ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။
စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....
Saturday, March 31, 2012
နေပြည်တော်စည်ပင်ဝန်ထမ်းများကို ကြံ့ဖွံ့ ကို မဲမထည့်ပါက ထောက်ပံကြေးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထား
ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ့ ပေးကြဖို့ လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ့ ပါတယ်။
မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှာကြိုတင်မဲများကို ကောက်ယူနေ ကြပြီဖြစ်ပါသည်။
ထိုသို့ကောက်ယူကြရာတွင် မြို့ပေါ်ရှိရပ်ကွက်အချို့နှင့်နယ်ဘက်ရှိ ပခန်းကြီး၊ပခန်းငယ်နှင့်ကျေးရွာအချို့တွင် မဲလက်မှတ်များပေါ်မှာဖယောင်းသုတ်ထားကြောင်း၊ယင်းနေရာသည် အဖွဲ့ချုပ်ကိုယ်စားလှယ်နှင့် တည့်တည့်အကွက်တွင်ဖြစ်ကြောင်း ဒေသခံများကမြို့နယ်အဖွဲ့ချုပ်ရုံးသို့ လာရောက်ပြောကြပါသည်။
မှင်မထင်လို့ ထိုအကွက်ပေါ်သို့ အထပ်ထပ်ခြစ်သော် အစင်းကြောင်းများဖြစ်သွားကာ ပယ်မဲဖြစ်မည်စိုးလို့ပြန်လဲပေးဖို့ တောင်းသော်လည်း လဲမပေးနိုင်ဘူးဟု အချို့ မဲရုံမှူးများက ပြောကြသည်ဟုလည်းသိရပေသည်။ ယင်းပြဿနာကို ယနေ့ မတ်လ(၃၁)ရက်နေ့ နံနက်တွင် ရေစကြို မြို့ နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ရုံးသို့သွားရောက်တင်ပြ ထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။
Myanmar News Now
NLD ကိုယ်စားလှယ်လောင်း ဟောပြောပွဲ ကျင်းပတဲ့ အိမ်ရှင်ကိုမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ခေါ်စစ်မေး
ပုသိမ်-မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)
ငါးသိုင်းချောင်းမြို့နယ်ခွဲကင်ပွန်းချဉ်ကုန်းကျေးရွာတွင် NLDကိုယ်စားလှယ်လောင်း ဒေါက်တာလှမြတ်သွေး ဟောပြောပွဲ ကျင်းပခွင့်ပေးခဲ့သည့် အိမ်ရှင်ဦးလှမြင့်အား မတ် ၂၉ ရက် နေ့နံနက်ပိုင်းတွင် နေအိမ် မှရေကြည်မြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် ကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာမှ နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆို
စနေနေ့၊ မတ်လ ၃၁၊ ၂၀၁၂
နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာတာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်း သို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။
အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့ မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက်နေ့ည ၁၀နာရီခွဲအချိန်တ...ွင် ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။
ံHtet Htet Moe Oo
Edo ၏ ဖန်တီးချက်
မတ် ၃၁၊ ၂၀၁၂
Nay Myo Aye – တဖက်သတ်အခြစ်ဟာ ဆိုးပါသည်
ကာတွန်းနေမျိုးအေး – မပြောလဲသိပါတယ်၊ ရှေးကထက်တောင် ပိုချစ်မယ်
မတ် ၃၁ ၊ ၂၀၁၂
ကျနော် တယောက်တည်း ၄ မဲ ပေးခဲ့ဖူးတယ် – forceing to vote for USDA
ကြယ်ဖြူ
မတ် ၃၁၊ ၂၀၁၂
“–-ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက–-”
ဟိုတနေ့ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ဧပြီလ ၁-ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိစေရမယ်” လို့ ပြောကြားခဲ့တဲ့အပေါ် ကြိုဆိုသံတွေလည်း ထွက်လာသလို၊ ဝေဖန်သံတချို့လည်း ကြားခဲ့ရပါတယ်။
လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို မဲရုံထဲ ဝင်ခွင့်မပေးပဲ မဲရုံပတ်ဝန်းကျင် ကိုက် ၅၀၀-အပြင်မှာ နေရမယ်ဆိုလို့ ဒီလိုသာဆိုရင် မဲရုံစဖွင့်တဲ့အချိန်၊ မဲထည့်နေတဲ့အချိန်၊ မဲရေတွက်တဲ့ အချိန်တွေမှာမဲပုံးထဲမှာ ကြိုတင်မဲတွရှိနေသလား၊ မဲလာထည့်သူတွေကို ဖိအားပေးမှုတွေ ရှိသလား၊ မဲခိုးရေတွက်တာတွေရှိသလား ဆိုတာကို စောင့်ကြည့်လို့ မရနိုင်တဲ့အတွက် ဒီအပေါ်မှာ စိုးရိမ်တယ်လို့ တချို့က ဆိုပါတယ်။
မြန်မာသင်္ကြန်ပြန်ဆင်နွဲမည့် ရွှေ့ပြောင်းအလုပ်သမားများ အကြပ်ကိုင် ငွေညှစ်ခံရ
စနေနေ့၊ မတ်လ 31 ရက် 2012 ခုနှစ် ကေအိုင်စီ
သင်္ကြန်ပွဲ ဆင်နွဲရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှတဆင့် နေရပ်ပြန်ကြသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားများကို နှစ်ဖက်နယ်စပ်တွင် အုပ်စုဖွဲ့ကျက်စားနေကြသည့် မြန်မာအချို့က လိုရာခရီး ပို့ဆောင် ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး အကြပ်ကိုင် ငွေညှစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြာင်း မြန်မာအလုပ်သမား များက ပြောသည်။
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)
Cartoon Saw Ngo – ရွေးကောက်ပွဲကို သိမ်းကြစို့
ကာတွန်းစောငို – ရွေးကောက်ပွဲကို သိမ်းကြစို့
မတ် ၃၁၊ ၂၀၁၂
တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ခွေးသူရမ်းကြီး လွတ်နေခြင်း
ကျွန်တော်တို့နေပြည်တော် တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် အမည်ရ ခွေးသူရမ်းကြီးလွတ်နေပါသည်။
မ ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း အရှုပ်တော်ပုံအပိုင်း (၁)
 ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း 
Friday, March 30, 2012
၂၆-၃-၂၀၁၂ နေ့က သီလဝါ မီးလောင်မှု မြင်ကွင်း ဓာတ်ပုံ China News
ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း
အရှုပ်တော်ပုံအပိုင်း (၁)
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၏ အရှုပ်တော်ပုံကြောင့် ပြည်သူ့ဘဏ္ဍာမှ ပံ့ပိုးထားတဲ့ စာရင်း ကွာဟမှုများကို ဖြေရှင်းရန်အတွက် ၂၆-၃-၂၀၁၂ နေ့ ညနေ ပိုင်း မှ ၂၇-၃-၂၀၁၂ နေ့ နံနက် စောစောအထိ ကျောက်တန်းမြို့နယ်၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တွင် ပြည်ပသို့တင်ပို့ရန် စုပုံထားသည့် ကျွန်းသစ်လုံးကြီးများ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မတရားလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်မည်
လင်းဘိုဘို | သောကြာနေ့၊ မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
သောကြာနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေကြောင်း မည်သို့ပင် ရှိစေကာမူ လူထုလိုလားသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
နစက ဗိုလ်ကြီး သင်္ကြန် စရိတ်အတွက် ကျေးရွာသားများပိုင် မီးသွေးအိတ်များကို သိမ်းပြီး ငွေရှာ
မောင်အေး 
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တာဝန်ကျနေသော နစက ဗိုလ်ကြီး တစ်ဦး၏ သင်္ကြန် စရိတ် အတွက် လိုအပ်နေသော ငွေကို ဖြည့်ဆည်း ပေးရန် အတွက် တပည့် ဖြစ်သူ တပ်ကြပ်က ပြည်သူများပိုင်ဆိုင်သော မီးသွေးအိတ်များကို လွန်ခဲ့သော အပတ်က လိုက်လံ သိမ်းယူသွားခဲ့ကြောင်း သတင်း ရရှိသည်။
Charcoal
ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ တည်ဆဲဥပဒေအရ ဆောင်ရွက်ရန် စည်ပင်ပြော
မတ်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)
ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများအား တည်ဆဲပဒေအရ ဆောင်ရွက်ရန် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ယနေ့မနက်တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကပြောသည်။
ဆန္ဒမဲ အတင်းအကြပ်ပေးခိုင်ခြင်း
၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတွင် ကျင်းပပြုလုပ်တော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ဒီမိုကရေစီကို မျှော်လင့် တောင်းတလျက်ရှိသော မြန်မာပြည်သူ ပြည်သား အားလုံးအတွက် ရင်ခုန်စရာ နေ့တစ်နေ့ ဖြစ်ပါတယ်။
Friday, March 30, 2012
မချိပြောနဲ့ … မောတော့မယ် ..
ကာတွန်း – ကူမိုးကြိုး
မတ်လ ၂၉၊ ၂၀၁၂
မိုးမခ
ဒေါ်စု ရုပ်ပုံပါ တီရှပ်ဝင်ဆင်သူ အရိုက်ခံရမူ ရဲတွင် အမူဖွင့်၍ မရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ ဒေါ်အောင်ဆန်းစုကြည် အရုပ်ပါ တီရှပ် ၀တ်သဖြင့် လက်သီးဖြင့် ပစ်ထိုးခံရသူက အဆိုပါ ကိစ္စကို ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ရဲက အမူကို လက်မခံဘဲ ပယ်ချ ခဲ့သည်ဟု သတင်း ရရှိသည်။ 
Buthedaung-watch-tower
ပခုက္ကူရှိ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရိုက်နှက်ခံရ
မကွေးတိုင်း ပခုက္ကူ မြို့နယ် မြင်းဝင်း ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးပုံ မှန်ကန်စေရန် ရည်ရွယ်၍ မဲပေးနည်းသရုပ်ပြ သင်တန်း ပို့ချနေသည့် ကျေးရွာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု
မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံး ဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။
Wednesday, March 28, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနဲ့ စပ်လျဉ်းသည့် ကြေငြာချက်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ ကြေငြာချက်များ..
Wednesday, March 28, 2012 ဒီမိုဝေယံ
လွပ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင်တောင် နိုင်ငံရေး လွတ်လပ်ခွင့်မဟုတ်ဟု အေအေပီပီပြော
နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ပြစ်ဒဏ်ချမှတ်နေတဲ့ သက်သေတွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက် ပွဲဟာ နိုင်ငံရေးနဲ့ နိုင်ငံသား လွတ်လပ်ခွင့် ရှိတယ်လို့မဆိုနိုင်ဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)က ပြောပါတယ်။
မြန်မာ့တရားရေး ပိုပြီးပျက်စီးလာနေ
2012-03-26
မြန်မာပြည်ရဲ့အပြောင်းအလဲကာလ တရားစီရင်မှု တစ်ချို့မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လှည့်ဖျားခဲ့တာတွေ ရှိနေတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
(Photo: AFP)
ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
Friday, March 23, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များမှ ပိတ်ပင်...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ်မှာ ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်းများမှ ဖိအားပေး ပိတ်ပင်ထားကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။
ရွေးကောက်ပွဲဆိုင်ရာ မရားလုပ်ဆောင်မှုများ NLD ကြေညာချက်ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့ ရွေးကောက်ပွဲဆိုင်ရာ မတရားလုပ်ဆောင်မှုများအား ထုတ်ပြန်ကြေငြာချက်..
နေပြည်တော်တွင် NLD ကိုယ်စားလှယ်လောင်း လောက်လေးခွဖြင့် ပစ်ခတ်ခံရ
NLD ပါတီအမှတ်တံဆိပ်
NLD ပါတီအမှတ်တံဆိပ်
မပွင့်ဖြူပြုံး
နေပြည်တော်မှာ အန်အယ်လ်ဒီထောက်ခံသူ မီးမရ
နေပြည်တော်တိုင်း မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်ကို လျှပ်စစ်မီးမပေးဘဲ ချန်လှပ် ထားတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောပါတယ်။
မဲဆွယ်စည်းရုံးရေး မသမာမှုတွေ NLD သတင်းထုတ်ပြန်
သင်းသီရိ  
22 မတ် 2012
ဓာတ်ပုံ National League for Democracy
မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပိုစတာများ အဖျက်ဆီးခံရပုံ
ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ဥပဒေနဲ့ မကိုက်ညီတဲ့ မဲဆွယ်စည်းရုံးမှုတွေ ပိုများလာနေပြီး မသမာတဲ့ လုပ်ရပ်တွေလည်း ပိုဖြစ်လာနေတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။  ဒီလို ဥပဒေနဲ့ ဆန့်ကျင်တဲ့ မဲဆွယ်မှုတွေနဲ့ လုပ်ရပ်တွေကို အများပြည်သူ သိရှိအောင်နေ့စဉ် သတင်းတွေ ထုတ်ပြန် အသိပေး သွားမယ်လို့လည်း NLD က ပြောပါတယ်၊ ဘယ်လိုအခြေအနေတွေကြောင့် အခုလို NLD ဖက်က အသိပေးချက်တွေ ထုတ်ပြန်နေတာနဲ့ ပတ်သက်ပြီး မသင်းသီရိက  တင်ပြပေးထားပါတယ်။
Thursday, March 22, 2012
ချင်းလွှတ်တော် အမတ်ကို စစ်တပ် ခြိမ်းခြောက်
မသင်းသီရိ
ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ  စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေးအဖွဲ့က ထောက်ပြပါတယ်။
Wednesday, March 21, 2012
မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း
ပြီးခဲ့တဲ့ မတ် ၁၈ရက် ညနေက  မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော် ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထား တဲ့ ကား ၁ စီးဟာ  ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။
မြင်းခြံ NLD အောင်နိုင်ရေး အဖွဲ့ဝင်တဦးကို SB က ခြိမ်းခြောက်
လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်  စည်းရုံးရေး ပြုလုပ်နေသည့် စည်းရုံးရေး အဖွဲ့ဝင်တဦးဖြစ်သည့် ကိုကိုနိုင် နေထိုင်တဲ့ ထနောင်းတိုင်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့  အထူးရဲ သတင်းတပ်ဖွဲ့(SB)မှ ကိုကိုနိုင်၏ ကိုယ်ရေးရာဇဝင်နဲ့ သတင်းအချက်အလက်တွေကို မတ်လ ၁၆ ရက်နေ့က လာရောက် စုံစမ်းမှုတွေ ပြုလုပ်နေသည်လို့ သတင်းရရှိပါသည်။
Tuesday, March 20, 2012
မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ
အသည်းကြားက မဲတစ်ပြားဟု ဆိုကြ၏။ ဆိုလိုသည်မှာ မဲတစ်ပြား၏ တန်ဖိုးကြီးပုံ၊ အရေးကြီးပုံကို တင်စားပြောဆိုခြင်းဖြစ်ပေသည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြုပြင်ဖန်တီးမည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာ၌ မဲတစ်ပြားသည် လွန်စွာမှ တန်ဖိုးကြီး၏။ အရွေးမှားက ခွေးများဖြစ်သွားနိုင်၏။
ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊ ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။
မူးယစ်နေသော ဒုရဲအုပ် ဖမ်းဆီးနှိပ်စက်၍ အရပ်သားတစ်ဦးကို ဆေးရုံတင်ရ
မောင်ရမ္မာ 
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မတ်လ ၁၅ ရက်နေ့က အရပ်သားတစ်ဦးကို အရက်မူးနေသော ဒုရဲအုပ်တစ်ဦးမှ တရားလက်လွှတ် ဖမ်းဆီး နှိပ်စက်သဖြင့် ယခုအခါ ဆေးရုံ တင်ထားရသည်ဟု သတင်း ရရှိသည်။
images
မောင်တင်ဝင်းအား ဆေးရုံတွင် တွေ့ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ
2012-03-19
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ကန့်ဘလူ မဲစာရင်း အလွဲအမှား တသောင်းနီးပါးရှိဟု NLD ဆို
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်
ချင်းမိုင်(မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၃ နယ်မြေတွင် ပါဝင်သည့် ကန့်ဘလူမြို့နယ် မဲစာရင်း လွဲမှားမှု အရေအတွက် တသောင်းနီးပါး ရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီက ပြောသည်။
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ စု၌ ကျေးရွာပေါင်း ၂၇၁ ရွာ ရှိရာတွင် မဲပေးနိုင်သူဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိသည့်အနက် လူဦးရေ တသောင်းနီးပါးမှာ မဲစာရင်း လွဲမှားမှု အမျိုးမျိုး ဖြစ်နေသည်ဟု NLD
ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီဝင် ကိုဝင်းအောင် က ပြောသည်။
မန္တလေးဗုံးကွဲ ၊ လူငယ် ( ၃) ဦးသေဆုံး
March 19, 2012 by နေသွင် 
မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ် စက်မှု (၁) ဇ ရပ်ကွက်ထဲမှာ ဒီနေ့ မနက် ၁၀ နာရီ လောက်က ဗုံးတလုံး ပေါက်ကွဲ သွားတာကြောင့် လူငယ် ၃ ယောက် သေဆုံး သွားပါတယ်။
ပုဂ္ဂလိကပိုင် သံရည်ကြို စက်ရုံတခု မှာ သံထည်တွေ ကြားထဲကနေ ဗုံးတလုံး ပေါက်ကွဲ တာ ဖြစ်ပြီး၊ နောက်ထပ် မပေါက်သေးတဲ့ ဗုံးတချို့ကို လည်း တွေ့ရတယ်လို့ စက်ရုံဝင်းထဲ က မျက်မြင် တဦးက ပြောပြပါတယ်။
“သေတာ ၃ယောက်။ လူငယ်လေးတွေ။ ၁၃နှစ် ၁ ယောက် ပါတယ်။ ၁၆နှစ် အရွယ်က ၂ယောက်။ မပေါက်သေးတဲ့ ဗုံး ၃လုံး ကျန်တယ်။ အခု အာဏာပိုင် အဖွဲ့တွေ ရောက်နေပြီ။ ရဲတွေအပါအ၀င် စစ်တပ်ရောဘဲ။ စက်ရုံက ပြောတာတော့ စက်ရုံဝင်းထဲမှာ သံ အရောင်း အ၀ယ် လုပ်တဲ့ အလုပ်ရုံ နာမည်ကတော့ နိုင်စိုးပိုင် လို့ ရေးထားတယ်။ ပုဂ္ဂလိက လုပ်ငန်း အသေးစားလေးပါ။ လုပ်ငန်းခွင်ထဲမှာ သံရွေးရင်း ဆယ်ရင်းနဲ့ အခုလို ဖြစ် သွားတာ။ အလုပ်သမားကတော့ ဒီ သံကို သန့်စင်တဲ့ လုပ်ငန်းမှာ လုပ်တာကတော့ ၅ယောက်ပဲ။ ကလေး ပေါက်စလေး တယောက်နဲ့ မိန်းကလေး တယောက်လည်း မသေဘူး။ ၃လုံးက အခု ၁လုံး ဆိုရင် နားလည်တဲ့သူတွေ အပြောအရ တော်တော်ပြင်းတယ်တဲ့။ ဒီလို ဗုံး အသေးလေး ပေါက်ကွဲလိုက်ရင် မသက်သာဘူးတဲ့။”
ပေါက်ကွဲမှု ဖြစ်တဲ့ သံရည်ကြို စက်ရုံဟာ ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်း ဘေးက စက်မှု ရပ်ကွက်မှာ ရှိတာ ဖြစ်ပါတယ်။ အနီးအနားမှာ တခြား စက်ရုံတွေလည်း သူ့ဝင်းနဲ့ သူ ရှိပြီး လူနေရပ် ကွက်နဲ့တော့ လှမ်းတယ်လို့ ဒေသခံက ပြောပါတယ်။
အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?
မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?
အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။
ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲ ထည့်ခိုင်း
ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး
သူ့ရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက တောင်သာတ၀ိုက်မှာ ကားတန်းတွေနဲ့ စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတုန်း သောကြာနေ့တုန်းက ယာဉ်တိုက်မှု ဖြစ်သွားတာပါ။
အခင်းဖြစ်ပွားရာ အနီးဝန်းကျင်းဒေသခံတယောက်က “ဦးအောင်သောင်းက သူ့ရဲ့ စည်းရုံးရေးခရီးစဉ်အတွက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာတို့ ဒီနားမှာရှိတဲ့ ယာဉ်လိုင်းငယ်တွေကို ချောသဘောမျိုး ခေါ်တယ်။ အဲဒီထဲက ရွှေမြန်မာလိုင်းက ၁က၊၆၃၆၄ ခင်ဗျ။ မိုင်တိုင်အမှတ် ၁၂ လောက်မှာ နွားထိုးကြီးနဲ့ အနောက်ဘက် ရှစ်မိုင်အကွာမှာပါ။ တိုက်ခံရတဲ့သူက ဦးကံစိန်ပါ။ အသက် ၃၈ နှစ် အလုပ်အကိုင်က အထမ်းသမားပါ။ သူတို့ မိသားစုမှာ ကလေး ၂ ယောက်ရှိတယ်။ တော်တော်လေး ဆင်းရဲနွမ်းပါတယ်။”လို့ ပြောပါတယ်။
ဥတ္တရသီရိမြို့ နယ်မှာ ပါတီမဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူ နဲ့ အဖွဲ့  လောက်လေးခွနဲ့ တိုက်ခိုက်ခံရ
နေပြည်တော် ဥတ္တရသီရိမြို့ နယ်မှာ ပါတီမဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ NLD ကိုယ်စား
လှယ်လောင်း ဦးမင်းသူ နဲ့ အဖွဲ့ ကို မတ်လ ၁၈ ရက်နေ့ တနင်္ဂနွေ ညနေပိုင်း ၇ခွဲမှာ
 လောက်လေးခွနဲ့ တိုက်ခိုက်ခံရပါတယ်။ ဦးမင်းသူ ရဲ့ လုံခြုံရေးအဖွဲ့ မှာပါတဲ့ မပွင့်ဖြူ ခေါင်းမှာထိလို့ ဆေးရုံပို့ထားရပါတယ်။ ဦးမင်းသူ နဲ့ အင်တာဗျူးအသံဖိုင်ကို
အောက်မှာနားထောင်နိုင်ပါတယ်။ ဒီဗွီဘီ က မေးမြန်းထားတာဖြစ်ပါတယ်။
သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာအစိုးရမှပိတ်ဆို့ လိုက်ပြီ
မြန်မာပြည်တွင်းမှာယနေ့ မြင်တွေ့ ရတဲ့ www.thithtoolwin.com
ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.comကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။
Friday, March 16, 2012
မဲစာရင်း ပြဿနာစုံ မြို့နယ်ပေါင်းစုံ ကြုံတွေ့ရ
Wednesday, March 14, 2012
သမ္မတ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့ နိုင်ငံရေးသမား တဦး စစ်ဆေးခံနေရ
       ပြည်ပရောက်နေသူများ မြန်မာပြည်တွင်းသို့ ပြန်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအရ ပြည်တွင်းကိုပြန်သွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ တွဲဖက် အတွင်းရေးမှူး ဟောင်း တဦးဟာ ဒေသခံ အာဏာပိုင် တွေရဲ့ စစ်ဆေး မေးမြန်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
       ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့ ဦးသန်းနိုင် ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ မာန်အောင်ကို ပြန်လာခဲ့ပါတယ်။
        မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့ပေမယ့်လည်း မတ်လ ၁၁ ရက် နေ့မှာ မြို့နယ်ရဲစခန်းမှူး၊ ရဲအုပ်နဲ့ ကျောက်ဖြူခရိုင် အထူးရဲတပ်ဖွဲ့တွေ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး လာရောက် မေးမြန်း ဓာတ်ပုံရိုက် ယူကာ နောက်ထပ် လိုအပ်ရင်လည်း မေးမြန်းဖို့ ခေါ်ယူမယ်လို့ ပြောဆိုခဲ့တယ်လို့ ဦးသန်းနိုင်က ပြောပါတယ်။
Tuesday, March 13, 2012
မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ
ဖြုတ်ချခံရတဲ့ ဆိုင်းဘုတ်
ဆိုင်းဘုတ်ဖြုတ်ချတဲ့ တရားခံ စိုးပိုင် (ကြံ့ဖွံ့ အဖွဲ့ ဝင်)
ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ က မကွေးမြို့ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလိုသော ဆိုင်းဘုတ်အားတပ်ဆင်ထားရာ အာဏာပိုင်အဖွဲ့အစည်း၏ အမိန့်မပါပဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးက ဖြုတ်ချသွားပါသည်။
Saturday, March 10, 2012
တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း
      ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ ဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ ချုပ်နှောင်ခံထားရပြီး အသက်အန္တရာယ်ပါ စိုးရိမ် ရသည့် အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။
     အင်းကောင်းအမြောက်တပ်၏တပ်ရင်းမှုးမှာ ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။
       တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက် ၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း
 တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံးသို့ စာတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
      အင်းကောင်း အမြောက်တပ်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်း တပ်ရင်းမှူးလုပ်ခဲ့သည့် တပ်ဖြစ်သည်။ 
      ယခုလ ၆ ရက်က တပ်သားကျော်ဇင်ဝင်းလွတ်မြောက်လာသည်ဟု သတင်းရသောကြောင့် NLD အဖွဲ့ဝင်များက လိုအပ်သည်များကူညီဖြည့်ဆည်းပေးရန် သွားရောက်တွေ့ဆုံခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ဘဲ မြေအောက်ခန်းထဲတွင်ချုပ်နှောင်ထားသည်ကို သိရှိခဲ့ရကြောင်း တောင်ကြီးမြို့ NLD အဖွဲ့ဝင်တစ်ဦး ကပြောသည်။ 
၎င်းကိစ္စနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပေ။
YPI
 သစ်ထူးလွင်  
မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ်
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် လာမည့်အင်္ဂါနေ့တွင်စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
       ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်
       သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးနိုင်သော မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်ဟု ဦးကြီးမြင့် က ဧရာဝတီသို့ ပြောသည်။
            ယနေ့ နှစ်ဘက်လျှောက်လဲချက်ပေးရာတွင် တရားလိုဖြစ်သူ အစိုးရဘက်က အမိန့်ချမှတ်နိုင်ရန် ဆွဲဆိုချက်နှင့် ပတ်သက်၍ အင်တာနက်တွင်တွေ့ရှိရသော ပဒိုမန်း ငြိမ်းမောင်၏ ရာထူးတာဝန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကာယကံရှင်ကိုယ်တိုင် ထွက် ဆိုချက်များကို ကိုးကားတင်ပြသွားသည်ဟု ဆိုသည်။
ပဒိုမန်းငြိမ်းမောင်ကို စစ်တဲ့အခါ၊ အပြန်အလှန်မေးတဲ့အခါကြတော့ သူဟာ KNU ဗဟိုကော်မတီဝင် ဆိုတာမှန်တယ်။ သူဟာ သူ့လူမျိုးတွေအတွက် ခုခံစစ်ပွဲတိုက်ရတယ်။ အဲဒီလိုမှ မတိုက်ဘူးဆိုရင် ကရင်လူမျိုးတွေပြုတ်လိမ့်မယ်။ လူ့အခွင့် အရေးတွေချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ခုခံတိုက်ပွဲဆင်နွှဲနေရတယ်ဆိုပြီး အဲဒီအကြောင်းတွေ ထွက်ဆို တယ်ခင်ဗျဟု ဦးကြီးမြင့် က ပြော သည်။
အစိုးရဘက်မှ စွပ်စွဲချမှတ်သော ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး မူလက သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုမိန့်ဖြင့် ချမှတ်ရမည် ဖြစ် သော်လည်း သမ္မတ အမိန့်စာ တွဲလျက်မပါရှိဘဲ ပြည်ထဲရေးဝန်ကြီး တဦးတည်း၏ လက်မှတ်ထိုးထားမှုဖြင့် တရားစွဲဆိုခြင်း ဖြစ် သကဲ့သို့ KNU ကိုပစ်မှတ်ထားစွဲဆိုခြင်းမှာလည်း တရားမျှတမှု မရှိကြောင်း ရှေ့နေ ဦးကြီးမြင့်ကလည်း ပြန်လည်လျှောက်လဲချက် ပေးခဲ့သည်ဟု သိရသည်။
      “KNU
ကနေခွဲထွက်သွားတဲ့အဖွဲ့တွေ ၄-၅ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့တွေကြတော့ ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး လက်နက်တွေကိုင် ထားတယ်။ သူတို့လည်းပဲ တော်လှန်ရေး လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေပဲ သူတို့ကြတော့ အပြစ်မပေးဘူး။ ဘာမှမလုပ်ဘူး။ အစိုးရနဲ့ လက်တွဲနေတယ်။ အဲဒါကြောင့်မို့ KNU တခုတည်းကို ဒီလို အပြစ်ပေးမယ် ဆိုရင်တော့ ဒါ တရားမျှတမှု မရှိဘူး။ အဲဒီလို လျှောက် လဲချက်ပေးခဲ့ပါတယ်ဟု သူက ဆိုသည်။
      အသက် ၇၀ ရှိပြီဖြစ်သော ပဒိုမန်းငြိမ်းမောင်ကို ချမှတ်သော ဥပဒေ ပုဒ်မများသည် မြန်မာနိုင်ငံကို အင်္ဂလိပ် စိုးမိုးခဲ့သည့် ကိုလိုနီ ခေတ်က ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဟု ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
     ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်း ရှိနေစဉ် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ရန်အတွက် မီးရထားဝန်ကြီး ဦးအောင်မင်း က လူလွှတ်စေခိုင်းကာ အကြံ ဉာဏ်တောင်းယူခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေး မည်ဟု ပြောဆိုခဲ့ပြီး နှစ်ဘက်သဘောတူ လက်မှတ်ထိုးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် စိတ်ထိခိုက်မှုဖြစ်နေ ကြောင်း ဦးကြီးမြင့်က ပြောသည်။
အရင်က သူ့ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရက ကူညီပါ။ သူ့ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် လွှတ်ပေးမယ် ဆိုပြီး တရားမစွဲဘူးပြောပြီးတော့ ကတိဖျက်ပြီး အခုလိုလုပ်လိုက်တဲ့အပေါ်မှာ။ အစိုးရဘက်က သူ့ကိုလိမ် လိုက်ပြီ၊ အလိမ်ခံရပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ လူလည်း ပိန်သွားတယ်ဟု ၎င်းက ပြောဆိုသည်။
      ပဒိုမန်းငြိမ်းမောင်အား ယနေ့တွေ့ဆုံရာတွင် စိတ်ပုံမှန် မတွေ့ရှိရဘဲ သံသယဝင်စရာ ဆန္ဒစောနေခြင်းကို တွေ့မြင်ရပြီးအမှုအမြန် ဆုံးပြီးဖို့ ပြစ်ဒဏ်ချရင်လည်းမြန်မြန်ချအောင် ကျုပ်အကုန်ဝန်ခံတယ်ဟု ပြောဆိုခဲ့ကြောင်း ဦးကြီးမြင့်က ပြောသည်။
      ယခုလ အစောပိုင်းက KNU နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ တွေ့ဆုံရာတွင် KNU က ၎င်းတို့နှင့် ဆက်နွယ် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရန် တောင်း ဆို ခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို  တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့သည်။
KNU
က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင်လည်း ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
ပဒိုမန်းငြိမ်းမောင်အနေဖြင့် နောက်တကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်သာ မျှော်လင့်နိုင်ကြောင်း ရှေ့နေ ဦးကြီး မြင့် က ပြောဆိုသည်။
ကျော်ခ (ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဒီယိုနဲ့ ရုပ်မြင် ဟောပြောချက်မူကြမ်း ဖြတ်တောက်ခံရ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ပြောကြားချက် မူကြမ်းထဲက အချက်တချို့ကိုအစိုးရက ကြိုတင် ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။ 
      စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေနဲ့ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပုံအကြောင်း တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောပါတယ်။
ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ်ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီတစ်ပိုဒ်တော့ ဖြတ်ပါတယ်
ဒီကနေ့ည တင်ဆက်မယ့် ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်အတွက် ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို လာမယ့် မတ်လ ၁၂ ရက်မှာ သွားရောက်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအတွက် ရိုက်ကူးရမယ်လို့ သိရပါတယ်။
RFA
မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ
မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
      ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက် နေ့က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံကို ဇန္န၀ါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ ခရီးရောက် အောင်မြင်မှုရှိတယ်ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက်တစ်ခု ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဆက်လက် ဖြေရှင်းဆောင်ရွက်ဖို့လိုကြောင်း၊ တရားမျှတရေးနဲ့ တာဝန်ရှိမှုအပြင် အမှန်တရား ဖော်ထုတ်နိုင်ရေးစတဲ့ အချက်တွေ လုပ်ဆောင်ဖို့ လိုနေသေးကြောင်း မစ္စတာ ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ စာမျက်နှာ ၂၁ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးကျဉ်းသားတွေ အခြေအနေ၊ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုနယ်မြေတွေက အခြေအနေတွေအပြင် လက်ရှိ ပြုပြင်ပြဋ္ဌာန်းနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ခေါင်းစဉ်အသီးသီး ခွဲခြား ဖော်ပြထားပါတယ်။
RFA 
လက်ပတောင်းတောင်ပေါ် ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရ
အပိတ်ခံထားရတဲ့ကြားကကျင်းပခဲ့တဲ့ လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရားပွဲတော်
လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရား
        စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို.နယ် လက်ပတောင်းတောင်ပေါ် ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရကြောင်းသိရပါတယ်။
လက်ပတောင်းတောင်ကြီးကို အစိုးရက တရုတ်တွေကို ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းဖို့အတွက်ရောင်းစားထား တာဖြစ်ပါတယ်။
နှစ်ပေါင်း(100)ကျော်ကတည်ထားကိုးကွယ်လာခဲ့တဲ့ တောင်ထိပ်ရွှေမြင်တင် ဘုရားပွဲတော်ကို အခု တပေါင်းလပြည်.နေ. (၃-၇-၂၀၁၂) မှာ ကျင်းပခွင်.ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်တွေနဲ့ဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းနေ့ တဲ့ တရုတ်တွေက ပိတ်ပင်တာလို့ ဆိုပါတယ်။
 ဒါပေမဲ့ကျောင်းထိုင်ဘုန်းကြီးက အခတ်ခဲများစွာထဲ ဖြစ်အောင်ကျင်းပခဲ့ကြပါတယ် လာရောက်ဖမ်းဆီးပါ ကိုယ်တိုင်အဖမ်းခံမယ် ဘုန်းကြီးစ၀တ်ထဲက ဘုရားကို အသက်ပေးလှူထားတာပဲ လာကြပါ ဘယ်သူ.မှမကြောက်ဘူးဆိုပြီး ကျင်းပခဲ့ပါတယ်။
အဆိုပါပိတ်ပင်မှုကြောင့် နှစ်စဉ် ပရိတ်သတ်(၂၀၀၀)ကျော်အနည်းဆုံးလာရောက်လေ့ရှိတဲ့ ဘုရားပွဲမှာ ဒီနှစ်တော. သွားတဲ့သူဘာလုပ်မယ်ညာလုပ်မယ်ဆိုတော. (300)လောက်ပဲလာကြပါတယ်။ 
အဲဒီဒေသမှာ တရုတ်တွေက ကျော်ရွာ၊ ၀က်ပုတ်ရွာ နဲ့ မိုးကြိုပြင်ရွာ တွေကို သိမ်းထားပြီး ကျေးရွာ (၃)ရွာလောက်က လူတွေ လယ်တွေအိမ်တွေမရှိတော.ပါဘူး။ ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဘုရားတွေလဲဖျတ်စီးခံခဲ့ရပါတယ်။
 အခုအခါ အစိုးရကအပိုင်ပေးထားတဲ့နေရာကို ရဟန်းခံတဲ့သိမ်(ပထမလယ်တီဆရာတော်ကြီး) သမုတ်ထားတဲ့သိမ်ကို တရုတ်တွေကဖျတ်စီးဖို.ကြံနေကြပါတယ်။
ကိုဇော် (မုံရွာ) Myanmar News Now
 သစ်ထူးလွင်