ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Saturday, July 7, 2012

မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာသူ အညတရဆုရှင်ဒေါက်တာကျော်ကျော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေတာရှည်မြို့နယ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြင်းခြံထောင်ကနေ ဇူလိုင်လ ၃ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကျန်ရှိနေသေး တဲ့အတွက် အပြည့်အဝပျော်ရွှင်မှုမရှိဘူးလို့ဆိုပါတယ်။နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မြင်းခြံထောင်ကနေ အကျဉ်းသား ...ငါးဦး ပြန်လည် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာ ပါရှိတယ်လို့ သိရပါတယ်။မြင်းခြံအကျဉ်းထောင်ရဲ့ အကျဉ်းသားတွေကိုပေးတဲ့ဆေးနဲ့ အကျဉ်းသားတွေဖြစ်ပွားနေတဲ့ရောဂါတွေနဲ့ ကိုက်ညီမှုမရှိတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့က မြင်းခြံထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါက်တာကျော်ကျော်ဟာ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ်အတွက် အညတရ သူရဲကောင်းဆုကို ရရှိထားသူလဲ ဖြစ်ပါတယ်ခင်ဗျာ။

facebook

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....