ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Thursday, August 30, 2012

သမတကြီးက ခေါ်ပေမယ့် သူတို့ ထုတ်ထားတဲ့ ဥပဒေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး



ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာတဲ့ စောကျော်ကျော်မင်း ယနေ့ထောင်ချခံရ 

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကိုစောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရတယ်။

စောကျော်ကျော်မင်း ဟာ ကျမ မြန်မာပြည်ပြန်လာပြီး တလ ကျော်လောက်အကွာမှာ လည်းပြန်ဝင် လာတာပါ။ သူက ရှေ့နေ ဥပဒေသမားလည်းဖြစ်တော့ စေ့စပ်သေချာချင်တယ်ထင်ပါရဲ့​ အရင်က သူ့ကို စွဲခဲ့တဲ့အမှုကို ဆက်ရင်ဆိုင်ခဲ့ တယ်၊ သူဟာ ဒီအမှုမှာ ရှေ့နေတယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ်၊ သူမမှားလို့ ရင်ဆိုင်လိုက်တာပေါ့၊ အ မှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့ သူလည်း သူ့ကို ထောင်ချလိမ့်ဦးမယ်လို့ ထင်မထားပါဘူး၊ ဒါပေမဲ့ ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံး​ (အင်းစိန်) မှာ သူ့ကို ထောင် (၆) လ ချလိုက်ပါတယ်၊ ပြစ်ဒဏ်ချတာနဲ့ လက်ထိပ်ခတ်ပြီး ကား ပေါ်တင်သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။ လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး။

Tuesday, August 28, 2012

ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ(လိုင်းကြေး) ရယူမှု တိုင်းကြားစာ


သို့/
 ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
 ပြည်ထဲရေး ၀န်ကြီး
 ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန
 နေပြည်တော်။
                                                                                                 ရက်စွဲ။   ။ ၂၇.၈.၂၀၁၂

အကြောင်း အရာ။         ။ ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ (လိုင်းကြေး) ရယူပြီး  ချဲဒိုင် နှစ်လုံးထီဒိုင် ၊ ဘောလုံးပွဲ ဒိုင်များအား တရားဝင် သဖွယ် ပြုလုပ်ခွင့် ပေးနေပါသဖြင့် နိုင်ငံတော် အနာဂတ် အတွက် ဆိုးရွားလာနိုင် ပါသဖြင့် အမြန်ဆုံး အရေးယူ ပေးပါရန် တိုင်ကြားခြင်း။

Monday, August 20, 2012

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း


FRIDAY, AUGUST 17, 2012  ဒီမိုဝေယံ

 ၁၇၆-ယဉ်လိုင်းသည် တောင်ဒဂုံမြို့မှ လှိုင်သာယာသို့ ပြေးဆွဲနေသော ယဉ်လိုင်းဖြစ်ပါသည်။ ထို ၁၇၆-ယဉ် လိုင်းထဲမှ ၂/ဂ ၈၃၃၆ ယဉ်အမှတ်နဲ့ ပြေးဆွဲနေသော ပါရမီယဉ်သည် တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌် ၁၅-၈-၂၀၁၂ ညဦးပိုင်း ၉း၀၀ အချိန်ခန့်တွင် အုပ်စုဖွဲ့ ၍ ရမ်းကားမှု ဖြစ်ပွားခဲ့သည်။

Tuesday, July 31, 2012

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

 

Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ


ဆောင်းပါးရှင် - ပြည်တွင်းမှ စစ်ဘက်နီးစပ်သူများ

ဒီနေ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရားကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူး သတင်းဆောင်းပါးတွေ အဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာ ထွားခဲ့စဉ်က ကက(ကြည်း)ကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့”“ငြိမ်းချမ်းရေးအဖွဲ့တွေ များလာတိုင်း အထင်ကြီးစရာမရှိဘူး” လို့ မှာကြားခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလို မှာကြားထားတဲ့ကြားထဲက တိုင်းမှူး တွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေး တို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိ ရပါတယ်။ မပခ တိုင်းမှူး ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ် စောလွင်ဆိုရင် ကေအိုင်အေနှင့် ဆက်ဆံရေးမကောင်းလို့ ကကလှမ်း Report နှင့် ဌာနလက်ကိုင်မရှိ ၀န်ကြီးအဖြစ် လွှင့်သွားခဲ့ဘူးပါတယ်။


အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ

မင်းဆက်ခိုင်

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။


Thursday, July 26, 2012

မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား (၂) ဦး ဇူလိုင်လ ၂၁ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု သိရသည်။
 
အသတ်ခံရသူ (၂) ဦးမှာ  ပေါက်တောမြို့နယ် ကျိုင်းတောင်ရွာမှ အဖ ဦးမောင်မောင်ချေ၊ အမိ ဒေါ်သောင်းစိန်ဦးတို့၏ သား ကိုစိုးနိုင် (အသက် ၃၈နှစ်) နှင့် မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာမှ ဦးကျော်သိန်း (ခ) မောင်စောအောင် (အသက် ၃၆)နှစ်တို့ ဖြစ်သည်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။ 

ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။

" ဓားနဲ့ခုတ်တယ်ခင်ဗျ။ ခေါင်းမှာလည်း ခုတ်တယ်ခင်ဗျ။ ကျွန်တော်သွားတဲ့ အခါကျတော့ ရေထဲမှာ နှစ်ထားတာကို တွေ့ရတယ်ခင်ဗျ။ ဆရာသမား ဘယ်သူတွေတုန်း၊ ဘယ်သူတွေတုန်းလို့ ကျွန်တော်က သူ့ကို မသေခင်မှာ မေးတယ်ခင်ဗျ။ မေးတဲ့ အခါကျတော့

Wednesday, July 25, 2012

NLD ပါတီ ဆိုင်းဘုတ် ဓါးခုတ်ခံရခြင်း



နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။

ထိုကိစ္စအား မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌ လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Myanmar News Now