ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ က မကွေးမြို့ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလိုသော ဆိုင်းဘုတ်အားတပ်ဆင်ထားရာ အာဏာပိုင်အဖွဲ့အစည်း၏ အမိန့်မပါပဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးက ဖြုတ်ချသွားပါသည်။
မကွေးမြို့  အိုးဘိုရပ် 7လမ်း အရှေ့ထိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နံနက် (၉)နာရီ လောက်မှာ တင်ထားတဲ့ ဆိုင်းဘုတ်ကို နေ့ လည် (၁၂)နာရီလောက်မှာ ဖြုတ်ချခံရတာဖြစ်ပါသည်။
မကွေးမြို့၊ မြို့မရပ်၊ ဘုရားလမ်းတွင် နေထိုင်သော ဦးနန်းလှိုင်(ရွှေသွေး)မော်တော်ယာဉ်ပိုင်ရှင် ကြံ့ဖွတ်ပါတီရပ်ကွက်ခေါင်းဆောင်၊ ဦးနန်းလှိုင်၏ ခိုင်းစေချက်အရ ကြံ့ဖွတ်ပါတီဝင် စိုးပိုင် ဆိုသူ မှဖြုတ်ချသွားတာဖြစ်ကြောင်းသိရပါသည်။ စိုးပိုင် သည် အလုပ်မရှိအကိုင်မပဲ သူများခိုင်းတာ လုပ်နေရ သူဖြစ်ကြောင်းလည်း မကွေးမြို့ များက ပြောပြပါသည်။
စိုးပိုင် သည် အများပြည်သူ၏ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ ဆိုင်းဘုတ်အား ဦးနန်းလှိုင်၏ ခိုင်းစေချက် တစ်ခုတည်းဖြင့် ဖြုတ်ချသွားပါသဖြင့် မတ်လ(၉)ရက်နေ့ တွင် မြို့နယ် ကော်မရှင်ရုံးသို့ တိုင်ကြားထားကြောင်း မကွေး NLD အဖွဲ့ ဝင်တဦးက Myanmar News Now ကိုပြောပါသည်။
Myanmar News Now
သစ်ထူးလွင်3/12/2012
ကျေးရွာ အုပ်ချုပ်ရေးမှူး အလွဲသုံးမှု တိုင်ကြားသူ ထောင်ကျ
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် လူးခင်းကျေးရွာအုပ်စု ပျားဆွဲအရှေ့ကျေးရွာ အုပ်ချုပ်ရေးမှုးသည် မူလတန်းကျောင်းရန်ပုံငွေ၊ စာကြည့်တိုက်ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ကြောင်း သက်ဆိုင်ရာ သို့တိုင်းကြားစာပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်းခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြာင်း ထောင်ချခံခဲ့ရသူ ဦးဘိုကြိုင်က The Voice Weekly သို့ ပြောကြားသည်။
တိုင်ကြားစာပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့သုံးဦးသည် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေးကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြရာ အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက မမှန်မကန် လီဆယ်ပြီး တန်ပြန်တိုင်ကြားသဖြင့် ဇန်န၀ါရီလ၁၉ ရက်နေ့မှ ဖေဖောဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ်တစ်လ ကျခံခဲ့ရကြောင်း ၄င်း၏ အဆိုအရသိရ သည်။
The Voice Weekly
တိုင်ကြားစာပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့သုံးဦးသည် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်
The Voice Weekly
သစ်ထူးလွင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲဆန္ဒရှင်စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ်မဲဆန္ဒရှင် စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း သိရှိရ..
မဲဆန္ဒရှင် စာရင်းများ မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုသွားပါတယ်...။ ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ် မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။ မဲဆန္ဒနယ်အသီးသီးမှာ မှားယွင်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး နည်းတာနဲ့ များတာပဲ ကွာတယ်လို့လည်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဖားကန့်မြို့နယ်မှာလည်း တနိုင်ငံလုံးပုံမှန် မဲစာရင်းထုတ်ပြန်မှုထက် ၅ရက်ခန့် နောက်ကျနေပြီး ကလေးသူငယ်များ၊ သေဆုံးသူများ မဲဆန္ဒရှင် စာရင်းမှာ ပါဝင်နေသည့်အပြင် ရွာလုံးကျွတ် မဲဆန္ဒရှင်များ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်...။ သန်းခေါင်စာရင်း၌ ပါဝင်ပြီး မဲစာရင်း၌ မပါဝင်မှုများ၊ သေဆုံးသူစာရင်းများ အသက်မပြည့်သေးသည့် ကလေးစာရင်းများ၊ နေအိမ်မရှိပဲ လူစာရင်းများ ပါဝင်နေမှုများ လူတဦးမှ နေရာအနှံအပြား မဲပေးနိုင်ခွင့် စာရင်းမှာ ပါဝင်နေမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ မဲစာရင်းများ မှားယွင်းဖော်ပြမှုများ မသမာမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်များအား ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်...။
အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပဲ သပိတ်မှောက်ခဲ့သည့် ယခင် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မဲသမာမှုများ ကြိုတင်မဲများဖြင့် အနိုင်ရယူမှုများ နေရာအနှံအပြားမှာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အဆိုပါမဲစာရင်း မှားယွင်းနေမှုများအား ထောက်ပြ ပြောဆိုသွားပြီး သေဆုံးသွားသူများလည်း မဲစာရင်းများမှာ ပါဝင်နေကြောင်း ထောက်ပြပြောဆို သွားပါတယ်...။
ယခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ် ၂ဦးစီ မဲရုံတိုင်းမှာ စောင့်ကြည့် အကဲခတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြည်သူလူထုမှလည်း မဲရုံဝန်းကျင်များမှာ စောင့်ကြည့်အကဲခတ်နိုင်ပြီး မသမာမှုများအား တွေ့ရှိပါက ချက်ခြင်းတိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်...။ လာမယ့် ဧပြီလ (၁)ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအား တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်အား မြန်မာပြည်သူများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ အလေးထား စောင့်ကြည့်လျှက်ရှိပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ် ဆိုတဲ့ လက်ရှိ အာဏာရ အစိုးရရဲ့အား စမ်းသပ်ခံ မှတ်ကျောက်တင်မည့် အရေးပါသည့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်..။
သတင်း။.... ။ ဒီမိုဝေယံ
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....