ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Thursday, August 30, 2012

သမတကြီးက ခေါ်ပေမယ့် သူတို့ ထုတ်ထားတဲ့ ဥပဒေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး



ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာတဲ့ စောကျော်ကျော်မင်း ယနေ့ထောင်ချခံရ 

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကိုစောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရတယ်။

စောကျော်ကျော်မင်း ဟာ ကျမ မြန်မာပြည်ပြန်လာပြီး တလ ကျော်လောက်အကွာမှာ လည်းပြန်ဝင် လာတာပါ။ သူက ရှေ့နေ ဥပဒေသမားလည်းဖြစ်တော့ စေ့စပ်သေချာချင်တယ်ထင်ပါရဲ့​ အရင်က သူ့ကို စွဲခဲ့တဲ့အမှုကို ဆက်ရင်ဆိုင်ခဲ့ တယ်၊ သူဟာ ဒီအမှုမှာ ရှေ့နေတယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ်၊ သူမမှားလို့ ရင်ဆိုင်လိုက်တာပေါ့၊ အ မှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့ သူလည်း သူ့ကို ထောင်ချလိမ့်ဦးမယ်လို့ ထင်မထားပါဘူး၊ ဒါပေမဲ့ ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံး​ (အင်းစိန်) မှာ သူ့ကို ထောင် (၆) လ ချလိုက်ပါတယ်၊ ပြစ်ဒဏ်ချတာနဲ့ လက်ထိပ်ခတ်ပြီး ကား ပေါ်တင်သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။ လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး။

Tuesday, August 28, 2012

ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ(လိုင်းကြေး) ရယူမှု တိုင်းကြားစာ


သို့/
 ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
 ပြည်ထဲရေး ၀န်ကြီး
 ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန
 နေပြည်တော်။
                                                                                                 ရက်စွဲ။   ။ ၂၇.၈.၂၀၁၂

အကြောင်း အရာ။         ။ ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ (လိုင်းကြေး) ရယူပြီး  ချဲဒိုင် နှစ်လုံးထီဒိုင် ၊ ဘောလုံးပွဲ ဒိုင်များအား တရားဝင် သဖွယ် ပြုလုပ်ခွင့် ပေးနေပါသဖြင့် နိုင်ငံတော် အနာဂတ် အတွက် ဆိုးရွားလာနိုင် ပါသဖြင့် အမြန်ဆုံး အရေးယူ ပေးပါရန် တိုင်ကြားခြင်း။

Monday, August 20, 2012

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း


FRIDAY, AUGUST 17, 2012  ဒီမိုဝေယံ

 ၁၇၆-ယဉ်လိုင်းသည် တောင်ဒဂုံမြို့မှ လှိုင်သာယာသို့ ပြေးဆွဲနေသော ယဉ်လိုင်းဖြစ်ပါသည်။ ထို ၁၇၆-ယဉ် လိုင်းထဲမှ ၂/ဂ ၈၃၃၆ ယဉ်အမှတ်နဲ့ ပြေးဆွဲနေသော ပါရမီယဉ်သည် တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌် ၁၅-၈-၂၀၁၂ ညဦးပိုင်း ၉း၀၀ အချိန်ခန့်တွင် အုပ်စုဖွဲ့ ၍ ရမ်းကားမှု ဖြစ်ပွားခဲ့သည်။