ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြု
By မသိင်္ဂီထိုက်  voa (01-03-2012)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ်အတွင်းက လယ်ကွင်းတခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြုထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက်လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ရေးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းကမ်း ထုတ်ပြန် ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားပါတယ်။ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောပါတယ်။
ဒီနေ့ ၂၉ ရက်နေ့၊ ဖေဖော်ဝါရီလ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျနော်တို့တင်ထားတဲ့ လယ်မြေကို ခွင့်မပြုနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း အသိပေးလွှာ ခရိုင်ကော်မရှင်ကို ပေးပို့လာပါတယ်တဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ခရိုင် ကော်မရှင်ကလည်း ကျနော်တို့ကို ထပ်ဆင့်အသိပေးကြောင်း အကြောင်းကြားစာ ပို့လာတာပါ။ သာသနိကပိုင် အဆောက်အဦးနဲ့ နီးတယ်ဆိုတာ တချက်ရယ်၊ နောက်တချက်က စာသင်ကျောင်းနဲ့နီးတယ် ဆိုတာ တချက်ရယ်။ အဲဒီ အချက် ၂ ခုကို အကြောင်းပြပါတယ်
သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားပါတယ်။ ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောပါတယ်။
အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောပါတယ်။
လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးပါဘူး။ တကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။
အကယ်၍များ ခွင့်မပြုခဲ့ဘူးဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်၊ ဒါမှမဟုတ်ရင် ရပ်ကွက်၊ ကျနော်တို့ရဲ့ ရုံးတရုံးရုံးမှာ ဟောပြောရမှာပါ။ အဲလို ဟောပြောမယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ- ဥပမာ လမ်းပိတ်ဆို့မှုဖြစ်တာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင် မြင်ချင်တဲ့အတွက်ကြောင့်မို့လို့ လာရောက်တဲ့ ပြည်သူတွေ များပြားလာတာမျိုးတွေ- အဲဒီအခါမျိုးတွေ ကျလို့ရှိရင်တော့ လမ်းပိတ်ဆို့မှုတခုတင် မဟုတ်ပါဘူး။ လုံခြုံရေးအရပဲကြည့်ကြည့်၊ ဘယ်အရပဲ ကြည့်ကြည့် အကြောင်းတရားတွေက အများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျလို့ရှိရင်တော့ ကော်မရှင်တခုတည်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး- အစရှိသဖြင့် အုပ်ချုပ်ရေးပိုင်းတွေဘက်မှာ တာဝန်ရှိလာမယ်၊ တာဝန်ပိုလာမယ်လို့ ကျနော် ပြောချင်တာပါ
နေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်
အမိန့်ထုတ်
(28-02-2012)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေး ခရီးစဉ်က အပြန်မှာ နေပြည်တော် တပ်ကုန်းမြို့ ရှိ မြန်မာ့အသံ ရေဒီယို အသံလွှင့်ရုံမှာ တနိုင်ငံလုံးကို မဲဆွယ်ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး
ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့်
ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄
ရက်နေ့ မှာ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
မတ်လ
ရက်နေ့မှာ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့အခါမှာ မြန်မာ့အသံဝန်ထမ်းအားလုံး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှမကြည့်ရ၊ မကြိုရလို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင်က ၀န်ထမ်းတွေကိုမိန့်ထုတ်လိုက်ပါတယ်။
နေပြည်တော်မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများကို သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ အဆိုပါ အမိန့် ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောပါတယ်။
ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ၀န်ထမ်းတွေကို
တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ (၅) ကြိမ်တိတိ မေးတယ်လို့မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ၀န်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း
ကြိမ်းဝါးလိုက်ကြောင်း
မြန်မာ့အသံဝန်ထမ်းများက Myanmar News Now ကိုပြောပြပါတယ်။
သစ်ထူးလွင်






လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ရဟန်းတော်တပါးကို သံဃမဟာနာယကအဖွဲ့က ကျောင်းကနှင်ထုတ်လိုက်ပါတယ်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန် ဗဟန်းမြို့နယ် လိပ်ပြာကန်တိုက် အလယ်ကျောင်းက ဦးဇင်း ဦးဃောသိတကို ကျောင်းအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အဲဒီကျောင်းထိုင်ဆရာတော်က နိုင်ငံတော် သံဃမဟာနာယကကို တိုင်ကြားတဲ့အတွက် သံဃမဟာနာယကနေ ကျောင်းက ထွက်ခွာဖို့ ညွှန်ကြားလာတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဃောသိတကတော့ သူဟာ ကျောင်းထိုင်ဆရာတော် ဦးဇောတိကဟာ ကျောင်းပိုင်မြေတွေ ရောင်းစားတာကို ပြောဆိုတဲ့အတွက် အခုလိုသံဃမဟာနာယကကို တင်ပြီးတော့ မတရား နှင်ထုတ်ခံရတာပါလို့ မိန့်ကြားပါတယ်။
ဒီကျောင်းမှာ ဦးဇင်းက ၂၀၀၆ ထဲကနေလာတာ၊ ၂၀၀၉ မှာ ဦးဇင်းကို ထိုင်ဝမ်အဖွဲ့ကနေ အကျွတ်အလွတ်ပွဲတော်ဆိုပြီး ပင့်တယ်၊ နာဂစ်အပြီးမှာပေါ့။ အဲဒီကနေ ပြန်လာပြီးတော့မှ ဦးဇင်းကို ၁၃/၁၊ ၁၇/၁၊၂၄/၁ တို့နဲ့ဆွဲပြီးတပ်တော့ ဦးဇင်းထောင်ထဲရောက်သွားတယ်။ ထောင်ထဲမှာ ၂ နှစ်ခွဲလောက်နေခဲ့ရတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးဇင်းပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်း ကျောင်းမှာစာချတယ်။ ကျောင်းတိုက်ရောက်တဲ့အခါမှာ ကျောင်းထိုင်ဆရာတော်က နိုင်ငံတော်ပိုင်၊ သံဃာ့အဖွဲ့ပိုင် ကျောင်းမြေတွေကို ရောင်းစားတယ်။ အခြားကျောင်းကနေပြီး ဦးဇင်းတို့ပိုင်တဲ့ကျောင်းထဲကို ဝင်ဆောက်တယ်။ ဆောက်တဲ့အခါကျတော့ တိုင်းနာယကတွေကို ဦးဇင်းက တားမြစ်စာပို့လိုက်တယ်၊ တိုင်းနာယကတွေက တားမြစ်စာထုတ်ပေးတယ်။ ကျောင်းဘုန်းကြီးနဲ့ ရောင်းတဲ့ဘုန်းကြီးနဲ့က ပေါင်းပြီးတော့ မဟနကို သွားတယ်။ မဟနမှာ ဘယ်လိုနည်းနဲ့ လုပ်ခဲ့လည်းတော့မသိဘူး။ ဦးဇင်းကို မဟန ကနေပြီးတော့ ၃ ရက်အတွင်း ဒီကျောင်းတိုက်ကနေ ထွက်ပေးရမယ်ဆိုပြီး အမိန့်စာရောက်လာတယ်။
ဦးဃောသိတဟာ လိပ်ပြာကန်တိုက် အလယ်ကျောင်းက စာချကိုယ်တော် တပါးလည်းဖြစ်ပါတယ်။ ကျောင်းက နှင်ထုတ်ခံရပေမယ့်လည်း ကျောင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့လည်း မိန့်ကြားပါတယ်။
ဦးဇင်းကတော့ မထွက်ခွာပါဘူး။ ဘယ်အဖွဲ့ပဲလာလာ ဦးဇင်းကတော့ ရှင်းပြပေးပါမယ်၊ တောင်းဆိုပါမယ်၊ ပြဿနာမဖြစ်နိုင်ဘူးလားဆိုတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့တော့ ပြဿနာမဖြစ်နိုင်ပါဘူး သူလည်းဦးဇင်းကို မပြောရဲပါဘူး။ သူသည်ပြစ်ချက်တွေ အများကြီးရှိပါတယ်။ သူတိုက်ထဲမှာ နေသမျှ ကာလပတ်လုံး အရှုပ်အထွေးတွေများစွာရှိပါတယ်။ လက်ရှိလည်း အရှုပ်အထွေးတွေ ရှိနေတဲ့အတွက် ဦးဇင်းကို ရင်ဆိုင်ရဲပါဘူး။ သံဃမဟာနယက ဆရာတော် ဘုရားကြီးတွေအနေနဲ့က အောက်ခြေကို သေသေချာချာ ဆင်းပြီးတော့ လေ့လာပြီးတော့ ဘယ်သူတွေက မှန်ကန်တယ်၊ ဘယ်သူတွေက မမှန်ကန်ဘူးဆိုတာကို ဆုံးဖြတ်သင့်ပါတယ်လို့ မဟန ဆရာတော် ဘုရားကြီးတွေကို ဦးဇင်းက လျှောက်ထားချင်ပါတယ်။
ဒီဗွီဘီ

တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ

2012-02-26
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လ၀ကဦးစီးမှူး၊သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကိုလက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြပါတယ်။
လာရောက်စစ်ဆေးခဲ့သူတွေဟာ အလုပ်သမားတွေကိုကိုယ်စားပြုတဲ့ခေါင်းဆောင် ၆ ဦးနဲ့ တခြား အလုပ်သမား ၂၀လောက်ကိုလဲ တဦးချင်းစီကို ခေါ်ယူစစ်ဆေးကြောင်း၊ ဝန်ကြီးချုပ်ဆီကို စာတင်တဲ့ထဲ ပါ မပါ ဆိုတာကို လက်မှတ်လဲ ထိုးခိုင်းခဲ့ကြောင်း။ အဲဒီလိုမေးမြန်းရာမှာလဲလူအများရှေ့မေးတာမျိုးမဟုတ်ဘဲ တယောက်ချင်း သီးသန့်မေးမြန်းကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလွင်ညီညီရွှေက ပြောပါတယ်။
"သူမေးတဲ့အချိန်မှာ ကျနော်တို့ ကန်ဘောက် ရယကရုံးကတာဝန်ရှိတဲ့သူတွေအကုန်လုံအပြင်ထွက်ပေးဖို့ သူက ပြောတယ်။ ကျနော်တို့ ကိစ္စဖြေရှင်းပေးချင်တယ်ဆိုရင် PTT ရုံးမှာဖြေရှင်းပေးတာက ပိုပြီးသင့်လျှော် တယ်လို့ ထင်တာပေါ့... အခုဟာက အမှုစစ်သလိုမျိုးပေါ့နော် ... ရယက ရုံးခေါ်ပြီးတော့ တယောက်ချင်းစစ်တာ သိပ်ပြီး သဘာဝမကျဘူးပေါ့"
ရေဖြူမြို့နယ် ကန်ဘောက်ဒေသကဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ဗဏီတခုဖြစ်တဲ့ PTTကုမ္ဗဏီက တာဝန်ယူလုပ်ကိုင်နေတာပါ။ စီမံကိန်းအလုပ်သမား တွေကိုတော့ AsiaGuiding Star Co.ltd က ရှာဖွေပေးခဲ့တာပါ။
အလုပ်သမားတွေဟာ တနေ့ကို လုပ်အားခကျပ် ၄၀၀၀ သာရပြီး ကန်ဘောက်ဒေသက အခုစီမံကိန်းနှင့် လုပ်ငန်းတူ တခြားကုမ္ပဏီနှစ်ခုဖြစ်တဲ့ TOTALနှင့် PETRONAS ကုမ္ပဏီ အလုပ်သမားတွေကတော့ နေ့စား လုပ်ခ အနိမ့်ဆုံး ၁၀၄၀၀ ကျပ်ရတာကြောင့် အလုပ်သမားတွေ လုပ်အားခတန်းတူရရှိရေး၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းတွင်း သောက်သုံးရေရရှိရေး စတာတွေအတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့ကြားဝင်ဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၁ ဦးက ပြီးခဲ့တဲ့အပတ်က စာရေးတောင်းဆိုထားတာပါ။
လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကလဲ အလုပ်သမားခံစားခွင့် များအတွက် ပိုက်လိုင်းစီမံကိန်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြ ပါသေးတယ်။
RFA

ကံ့ဖွံ့အမိန့်ဖြင့်နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

Saturday, February 25, 2012 ဒီမိုဝေယံ

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း
ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအားတရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန် အတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေး စေခိုင်းခဲ့ကြောင်း သိရှိရသည်။
တစ်မိသားစုကို တစ်ယောက် မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန် လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာ
ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်
ဟုလုပ်အားပေးမှ ပြန်လာသော ဒေသခံမှပြောပြခဲ့သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိရပ်ကွက်ရွာသားများ အလှည့်ကျ လုပ်အားပေး သွားနေရသလိုပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။
ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့် လုံခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများ ယူပေးရသည်။ လုပ်အားပေး လုပ်ဆောင်နေစဉ်အတွင်း မနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မနားရပဲ သယ်ရကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး
ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁။

No comments:

Post a Comment

တခုခုပြောပေးခဲ့ပါ....