ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Friday, July 20, 2012

သိထားသင့်တဲ့ ဒေါ်နန်းဝါ၀ါနု အကြောင်း

 
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
 အသက်-(၃၀) နှစ်
 အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွ​က်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
 ခင်ပွန်းအမည်-ခွန်ဌေးနိုင်ေ​လာ


နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။

ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော (မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထုစိန်ဝင်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို​ ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။

ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ် ခံထားရသူဖြစ်သည်။ မဆလ ဒေါက်တိုင်ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း​ သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူးသူဖြစ်သည်။

လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူဖြစ်သည်။ တကယ့်ယစ်ထုတ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက်ရှာသည့်အနေဖြင့် ပိုမိုအရက်သောက်နေသူဖြစ်သည်​။

ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့်​ စိုင်းအိုက်ပေါင်းကဲ့သို့ေ​သာလူများ ရန်ကုန်တွင် ခြေငြိမ် သလောက် တောင်ကြီးတွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနုဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ် သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး'ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး'ပါသည်။ ထို့ကြောင့်လည်း နန်းဝါနုဖခင် ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။

၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာစိုင်းခမ်းလှိုင်သည်​ ကော်မရှင်
 အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင် လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝ​င်သည်။ (ညောင်နှစ်ပင်ညီလာခံအပြီးတွ​င် သိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံးအချောသတ်ရေးဆွဲသည့် ၅၄ ဦးကော်မတီဖြစ်သည်)

ဒေါက်တာစိုင်းခမ်းလှိုင်သည်​ နန်းဝါနု၏ဦးလေးအရင်းခေါက်ခေါက်ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင် သည် ၂၀၁၀ -ရွေးကောက်ပွဲတွင် ကော်မရှင်မှ ထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင်တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူ အမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နလုံး နာသဖြင့် နန်းဝါနုသည် အရွေးခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက်တာစိုင်းခမ်းလှိုင်ကလ​ည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့်ကူညီ သဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ်​ သည်။

အမေရိကန်၏စီးပွားရေးပိတ်ဆို့​မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့
 ဖတ်ကြားလိုက်ရပါသည်။ လွတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင်
နန်းဝါနုက လုပ်ချလိုက်ခြင်းဖြစ်ပါသည်။

အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှစပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း ပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သ​ည်။

အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည်​ မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယိုသံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည်။

ခွန်အောင်ခမ်းကီ (ကျောက်တလုံး)
 စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါ ပအိုဝ်းများကလည်း ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ်ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....