် ဂရက်ပါတီမှ ဒေါ်ဟေမာဌေးနှင့် တစ်သီးပုဂ္ဂလအဖြစ် ဦးခင်လှိုင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
EMG
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....