
နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။
ထိုကိစ္စအား မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌ လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Myanmar News Now
No comments:
Post a Comment
တခုခုပြောပေးခဲ့ပါ....