by Thiri Grace (Facebook)
ဒီနေ့ ( ၂၈၊၆၊၂၀၁၂) အီဂျစ်မှာ အီဂျစ်လူမျိုးအယောက် ၂၀ လောက်ကစပြီး မြန်မာသံရုံးရှေ့မှာဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်..ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ မြန်မာပြည်မှာ မွတ်ဆလင်တွေကို မြန်မာအစိုးရနဲ့ မြန်မာလူမျိုးများက နိုင့်ထက်စီးနင်း ဖိနှိပ်ပြီး ယခု အာရကန်နှင့် အရေးအခင်းမှာ မွတ်ဆလင်တွေကို တစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ်နေလို့ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။ အယောက် ၂၀ လောက်ကစလိုက်တဲ့ ဆန္ဒပြမှုဟာ အယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါ ထိမ်းသိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။