ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Tuesday, July 31, 2012

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

 

Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ


ဆောင်းပါးရှင် - ပြည်တွင်းမှ စစ်ဘက်နီးစပ်သူများ

ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။ မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် လွှင့်သွားခဲ့ဘူးပါတယ်။


အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ

မင်းဆက်ခိုင်

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။


Thursday, July 26, 2012

မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။
 
အသတ်ခံရသူ (၂) ဦးမှာ  ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။ 

ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။

" ဓားနဲ့ခုတ်တယ်ခင်ဗျ။ ခေါင်းမှာလည်း ခုတ်တယ်ခင်ဗျ။ ကျွန်တော်သွားတဲ့ အခါကျတော့ ရေထဲမှာ နှစ်ထားတာကို တွေ့ရတယ်ခင်ဗျ။ ဆရာသမား ဘယ်သူတွေတုန်း၊ ဘယ်သူတွေတုန်းလို့ ကျွန်တော်က သူ့ကို မသေခင်မှာ မေးတယ်ခင်ဗျ။ မေးတဲ့ အခါကျတော့

Wednesday, July 25, 2012

NLD ပါတီ ဆိုင်းဘုတ် ဓါးခုတ်ခံရခြင်း



နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။

ထိုကိစ္စအား မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌ လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Myanmar News Now

စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု.

Tuesday, July 24, 2012  ဒီမိုဝေယံ 

မြန်မာတိုင်းရင်သားမဟုတ်သည့် ခိုးဝင်လာသော ဘင်္ဂလီဒုက္ခသည်များကို ကျွေးမွေးထောက်ပံ့မှု မပြုခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်

 ကိုရဲ
 ရန်ကုန် ဇူလိုင် ၁၉

ပိဿလေး ဖွတ်ပစ်... သို့မဟုတ် ပိဿလေး ဖွတ်မ..

Monday, July 23, 2012  ဒီမိုဝေယံ

တမူးသာယုံတင်မက ပိဿာလိုက်ကို သာနေသော ဦးအောင်သိန်းလင်းရဲ့ ဧည့်ခန်းမြင်ကွင်း..

 ဇူလိုင်လ ၆ရက်နေ့က မြို့တောင်ဝန်ဟောင်း တောင်ဥက္ကလာပ အမတ်မင်းနဲ့ တရုတ် သတင်းဋ္ဌာနတို့ အင်တာဗျူးစဉ်မှာ တွေ့ရတဲ့ ဦးအောင်သိန်းလင်းရဲ့ နေအိမ် ဧည့်ခန်းမြင်ကွင်းပါ..။ 

တမူထူးခြားနေတဲ့ မြင်ကွင်းကတော့ ဧည့်ခန်းတွင်းမှ အလေးမတဲ့ အလေးတုံးများနဲ့ လက်ထဲမှာ ကိုင်ထားတာကတော့ ယခုနောက်ဆုံးထုတ်လိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ အိတ်ဆောင်စာအုပ်ကို ကိုင်ထားပြီး ထူးခြားဖွယ်ရာ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ မြင်ကွင်းပါပဲ..။

Friday, July 20, 2012

သိထားသင့်တဲ့ ဒေါ်နန်းဝါ၀ါနု အကြောင်း

 
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
 အသက်-(၃၀) နှစ်
 အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွ​က်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
 ခင်ပွန်းအမည်-ခွန်ဌေးနိုင်ေ​လာ

အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓါတ်ပုံ)



ယနေ့ ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ် ။
ဓါတ်ပုံ - စိုးဇေယျာထွန်း (ရိုက်တာ)

Thursday, July 19, 2012

ရိုဟင်ဂျာ ပြဿနာ အာဆီယံတွင် မီးပွားလွင့်

Written by The Voice
အရှေ့တောင်အာရှအာဆီယံဒေသတွင်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ အအောင်မြင်ဆုံးအသွင်ကူးပြောင်းနိုင်ခဲ့သော မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း၌ ဥက္ကဋ္ဌရာထူးကို ရယူနိုင်သည်အထိ အာဆီယံအလယ်တွင် ယခုနှစ်အတွင်းမှစတင်၍ တင့်တယ်လာခဲ့သည်။ သို့သော် လွန်ခဲ့သောရက်သတ္တလေးပတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာပဋိပက္ခသည် မြန်မာနိုင်ငံကိုထပ်မံ၍ အာဆီယံအလယ်တွင် စိုးရိမ်သောကဗျာပါရများပွေရန် အကြောင်းဖန်လာခဲ့ရပြန်သည်။ မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကိုပင်လျှင် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် ၎င်းတို့နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ 

Wednesday, July 18, 2012

"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ မိုးကျရွှေကိုယ်များကြောင့် ဧရာဝတီတိုင်းရဲ့ စိုးရိမ်ဖွယ်ရာ အနာဂတ် နေ့ရက်များအတွက် သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ" (ပေးစာ)

tuesday, July 17, 2012  ဒီမိုဝေယံ 



ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သစ်တော သိပ္ပံဘွဲရရှိခဲ့ကာ မိမိတိုင်းမှာ ပြန်လည် ထမ်းဆောင်ခွင့်မရပဲ မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တော ၀န်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်မှ စလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး၊ ဗိုလ်မှုးလေးတွေနဲ့

Tuesday, July 17, 2012

ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရခိုင်ပြည်နယ်အရေး သမ္မတအမိန့် အပေါ် ဆွေးနွေးချက် အသံဖိုင်နှင့် ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီး၏ ၂၀၀၇ခုနှစ်က ထုတ်ပြန်စာ၊ ဆန္ဒပြပွဲ ဖိတ်ကြားစာ

Tuesday, July 17, 2012 ဒီမိုဝေယံ

ယနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရခိုင်ပြည်နယ်အရေး သမ္မတအမိန့် အပေါ် ဆွေးနွေးနေစဉ်.. (ဓာတ်ပုံ Messenger News Journal)

လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်

 

Sunday, July 15, 2012  ဒီမိုဝေယံ
လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။

Saturday, July 14, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း



အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)

Friday, July 13, 2012

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ





မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန်  ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။

မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက် အများအပြား ထွက်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတက ရိုဟင်ဂျာကိစ္စကို တရားဝင်ထုတ်ဖော်ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၂


တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Thursday, July 12, 2012

မိချောင်းမျက်ရည် (ကဗျာရှင် နေရဲနီ)

Thursday, July 12, 2012  ဒီမိုဝေယံ
မိချောင်းမျက်ရည်

(ကဗျာရှင် နေရဲနီ)

တို့တိုင်းပြည်က ရှိသမျှမြေပေါ်မြေအောက်သယံဇာတ
အာဏာရှင် အတ္တသမားကြီးကို လည်ပင်းနင်းပြီး
သူအတင်း ယူသွားတယ်။

ငတ်နေတဲ့ ပြည်သူတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေက
သက်သေပြနေတယ်။

Wednesday, July 11, 2012

ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု


အမျိုးသားခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

 အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

Wat Sai Mon Burmese Monestary case


၉ ဇူလိုင် ၂၀၁၂။   ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ရှေးဟောင်းဝပ်ဆိုင်မွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းရဲ့ ယာယီကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းဆရာတော်တပါးကို ဒီနေ့ အပ်နှင်းရာမှာ မြန်မာတွေက ၀ို်င်းဝန်းကန့်ကွက်ကြတဲ့အတွက်​ ထိုင်းဘက်က ယာယီ အလျှော့ပေး လိုက်ပါတယ်။ ဒီနေ့ ကျောင်းဝင်းအတွင်း နှစ်ဖက် အချေအတင်ဖြစ်ခဲ့တာကြောင့် ထိုင်းရဲ လုံခြုံရေးတချို့ ရောက်ရှိ စောင့်ကြပ်ခဲ့ပါတယ်။

Tuesday, July 10, 2012

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှ တရုတ်ပိုင် ခဲသတ္တုတူးဖော်ရေး ကုမ္ပဏီကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေ

Monday, July 09, 2012 ဒီမိုဝေယံ

တရုတ်ပိုင် ခဲသတ္တုတူးဖော်ရေး ကုမ္ပဏီကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေ
၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု အတွင်း၌ တရုတ်လူမျိုးပိုင် ခဲသတ္တုသန့်စင်စက်ရုံ တည်ဆောက်ခြင်းနှင့် ခဲသတ္တုထုတ်လုပ်နေခြင်းကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား
စကားပြောကြားနေစဉ်။ AFP
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

Monday, July 9, 2012

ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ





ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။

Saturday, July 7, 2012

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။


အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင် မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ ရောက်နေသည် ကို လည်း စာနာမိပါသည်။ ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို လေ့လာဖော်ပြလိုက်ပါသည်..။

ဒေါင်းမိခင်သို့ ပန်ကြားချက် (7 july ကျောင်းသားအရေးတော်ပုံအမှတ်တရ)


 


မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာသူ အညတရဆုရှင်ဒေါက်တာကျော်ကျော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေတာရှည်မြို့နယ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြင်းခြံထောင်ကနေ ဇူလိုင်လ ၃ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကျန်ရှိနေသေး တဲ့အတွက် အပြည့်အဝပျော်ရွှင်မှုမရှိဘူးလို့ဆိုပါတယ်။နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မြင်းခြံထောင်ကနေ အကျဉ်းသား ...ငါးဦး ပြန်လည် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာ ပါရှိတယ်လို့ သိရပါတယ်။မြင်းခြံအကျဉ်းထောင်ရဲ့ အကျဉ်းသားတွေကိုပေးတဲ့ဆေးနဲ့ အကျဉ်းသားတွေဖြစ်ပွားနေတဲ့ရောဂါတွေနဲ့ ကိုက်ညီမှုမရှိတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့က မြင်းခြံထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါက်တာကျော်ကျော်ဟာ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ်အတွက် အညတရ သူရဲကောင်းဆုကို ရရှိထားသူလဲ ဖြစ်ပါတယ်ခင်ဗျာ။

facebook

Friday, July 6, 2012

မြေတောင်းတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရ

နေပြည်တော်က လမ်းကြီးတွေက အလွန်ကောင်းပေမယ့်လို့ ဘုန်းကြီးကျောင်းတွေတော့ မီးရှို့တယ်လို့ ဆိုပါတယ်။
နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။
နေပြည်တော် မြို့ပတ်လမ်း ဖောက်လုပ်ဖို့အတွက် မလွတ်တဲ့ အဆောက်အဦတွေကို ဖျက်ဖို့ နေပြည်တော် စည်ပင်သာယာရဲ့ အမိန့်အရ ဖျက်ရမယ့် အဆောက်အဦတွေ ထဲမှာ ဘုန်းကြီးကျောင်း ၅၀ လောက် ပါဝင်ပါတယ်။ တခိျု့ ဘုန်းကြီးကျောင်းတွေက ပေးတဲ့ လျော်ကြေးငွေကို ယူပြီး ဖျက်ပစ်ဖို့ သဘောတူခဲ့ပေမဲ့ တခိျု့ကျောင်းတွေကတော့ ဖျက်လိုတဲ့ဆန္ဒ မရှိကြဘူးလို့ သိရပါတယ်။ မနေ့ကတော့ ဘုန်းကြီးကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

Wednesday, July 4, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ အမေးအဖြေများ

ဒေါက်တာအောင်ဆန်းစုကြည်အနေဖြင့်နော်ဝေး၊ အင်္ဂလန် ၊ ပြင်သစ်အပါအ၀င်နိုင်ငံ (၅)ခု ခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြင့် အဆိုပါနိုင်ငံများမှ ပြည်သူများသည် မြန်မာနိုင်ငံပေါ် အလေးအနက်ထားခြင်းကို အာရုံစိုက်သလို ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မြင့်မားလာခြင်းအတွက်လည်း ထောက်ခံအားပေးသူများ အများအပြားရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
သတင်းထောက်များရဲ့ မေးမြန်းချက်များနှင့် အဖြေများကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

Tuesday, July 3, 2012

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်းထောက်ယဉ်ယဉ်သိန်း(နဘား) တရားစွဲခံရခြင်း

ယခုတစ်လောအတွင်း သတင်းဂျာနယ်များ အပေါ်တရားစွဲဆိုမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ် လျက်ရှိသည်မှာ ထူးခြားမှုဖြစ်စဉ်များဟု ပြောဆိုသုံးသပ်လျက်ရှိနေကြသည်။ Hot News ဂျာနယ် ၊ မော်ဒန်ဂျာနယ် ၊ The Voice ဂျာနယ် ၊ လျှပ်တစ်ပြက်ဂျာနယ် တို့ အစဉ်တစိုက် မှုရင်ဆိုင်ခဲ့ကြရသည့်  ဖြစ်ရပ်များ ကြုံကြိုက်ခဲ့ကြရသည်။

ယခုတစ်ဖန် ထပ်မံပြီးလည်း လျှပ်တစ်ပြက်ဂျာနယ်၌ ပင်တိုင် သတင်း ၊ဆောင်းပါးများ ရေးသားလျက်ရှိသော ယဉ်ယဉ်သိန်း (နဘား)၏ လျှပ်တစ်ပြက် ၊ အတွဲ(၃) ၊ အမှတ် (၈၇) တွင် ဖော်ပြပါရှိသည့် “ KIA တပ်ဖွဲ့၏ ပြန်ပေးဆွဲ ခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး” အင်တာဗျူးဆောင်းပါး အား ပုဒ်မ ၅၀၀ ဖြင့် အင်းတော်မြို့နယ်တရားရုံးမှာ ဇူလိုင် (၂ရ) ရက်နေ့ က တရားစွဲခဲ့သဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။