မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံး ဥက္ကဌလုပ် ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။
ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ် ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။
စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟု ဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ် ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်း စဉ်မှာ သံသယရှိဖွယ် ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာ ကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏ မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။
By facebook
ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း
စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည်
By
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....