ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။

ငါတို့တိုင်းပြည် စစ်ကျွန်ဘဝက လွတ်မြောက်အောင် ငါတို့အားမာန်တွေနဲ့ စုပေါင်းတွန်းလှန်ကြပါစို့။
ဝင်ရောက်ကြည့်ရှုသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်။

စမ်းသပ်ဆဲ blog ဖြစ်ပါသဖြင့် အဆင်မပြေမှုများရှိပါက သည်းခံပါရန် ....

Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေရာ နေပြည်တော်မှာခွင့်မပြု
By မသိင်္ဂီထိုက်  voa (01-03-2012)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီးမှာ လူထု စုဝေးဖို့ နေပြည်တော် ပုပ္ဗသီရိ မြို့နယ်အတွင်းက လယ်ကွင်းတခုကို သုံးခွင့်ပြုဖို့ ကော်မရှင်ထံမှာ အဆိုပြုထားတာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် ကန့်ကွက်လိုက်ပါတယ်။ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေနဲ့ နီးတဲ့အတွက် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာကြောင့် မတ်လ ၆ ရက်နေ့သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးဖို့ ကွင်းအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ရေးတွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့် မပေးဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းကမ်း ထုတ်ပြန် ထားတဲ့အတွက် ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်းတခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားပါတယ်။ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကတဆင့် ကန့်ကွက်လာတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုဇေယျာသော်က ပြောပါတယ်။
ဒီနေ့ ၂၉ ရက်နေ့၊ ဖေဖော်ဝါရီလ ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျနော်တို့တင်ထားတဲ့ လယ်မြေကို ခွင့်မပြုနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း အသိပေးလွှာ ခရိုင်ကော်မရှင်ကို ပေးပို့လာပါတယ်တဲ့။ အဲဒီအတွက်ကြောင့်မို့လို့ ခရိုင် ကော်မရှင်ကလည်း ကျနော်တို့ကို ထပ်ဆင့်အသိပေးကြောင်း အကြောင်းကြားစာ ပို့လာတာပါ။ သာသနိကပိုင် အဆောက်အဦးနဲ့ နီးတယ်ဆိုတာ တချက်ရယ်၊ နောက်တချက်က စာသင်ကျောင်းနဲ့နီးတယ် ဆိုတာ တချက်ရယ်။ အဲဒီ အချက် ၂ ခုကို အကြောင်းပြပါတယ်
သာသနိက အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေမှာ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက် ထုတ်ထားပါတယ်။ ဒါပေမယ့်လို့ မဲဆွယ်မယ့် နေရာဟာ သာသနိက အဆောက်အဦးတွေ စာသင်ကျောင်းတွေနဲ့ မနီးရဘူးဆိုပြီး စည်းကမ်းထုတ်ထားတာ မရှိလို့ ပုပ္ဗသီရိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ကန့်ကွက်ချက်က ဥပဒေနဲ့မညီဘူးဆိုပြီး ကိုဇေယျာသော်က ပြောပါတယ်။
အခု မဲဆွယ်စည်းရုံးရေး လုပ်မယ့်နေရာဟာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ ကိုက် ၁,၀၀၀ လောက် ဝေးပြီး အဲဒီ အနီးက မူလတန်းကျောင်းကလည်း ကျောင်းပိတ်ထားတယ်လို့ သူကပြောပါတယ်။
လာမယ့် မတ်လ ၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ မဲဆွယ်စည်းရုံးရေး အတွက် နေရာခွင့်ပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပေမယ့် ကော်မရှင်က ခွင့်ပြုချက် ချထားမပေးသေးပါဘူး။ တကယ်လို့ ဒီလယ်ကွင်းကိုသာ အသုံးပြုခွင့် မရရင် အခက်အခဲတွေ ရှိလာနိုင်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။
အကယ်၍များ ခွင့်မပြုခဲ့ဘူးဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်၊ ဒါမှမဟုတ်ရင် ရပ်ကွက်၊ ကျနော်တို့ရဲ့ ရုံးတရုံးရုံးမှာ ဟောပြောရမှာပါ။ အဲလို ဟောပြောမယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ- ဥပမာ လမ်းပိတ်ဆို့မှုဖြစ်တာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင် မြင်ချင်တဲ့အတွက်ကြောင့်မို့လို့ လာရောက်တဲ့ ပြည်သူတွေ များပြားလာတာမျိုးတွေ- အဲဒီအခါမျိုးတွေ ကျလို့ရှိရင်တော့ လမ်းပိတ်ဆို့မှုတခုတင် မဟုတ်ပါဘူး။ လုံခြုံရေးအရပဲကြည့်ကြည့်၊ ဘယ်အရပဲ ကြည့်ကြည့် အကြောင်းတရားတွေက အများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျလို့ရှိရင်တော့ ကော်မရှင်တခုတည်းနဲ့တင် သက်ဆိုင်တာ မဟုတ်တော့ဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး- အစရှိသဖြင့် အုပ်ချုပ်ရေးပိုင်းတွေဘက်မှာ တာဝန်ရှိလာမယ်၊ တာဝန်ပိုလာမယ်လို့ ကျနော် ပြောချင်တာပါ
နေပြည်တော် မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ကြုံနေရပေမယ့် လူထုရဲ့ထောက်ခံမှုကို အပြည့်အဝရအောင် ကြိုးစားသွားမယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
နေပြည်တော် ဆောက်လုပ်လိုက်တဲ့အတွက် လယ်ယာမြေ ဆုံးရှုံးရတဲ့ ဒေသခံလယ်သမားတွေဟာ အလုပ်လက်မဲ့ ပြသနာနဲ့ ကြုံတွေ့နေရတဲ့ အတွက်လည်း ပြန်လည်ထူထောင်ရေး နိုင်ငံရေး ပါတီ အားလုံးနဲ့အတူ ပြည်သူ တရပ်လုံးလည်း ပူးပေါင်းဖြေရှင်းဖို့ လိုတယ်လို့လည်း ကိုဇေယျာသော်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်
အမိန့်ထုတ်
(28-02-2012)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေး ခရီးစဉ်က အပြန်မှာ နေပြည်တော် တပ်ကုန်းမြို့ ရှိ မြန်မာ့အသံ ရေဒီယို အသံလွှင့်ရုံမှာ တနိုင်ငံလုံးကို မဲဆွယ်ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး
ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့်
ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄
ရက်နေ့ မှာ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
မတ်လ
ရက်နေ့မှာ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့အခါမှာ မြန်မာ့အသံဝန်ထမ်းအားလုံး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှမကြည့်ရ၊ မကြိုရလို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင်က ၀န်ထမ်းတွေကိုမိန့်ထုတ်လိုက်ပါတယ်။
နေပြည်တော်မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများကို သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ အဆိုပါ အမိန့် ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောပါတယ်။
ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ၀န်ထမ်းတွေကို
တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ (၅) ကြိမ်တိတိ မေးတယ်လို့မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ၀န်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း
ကြိမ်းဝါးလိုက်ကြောင်း
မြန်မာ့အသံဝန်ထမ်းများက Myanmar News Now ကိုပြောပြပါတယ်။
သစ်ထူးလွင်






လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ရဟန်းတော်တပါးကို သံဃမဟာနာယကအဖွဲ့က ကျောင်းကနှင်ထုတ်လိုက်ပါတယ်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန် ဗဟန်းမြို့နယ် လိပ်ပြာကန်တိုက် အလယ်ကျောင်းက ဦးဇင်း ဦးဃောသိတကို ကျောင်းအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အဲဒီကျောင်းထိုင်ဆရာတော်က နိုင်ငံတော် သံဃမဟာနာယကကို တိုင်ကြားတဲ့အတွက် သံဃမဟာနာယကနေ ကျောင်းက ထွက်ခွာဖို့ ညွှန်ကြားလာတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဃောသိတကတော့ သူဟာ ကျောင်းထိုင်ဆရာတော် ဦးဇောတိကဟာ ကျောင်းပိုင်မြေတွေ ရောင်းစားတာကို ပြောဆိုတဲ့အတွက် အခုလိုသံဃမဟာနာယကကို တင်ပြီးတော့ မတရား နှင်ထုတ်ခံရတာပါလို့ မိန့်ကြားပါတယ်။
ဒီကျောင်းမှာ ဦးဇင်းက ၂၀၀၆ ထဲကနေလာတာ၊ ၂၀၀၉ မှာ ဦးဇင်းကို ထိုင်ဝမ်အဖွဲ့ကနေ အကျွတ်အလွတ်ပွဲတော်ဆိုပြီး ပင့်တယ်၊ နာဂစ်အပြီးမှာပေါ့။ အဲဒီကနေ ပြန်လာပြီးတော့မှ ဦးဇင်းကို ၁၃/၁၊ ၁၇/၁၊၂၄/၁ တို့နဲ့ဆွဲပြီးတပ်တော့ ဦးဇင်းထောင်ထဲရောက်သွားတယ်။ ထောင်ထဲမှာ ၂ နှစ်ခွဲလောက်နေခဲ့ရတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးဇင်းပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်း ကျောင်းမှာစာချတယ်။ ကျောင်းတိုက်ရောက်တဲ့အခါမှာ ကျောင်းထိုင်ဆရာတော်က နိုင်ငံတော်ပိုင်၊ သံဃာ့အဖွဲ့ပိုင် ကျောင်းမြေတွေကို ရောင်းစားတယ်။ အခြားကျောင်းကနေပြီး ဦးဇင်းတို့ပိုင်တဲ့ကျောင်းထဲကို ဝင်ဆောက်တယ်။ ဆောက်တဲ့အခါကျတော့ တိုင်းနာယကတွေကို ဦးဇင်းက တားမြစ်စာပို့လိုက်တယ်၊ တိုင်းနာယကတွေက တားမြစ်စာထုတ်ပေးတယ်။ ကျောင်းဘုန်းကြီးနဲ့ ရောင်းတဲ့ဘုန်းကြီးနဲ့က ပေါင်းပြီးတော့ မဟနကို သွားတယ်။ မဟနမှာ ဘယ်လိုနည်းနဲ့ လုပ်ခဲ့လည်းတော့မသိဘူး။ ဦးဇင်းကို မဟန ကနေပြီးတော့ ၃ ရက်အတွင်း ဒီကျောင်းတိုက်ကနေ ထွက်ပေးရမယ်ဆိုပြီး အမိန့်စာရောက်လာတယ်။
ဦးဃောသိတဟာ လိပ်ပြာကန်တိုက် အလယ်ကျောင်းက စာချကိုယ်တော် တပါးလည်းဖြစ်ပါတယ်။ ကျောင်းက နှင်ထုတ်ခံရပေမယ့်လည်း ကျောင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့လည်း မိန့်ကြားပါတယ်။
ဦးဇင်းကတော့ မထွက်ခွာပါဘူး။ ဘယ်အဖွဲ့ပဲလာလာ ဦးဇင်းကတော့ ရှင်းပြပေးပါမယ်၊ တောင်းဆိုပါမယ်၊ ပြဿနာမဖြစ်နိုင်ဘူးလားဆိုတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့တော့ ပြဿနာမဖြစ်နိုင်ပါဘူး သူလည်းဦးဇင်းကို မပြောရဲပါဘူး။ သူသည်ပြစ်ချက်တွေ အများကြီးရှိပါတယ်။ သူတိုက်ထဲမှာ နေသမျှ ကာလပတ်လုံး အရှုပ်အထွေးတွေများစွာရှိပါတယ်။ လက်ရှိလည်း အရှုပ်အထွေးတွေ ရှိနေတဲ့အတွက် ဦးဇင်းကို ရင်ဆိုင်ရဲပါဘူး။ သံဃမဟာနယက ဆရာတော် ဘုရားကြီးတွေအနေနဲ့က အောက်ခြေကို သေသေချာချာ ဆင်းပြီးတော့ လေ့လာပြီးတော့ ဘယ်သူတွေက မှန်ကန်တယ်၊ ဘယ်သူတွေက မမှန်ကန်ဘူးဆိုတာကို ဆုံးဖြတ်သင့်ပါတယ်လို့ မဟန ဆရာတော် ဘုရားကြီးတွေကို ဦးဇင်းက လျှောက်ထားချင်ပါတယ်။
ဒီဗွီဘီ

တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ

2012-02-26
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လ၀ကဦးစီးမှူး၊သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကိုလက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြပါတယ်။
လာရောက်စစ်ဆေးခဲ့သူတွေဟာ အလုပ်သမားတွေကိုကိုယ်စားပြုတဲ့ခေါင်းဆောင် ၆ ဦးနဲ့ တခြား အလုပ်သမား ၂၀လောက်ကိုလဲ တဦးချင်းစီကို ခေါ်ယူစစ်ဆေးကြောင်း၊ ဝန်ကြီးချုပ်ဆီကို စာတင်တဲ့ထဲ ပါ မပါ ဆိုတာကို လက်မှတ်လဲ ထိုးခိုင်းခဲ့ကြောင်း။ အဲဒီလိုမေးမြန်းရာမှာလဲလူအများရှေ့မေးတာမျိုးမဟုတ်ဘဲ တယောက်ချင်း သီးသန့်မေးမြန်းကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလွင်ညီညီရွှေက ပြောပါတယ်။
"သူမေးတဲ့အချိန်မှာ ကျနော်တို့ ကန်ဘောက် ရယကရုံးကတာဝန်ရှိတဲ့သူတွေအကုန်လုံအပြင်ထွက်ပေးဖို့ သူက ပြောတယ်။ ကျနော်တို့ ကိစ္စဖြေရှင်းပေးချင်တယ်ဆိုရင် PTT ရုံးမှာဖြေရှင်းပေးတာက ပိုပြီးသင့်လျှော် တယ်လို့ ထင်တာပေါ့... အခုဟာက အမှုစစ်သလိုမျိုးပေါ့နော် ... ရယက ရုံးခေါ်ပြီးတော့ တယောက်ချင်းစစ်တာ သိပ်ပြီး သဘာဝမကျဘူးပေါ့"
ရေဖြူမြို့နယ် ကန်ဘောက်ဒေသကဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ဗဏီတခုဖြစ်တဲ့ PTTကုမ္ဗဏီက တာဝန်ယူလုပ်ကိုင်နေတာပါ။ စီမံကိန်းအလုပ်သမား တွေကိုတော့ AsiaGuiding Star Co.ltd က ရှာဖွေပေးခဲ့တာပါ။
အလုပ်သမားတွေဟာ တနေ့ကို လုပ်အားခကျပ် ၄၀၀၀ သာရပြီး ကန်ဘောက်ဒေသက အခုစီမံကိန်းနှင့် လုပ်ငန်းတူ တခြားကုမ္ပဏီနှစ်ခုဖြစ်တဲ့ TOTALနှင့် PETRONAS ကုမ္ပဏီ အလုပ်သမားတွေကတော့ နေ့စား လုပ်ခ အနိမ့်ဆုံး ၁၀၄၀၀ ကျပ်ရတာကြောင့် အလုပ်သမားတွေ လုပ်အားခတန်းတူရရှိရေး၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းတွင်း သောက်သုံးရေရရှိရေး စတာတွေအတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့ကြားဝင်ဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၁ ဦးက ပြီးခဲ့တဲ့အပတ်က စာရေးတောင်းဆိုထားတာပါ။
လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကလဲ အလုပ်သမားခံစားခွင့် များအတွက် ပိုက်လိုင်းစီမံကိန်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြ ပါသေးတယ်။
RFA

ကံ့ဖွံ့အမိန့်ဖြင့်နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

Saturday, February 25, 2012 ဒီမိုဝေယံ

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း
ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအားတရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန် အတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေး စေခိုင်းခဲ့ကြောင်း သိရှိရသည်။
တစ်မိသားစုကို တစ်ယောက် မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန် လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာ
ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်
ဟုလုပ်အားပေးမှ ပြန်လာသော ဒေသခံမှပြောပြခဲ့သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိရပ်ကွက်ရွာသားများ အလှည့်ကျ လုပ်အားပေး သွားနေရသလိုပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။
ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့် လုံခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများ ယူပေးရသည်။ လုပ်အားပေး လုပ်ဆောင်နေစဉ်အတွင်း မနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မနားရပဲ သယ်ရကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး
ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁။

Monday, February 27, 2012


မန္တလေးမြို့ ရာပြည့်စာအုပ်ဆိုင်တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အမှတ်တရလက်မှတ်ရေးထိုးရောင်းချမည့်အစီအစဉ်ကိုဖျက်သိမ်း ရန်ကုန်၊ဖေဖော်ဝါရီ-၂၇

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက မန္တလေးမြို့ ရာပြည့်စာအုပ်ဆိုင် အမှတ်(၂)တွင် အမှတ်တရလက်မှတ်ရေး ထိုးရောင်းချမည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ရကြောင်း ရာပြည့် မန္တလေး စာအုပ်ဆိုင်ပိုင်ရှင် ကိုပုညဆွေက ပြောသည်။
ရာပြည့်စာအုပ်ဆိုင်အမှတ်(၂)မှာ အဆင့်မြင့်ပညာဦးစီးဌာနမှ ငှားရမ်းထားသော ဆိုင်ခန်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် အ.ဆ.ည ပိုင်ဆိုင်ခန်းတွင် အဆိုပါလက်မှတ်ရေးထိုးပွဲကို ခွင့်မပြုနိုင်ကြောင်း ယနေ့ညနေ၄နာရီတွင် အဆညမှညွှန်ကြားရေးမှူး (စီမံ-၂)က ကိုပုညဆွေအား ခေါ်ယူတွေ့ဆုံပြီး၊ ထိုပွဲ ခွင့်မပြုနိုင်ကြောင်း သတိပေးခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ၂၈ရက် နေ့လယ်၁နာရီမှ ၂နာရီအထိ မန္တလေးမြို့ ၊၃၄လမ်း၊ ၈၀-၈၁လမ်းကြားရှိ ရာပြည့်မန္တလေးစာအုပ်ဆိုင် အမှတ်(၂)တွင် ကျင်းပရန် စီစဉ်သည့် "၈၈ျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ" စာအုပ်ထွက်ရှိခြင်း အထိမ်းအမှတ်အဖြစ်အမှတ်တရလက်မှတ်ရေး ထိုးရောင်း ချမည့်အစီအစဉ်ကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တိုင်ပင်ပြီးနောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကိုပုညဆွေက ရှင်းပြသည်။
ထို့အပြင် အဆိုပါဆိုင်ခန်း၌ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လက်မှတ်ရေးထိုးပွဲ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းကြောင့် ရာပြည့်စာအုပ်ဆိုင်ကို ယခုငှားရမ်းသောကာလကုန်ဆုံးပါက ဆိုင်ခန်း မငှားတော့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက အကြောင်းကြားကြောင်း သတင်းရရှိသည်။

7Day သစ်ထူးလွင

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား
အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း
(27-02-12)

စတုတ္ထမဏ္ဍိုင်များသို့-

ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၈လမ်းထောင့်မှာ မန္တလေး စည်ပင်သာယာရေး ကော်မတီမှ အရာရှိကြီးများနဲ့ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။
၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့သန့်ရှင်းရေး ၀န်ထမ်း ၅၀ ခန့် ရဲ့ရေစီးမြောင်းများ သန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့ ကားများပေါ် တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။
ဒါပေမယ့်-သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့ တံဆိပ်များ ပါဝင်သော တီရှပ်များကို ၀တ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီ အမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင် အမှိုက်သိမ်းကား ယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။

မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်ဝင်းထွဋ်ဇော်ရဲ့ (ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့) ဆောင်းပါးမှာ ရေးသားထားချက်နဲ့ ဆိုရင်ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။ စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။

ကိုဝင်းဇော်ဦးမန္တလေး

သစ်ထူးလွင်

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး မြစ်ကြီးနားတွင်
အင်တာနက်ပြန်ရ

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက်
နာရီပိုင်းအကြာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀
မိနစ်ခန့်တွင် မြစ်ကြီးနားမြို့၌ MacWillအပါအဝင် အင်တာနက်လိုင်းများ ပြန်လည် အသုံးပြု၍ ရရှိနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ပထမဆုံး ပြည်နယ်တစ်ခုသို့ စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ် မတိုင်မီ ၂ ရက်ခန့်ကပင် မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ပြီး ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်းရယူသည့် သတင်းထောက်များ အသုံးပြုသည့် MacWill (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အင်တာနက် အသုံးပြု၍ မရခဲ့ကြောင်း ၎င်းက ဆက်လက်
သတင်းပေးပို့သည်။


သစ်ထူးလွင်
ShareThis


နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ
နေပြည်တော်က ဇမ္ဗူသီရိနဲ့ ပုဗ္ဗာသီရိ မြို့နယ်တွေအတွက် ဆိပ်နမ်ဒုန်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီ ရုံးခန်းရှေ့ မြေစိုက်ဆိုင်းဘုတ်ကို အမည်မသိသူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့ အာရုံတက်အချိန်မှာ လာရောက် ဖျက်ဆီးသွားကြောင်း သိရပါတယ်။
နေပြည်တော်မှာ အခုလို NLD ဆိုင်းဘုတ် အဖျက်ဆီးခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ်ကနေ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။
NLD
ဆိုင်းဘုတ် ဖျက်ဆီးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိရသေးပေမယ့် လောလောဆယ် ပုဗ္ဗ္ဗာသီရိ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို တိုင်ကြား ထားကြောင်း ဒေါ်စန္ဒာမင်းကပြောပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကဇမ္ဗူသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
RFA

သစ်ထူးလွင်
ShareThis



မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင်
အင်တာနက် အဆက်အသွယ် ပြတ်တောက်
(12-2-24)

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ
သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့်MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။

The Voice Weekly

မန်းတောင်ခြေ စုဝေးခွင့်မပြု (12-2-23)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း
သိရပါတယ်။

အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်
ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ
ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်စည်းရုံးဟောပြောဖို့ ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေ အားကစားကွင်းကို ငှားရမ်းခဲ့ပေမယ့် တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်မပြုခဲ့ပါဘူး။ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖျာပုံမြို့က လူထု ဟာပြောပွဲအတွက် မြို့နယ် ပြည်သူ့အားကစားကွင်းကို အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် မရလို့ မြို့ပြင် သဲကွင်းမှာ ဟောပြောခဲ့ရပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့ခ ရီးစဉ်မှာလည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုဖို့ အားကစားဝန်ကြီးတင့်ဆန်းက တားမြစ်ခဲ့ပေမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့်
ပေးခဲ့ပါတယ်။

RFA

အန်အယ်ဒီစည်းရုံးရေးဆင်းမဲ့ နယ်မြေများတွင် ကန့်သတ်
ဟန့်တားမှုများရှိနေကြောင်း အန်အယ်ဒီပြောဆို
(12-2-20)

ိ N L D စည်းရုံးရေးဆင်းမဲ့ နယ်မြေတွေကို သက်ဆိုင်ရာ အာဏာပိုင်အချို့က ကန့်သတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်လာသောကြောင့် အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးလုပ်ငန်းစဉ်များကို
ထိခိုက်စေကြောင်း အန်အယ်ဒီအဖွဲ့ချုပ်၏
ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၊နေ့လည် ၁၂နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

` အားကစားကွင်းတွေမှာ ဟောပြောခွင့်ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးခဲ့တယ်။
ဒါပေမဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်းကပဲ
အားကစားကွင်း(ဘောလုံးကွင်း)တွေမှာ ဟောပြောပွဲ မလုပ်ရဆိုပြီး စာထွက်တဲ့တယ်၊ ရှေ့ဆက်မဲ့ပါတီစည်းရုံးရေး တွေကို ထိခိုက်တယ်လို့ယူဆတယ်`ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နှစ် ၂၀ကျော်ကြာအောင် ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသောကြောင့် ယခုလို ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရသော ဟောပြောပွဲများကိုပြုလုပ်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအား ဟောပြောဖို့အတွက် လုံလောက်သော ကွင်းပြင်လိုအပ်ကြောင်း၊ အားကစားကွင်းဟု ဆိုသော ဘောလုံးကွင်းများကို ဟောပြောခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်သို့
စာတင်ပြီးခွင့်တောင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲ
ကော်မရှင်ကလည်း ခွင့်ပြုခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလေးစားသောကြောင့် ဥပဒေအတိုင်းပဲ ဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲ
ကော်မရှင် ထိခိုက်အောင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်း၊
သို့သော် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းများတွင် ဟောပြောပွဲ မလုပ်ရန် တားမြစ်ခဲ့ကြောင်း ဦးဥာဏ်ဝင်းက သတင်းမီဒီယာအား သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

`ဖျာပုံမှာလည်း အားကစားကွင်းမသုံးရဖူးဆိုပြီးလုပ်ခဲ့တာလည်း ၀န်ကြီးဦးတင့်ဆန်းကပဲ ဟန့်တားနေတာ၊
ဒီလို ဟန့်တားမှုတွေက တရားမျှတတဲ့ ရွေးကောက်ပွဲကို
ထိခိုက်စေတယ်လို့ ခံစားရတယ်`ဟု ဦးဥာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီစည်းရုံးရေးခရီးစဉ်ကို ဇန်န၀ါ၇ီလ ၂၆ ရက်နေ့ ထားဝယ်ခရီးစဉ် တွင်စတင်ခဲ့ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ အခါငါးနေရာထိသွားရောက်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ခရီးစဉ်များတွင် အားကစားကွင်းအတွင်း ဟောပြောပွဲ ပြုလုပ်ကျင်းပရန် Aရွးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သော်လည်း အားကစားဝန်ကြီး ဦးတင့်ဆန်းမှ ပိတ်ပင်တားဆီးမှုများ
ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန်းတီးကျေးရွာ စည်းရုံးရေး
ခရီးစဉ်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အချို့က ကချင်ပြည်တွင်
လုံခြုံရေးကြောင့် စည်းရုံးခွင့်လုံးဝ မပြုကြောင်း၊ ထို့ပြင် အားကစားကွင်းကိုလည်း ခွင့်မပြုဟု တားမြစ်ထားကြောင်း၊ သို့သော်လည်း အဖွဲ့ချုပ်အနေဖြင့် မနောမြေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

`ကန့်သတ်မှုတွေ တဖြည်းဖြည်းနဲ့ များလာတယ်၊ ဒီလိုသာဆိုရင် လာမဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ ခဲယှဉ်းလာနိုင်တယ် `ဟုဦးဥာဏ်ဝင်းက ပြောသည်။

ကန့်သတ်ချက်တွေ များလာခြင်း၊ လွတ်လပ်ပြီး တရားမျှတစေရေး အတွက် ရွေးကောက်ပွဲကော်မရှင်က ပြောဆိုနေပြီး၊ လက်တွေ့စည်းရုံးရေးဆင်းရာတွင်အခက်အခဲများအကြပ်အတည်းများကြုံတွေ့နေရခြင်း၊ ဆက်လျက်ပြီး စည်းရုံးရေးအတွက် အကြပ်အတည်းများ ကြုံတွေ့နေရလျှင် လည်း အန်အယ်ဒီအဖွဲ့ချုပ်အနေဖြင့် ဆက်လျက် ကြိုးစားဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီပါတီအနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)

ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ (12-2-20)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။

ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLDတာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက်
ကြိုတင် လျှောက်ထားခဲ့တာလို့
ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
RFA

ဦးဂမ္ဘီရ အား ဖမ်းဆီးအရေးယူမည့်ကိစ္စ အစိုးရသတင်းများတွင်ဖော်ပြချက်အပြည့်အစုံ(12-2-20)

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင်
သတင်းစာများတွင် ဖော်ပြပါရှိသည်ကို
တွေ့ရှိရပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင်သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထားတောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရာသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို
ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍
အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန် ဦးဂမ္ဘီရအား သုံးကြိမ်တိုင်ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်တွင် မရန်းကုန်းမြို့နယ် ကမ္ဘာကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမသို့ ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန်မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမသြ၀ါဒများအတိုင်း လိုက်နာ သီတင်းသုံးနေထိုင်ရန်နှင့် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ
ဥပဒေအရလည်းကောင်း၊
တည်ဆဲဥပဒေများအရလည်းကောင်း အရေးယူခံရမည်ဖြစ်သည်ကို ၀န် ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဦးဂမ္ဘီရသည် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သော်လည်း
သံဃာထုတစ်ရပ်လုံး၏ကိုယ်စား အချက် ၁၀
ချက်ပါစာကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအား တင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အတွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၎င်းအားပေးပို့သော အကြောင်းကြားစာပါ ''ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျုးလွန်နေသော'' ဟုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေည၀ါဘုန်းကြီး ဦးပညာသီဟအား သာဓု ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက် ရှုံ့ချကြောင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ၀ိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန်
လျှောက်ထားလွှာတင်သွင်း
ရေးမိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက ''၎င်းကိစ္စမှာ မိမိလို
သံဃာတစ်ပါးအတွက်
လိုအပ်မထင်ကြောင်းနှင့်
သင်္ကန်းဝတ်ခွင့်ပြုရန်
လျှောက်ထားသွားမည်မဟုတ်ကြောင်း'' ပြန်လည်ပြောကြားခဲ့သည်။
ဦးဂမ္ဘီရ၏
လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဆရာတော်ကြီးများအား
ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ဦးဂမ္ဘီရ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဂုဏ်များကိုပါထိပါးစေရုံသာမက သံဃာထုအား ၀ိနည်းစည်းမျည်းစည်းကမ်း၊ ၀ိနည်းဓမ္မကံ၊
လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲ
ရှိလာစေမည်ဖြစ်သည်။ ထိုမျှမက သက်တော်၊ ၀ါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီး ၄၇ ပါးဖြင့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ''ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း''ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲလာစေနိုင်သည့်
အလားအလာရှိကြောင်း တွေ့ရသည်။

ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပြီး
ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း
သဘောထားဆန္ဒရှိတော်မူကြသည်။

သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံလုပ်ထုံလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူနိုင်ငံသား တိုင်းလိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်သည့်အပြင် ရဟန်းနှင့်မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိပါက ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ(ခ)စန္ဒောဘာသ(ခ)ညီညီလွင် (၃၃)နှစ်အား ၀ိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ
ထိထိရောက်ရောက်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

EMG

ရွှေည၀ါဆရာတော် သာဓုကျောင်းတိုက်မှ ယနေ့ ထွက်ခွါမည် (12-2-19)

ရွှေည၀ါဆရာတော်သည် ယနေ့မွန်းလွဲပိုင်းတွင် လက်ရှိသီတင်းသုံးရာ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ မှော်ဘီမြို့၊သဲအင်းဂူအနီးရှိ ငါးဧကအကျယ်အ၀န်းရှိသည့်မြေကွက်လပ်သို့ ပြောင်းရွှေ့သီတင်းသုံးမည်ဖြစ်သည်။ အဆိုပါမြေကွက်လပ်တွင်ကျောင်းတိုက်မရှိသေးသည့်အတွက် တဲတစ်လုံးတွင် တွင် ခေတ္တသီတင်းသုံးနေထိုင်မည်ဖြစ်သည်ဟု သိရသည်။ဆရာတော်နှင့်အတူ သာဓုကျောင်းတိုက်မှ သံဃာတော်များလည်း လိုက်ပါသီတင်းသုံး ကြမည်ဟု သိရသည်။
ဓာတ်ပုံ-ဥက္ကာကိုကို


ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ(2012-2-18)

၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ONE
MAN SHOW
ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့showမှာရမယ့်ပညာကြေး တွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်းတက်ရောက်အားပေးခဲ့ပါတယ်။

သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈ မျိုးဆက် ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။

By: Shwe Thanzin

ဒေါ်အောင်ဆန်းစုကြည်
ဖျာပုံအား
ကစားကွင်းတွင်ဟောပြောခွင့်မရအောင် ၀န်ကြီးဦးတင့်ဆန်း ပိတ်ပင်
(2012-2-18)

ဧရာဝတီတိုင်း ဖျာပုံမြို့ ဘောလုံးကွင်းမှာ ဒီကနေ့ ကျင်းပဖို့ ပြင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ဟောပြောပွဲကို ပြည်ထောင်စု အားကစားဝန်ကြီးဦးတင့်ဆန်းက ခွင့်မပြုတဲ့အတွက် မြို့ကနေ နှစ်မိုင်အကွာက သဲကွင်းမှာ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုသိန်းဆွေက မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဟောတယ်။ တရားဟောတဲ့အခါကျတော့ ဒီက အဲဒီရုံးရှေ့မှာ လာပြီး နားထောင်တဲ့ လူတွေ ရှိတယ်လေ။ အဲဒီတော့ ဒီမှာ ပြီးသွားရင် ဟိုဘက် ကျနော်တို့ ဒီမှာလူထု ဟောပြောပွဲလုပ်ဖို့ ရှိတယ်။ မြောက်ပိုင်းဘက်မှာပေါ့ သဲကွင်းမှာပေါ့။ အဲဒီတော့ ဒီကလူထုကြီးက လိုက်ကြဦးမလားလို့ မေးတော့ အားလုံးက လိုက်ကြပါမယ်တဲ့။ ဟုတ်ပြီး အဲဒီတော့ မလိုက်မယ့်သူတွေလည်း ရှိတယ်။ အဲဒီ မလိုက်မယ့် သူတွေအတွက် နှုတ်ဆက်စကားလေး ပြောမယ်ဆိုပြီး နှုတ်ဆက် စကားပြောပြီးတော့ ကျနော်တို့ အဲဒီ သဲကွင်းကို သွားကြတာ။ အဲဒီတော့ လူထုကြီးက အဲဒီကနေပြီးတော့ အားလုံးက လိုက်ပါလာကြတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို ဖျာပုံမြို့ပေါ်တင် မကဘဲ ကျေးရွာတွေလူထုတွေပါ တက်ရောက် နားထောင်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အုန်းအုန်းကျွက်ကျွက်ပဲ တမြို့လုံး စည်ကားနေတာ။ တမြို့လုံးလည်း ဒေါ်စုအလံတွေ ကိုင်ပြီး ချီတတ်သွားကြတာ ဟောပြောပွဲကိုလေ။ ဒေါ်စုမိန့်ခွန်း သွားနားထောင်ကြတာ။

တခြားနှောင့်အယှက်တွေ အရင်ကလို မတွေ့တော့ပေမယ့် မြို့နယ်အာဏာပိုင်တွေက အစိုးရဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြိုဆို နှုတ်ဆက်တာ မလုပ်ဖို့ညွှန်ကြားမှုတွေတော့ ရှိသေးတယ်လို့ ဖျာပုံမြို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျာပုံသဲကွင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ အာကစားကွင်းကို အသုံးပြုခွင့်ပေးတဲ့ပေါ်ကို ဝေဖန်လိုက်ပြီးတော့ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ကို တားဆီးပိတ်ပင်တဲ့ပေါ်ကိုလည်း ထောက်ပြ ဝေဖန်သွားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ သတင်းထောက်တဦးက ပြောပါတယ်။

ဖျာပုံမှာ ပထမ သတင်းထွက်တာက ဝန်ထမ်းတွေ မသွားရဘူးပေါ့နော်။ အဲဒီအမိန့် ထုတ်ထားတာ ဟုတ်လောက်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ရုံးရှေ့က ဖြတ်သွားတဲ့အခါမှာ ဝန်ထမ်းတွေ အကုန်လုံး ထွက်ကြည့်ကြတယ်။ နောက်ပြီးတော့ အန်တီပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါတယ်။ ကျောင်းသားလေးတွေပေါ့နော်။ ကျောင်းသားလေးတွေကို တံခါးပိတ်ထားတယ်။ ကျောင်းခန်းထဲက အပြင်မထွက်ရဘူး။ ဒါပေမယ့်လည်း ကျောင်းသားလေးတွေ အားလုံးဟာ စိတ်ဝင်တစားနဲ့ ကျောင်းခန်းပြင်ပကိုပဲ မျက်လုံးတွေက ကြည့်ပြီးတော့ လက်ပြနေကြတယ်။ အဲဒီအတွက် သူတို့ပီတိ ဖြစ်တယ်ပေါ့နော်။ အဲဒီ့ ကျောင်းသားလေးတွေရဲ့ စိတ်ဓာတ်ကအစ ဒီမိုကရေစီဘက်မှာ ရှိတယ် ဆိုတာကအစ သိသိသာသာပြောသွားတယ်။ နောက်ပြီးတော့ အခုလိုမျိုး ဒီမိုကရေစီနည်း မကျဘဲနဲ့ ဘောလုံးကွင်းကို သုံးခွင့်ပေးဘူး။ ကျနော်တို့ လယ်ကွင်းထဲကို ထွက်ပြီးတော့ အခုလိုမျိုး အစည်းဝေး လုပ်ရတဲ့ပေါ်မှာလည်း အန်တီက ဥပဒေ နည်းလမ်းကျကျ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ် ဆိုပြီးတော့လည်း မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်။

ဒီဗွီဘီ



ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့်
ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ်

ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှ အပြီးအပိုင်ထွက်ခွါခြင်းမပြုမီ အနီးအနား ရပ်ကွက်များရှိ တကာတကာမများ နှုတ်ဆက် ဆွမ်းခံထွက်ရာတွင် နိုင်ငံရေး အင်အားစုများ လိုက်ပါထောက်ခံကြ သဖြင့် တိုင်းသာသနာရေးဥိးစီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှုး ရုံးမှ ဆရာတော်အား ဆွေးနွေး တားမြစ်ခဲ့သည်ဟု
ရွှေည၀ါဆရာတော် ဦးပညာဝံသ က မိန့်ကြား
သည်။
တိုင်းသာသနာရေးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ယင်းကဲ့သို့ တားမြစ်ခြင်းအပေါ် ဆရာတော်က
ဘယ်ပါတီမှမဟုတ်ဘူး ခင်ဗျားတို့ပါလိုက်လို့ရတယ် လိုက်မလား။ ၈၈မှမဟုတ်ဘူး ၉၉ ပါလိုက်လိုက် ။ ကြံခိုင်ရေးပါ လိုက်လိုက် ကျုပ်က ဘုန်းကြီးဆိုတော့ တားလို့မရဘူးဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း YPI သို့ မိန့်ကြားသည်။
ရွှည၀ါဆရာတော်သည် သာဓုပရိယတ္တိကျောင်းတိုက်မှ ထွက်ခွါရမည့် အထိမ်းအမှတ်အဖြစ် တကာ တကာမများထံ ယမန်နေ့ ကစ၍ ဆွမ်းခံရင်း နှုတ်ဆက်လျှက်ရှိရာ ရပ်ကွက်အသီးသီးသို့ ၁၉ ရက်နေ့ထိ လှည့်လည်သွားမည်ဖြစ်သည်။
ဒုတိယနေ့ ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ဆွမ်းခံကြွချီရာတွင် သံဃာ အပါး ၇ ရာကျော်၊ သီလရှင် ကိုးဆယ်ကျော် နှင့် တကာတကာမ များ အားလုံးပေါင်း တစ်ထောင်ကျော် ပါဝင်လှည့်လည်
ဆွမ်းခံခဲ့သည်။

ယနေ့ ဆွမ်းခံလှည့်လည်ရာတွင် ကိုယ်တိုင်လိုက်ပါခဲ့သူ ဦးကိုကိုကြီး(စမ်းချောင်း) က ပြောရမယ်ဆိုရင် အပြစ်မရှိအပြစ်ရှာတယ်လို့ ဒီလိုထင်တယ် ၊ နိုင်ငံရေးသမားတွေ အသုံးချတယ်ဆိုတာ၊
ဒါသက်သက်လုပ်တာ ၈၈ ကျောင်းသားဆိုတာ
ဘယ်ပါတီနိုင်ငံရေးနဲ့မှ ပါတ်သက်တာမဟုတ်ဘူး
အမျိုးသားနိုင်ငံရေးကိုကို
လုပ်နေတာ လွပ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာ
ဆည်းကပ်ခွင့် ဆိုတာရှိတယ်
ဟု YPI သို့ပြောသည်။
တူလိုက်ပါခဲ့သူအခြား ကျောင်းသားခေါင်းဆောင်တစ်ဦးက လည်း ကျွန်တော်တို့ကျောင်းသားတွေဟာ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စောင့်ရှောက်ရမှာအပြည့်ရှိတယ် ။ကမ္ဘာ့အလယ်မှာ
နိုင်ငံရေး လူမျိုးရေးအရဆိုရင် ကျောင်းသားတွေက ပါရမှာဘဲ။ ဒီလိုကိစ္စမျိုးတွေဟာ
မဟနကိုပါထိခိုက်စေတယ်ဟုဆိုသည်။
ဦးပညာဝံသ ကို နှိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်စက်တင်ဘာလက မန္တလေးတိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် တရားချီးမြှင့်ခဲ့သည့် အချက်ကြောင့် ၄၇ ပါးစုံညီ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ က သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန်နှင့် ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ခြင်း အစရှိသည့် အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ကို ဒီဇင်ဘာလတွင် ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆရာတော် ကိုယ်တိုင် နှင့် ရပ်ကွက်နေဒါယိကာ ဒါယိကာမများကပါ လက်မှတ်ရေးထိုး အသနားခံစာတင်သော်လည်း ဆုံးဖြတ်ချက်ကို မပြင်ဆင်ပဲ ယခုလ ၁၉ ရက်နေ့ညနေ နောက်ဆုံးထား ထွက်ခွာပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ဆရာတော်သည် ယခုလာမည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ကျောင်းတိုက်မှ ထွက်ခွာပြီးနောက် မှော်ဘီမြို့
ခြံတခြံတွင် သီတင်သုံးမည်ဟု ဆရာတော်၏ မိန့်ကြားထားသည်။

ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂ (YPI)

အမေစု နဲ.တွေ.ဆုံပွဲကိုမလာနိုင်အောင်လို.
ဖျာပုံအာဏာပိုင်တွေကအောက်ဖက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုပိတ်ထားမယ်လို့ ဆို

17.02.2012မှာ လာမဲ့ အမေစု ဖျာပုံခရီးစဉ် မှာ ဖျာပုံ အာဏာပိုင်တွေက ဖျာပုံမြို. ဘောလုံးကွင်းမှာ
ကျင်းပခွင့် မပေးတဲ့ အတွက် ဖျာပုံမြို.ပြင် ချောင်းတွင်း ကျေးရွာ နဘေးက လယ်ကွင်းထဲမှာ အမေစု နဲ. ဖျာပုံ မြို.နယ် သား/သူ တွေ တွေ.ဆုံပွဲ ကို ကျင်းပနိုင်ရေးအတွက် ဖျာပုံ
NLD အဖွဲ.၀င်တွေနဲ. မြို.သူ/သား တွေ
ပင်ပန်းဆင်းရဲ စွာ ပြင်ဆင်နေကြတယ်။

အဲဒီနေ.မှာလဲ ဖျာပုံ အောက်ဖက် ရွာတွေက ရွာသူ / သား တွေ အမေစု နဲ.တွေ.ဆုံပွဲ ကိုမလာနိုင်အောင်လို. ဖျာပုံ အာဏာပိုင်တွေက အောက်ဖက် ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို
ပိတ်ထားမယ်လို့  ဆိုတဲ့ အကြောင်း ဖျာပုံမြို
့တဦးက Myanmar News Now ကိုပြောပြပါတယ်။


သစ်ထူးလွင်
2/16/2012 09:45:00



ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်
လှည်း
ကူးခရီးစဉ် အဆင်မပြေဖြစ်

လှည်းကူးမြို့ လူထုအားကစားကွင်းမှာ မနက်ဖြန်ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲကို ခွင့်မပြုတဲ့အတွက် တခြားနေရာ ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ ပါတီက ပြောပါတယ်။

ဟောပြောပွဲ ကျင်းပဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်ရပြီးမှ၊ ဟောပြောပွဲကျင်းပဖို့ တရက်အလိုမှာ ပြည်ထောင်စု အားကစားဝန်ကြီးက ပိတ်လိုက်တဲ့အတွက် နေရာပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ လှည်းကူးမြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ကျနော်တို့ နေရာလိုက်ရှာထားတယ်။ မြို့နဲ့ကပ်လျက် လယ်ကွင်းမှာပေါ့ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ သွားညှိနှိုင်းတယ်။ ကော်မရှင်လူကြီးတွေကို ခေါ်သွားမယ်၊ ပြပြီး အဲဒီနေရာကို သူတို့ဆီကို စာတင်ပြဖို့ ကျနော်တို့ လုပ်တယ်။ နေ့ချင်းပြီးအောင် ဆောင်ရွက်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဒါက ကျနော်တို့ကို ကပ်ပြီးမှပြောတာ၊ ကျနော်တို့က ဖိတ်ကြားတဲ့ကိစ္စလည်း လုပ်ထားပြီးပြီ။ ရွာပေါင်း ၁၁၉ ရွာရှိတယ်၊ အုပ်စုက ၅၇ အုပ်စုရှိတယ်၊ မြို့ပေါ်မှာ ရပ်ကွက် ၅ခု ရှိတယ်။ အဲဒီအတွက် လာမယ့်ပြည်သူလူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့ မြို့မှာတော့ ဆိုက်ကားလေးတွေကစပြီး ခွပ်ဒေါင်းအလံတွေ လွှင့်ပြီးတော့ လုပ်နေတာဆိုတော့ ကျနော်က ဒီအခြေအနေကို ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို ပေါ်လွင်စေချင်တယ်။ ပြည်သူလူထု ဖြစ်စေချင်တဲ့ခြေအနေလေးတွေကို လုပ်ပေးနိုင်ဖို့ ကျနော်ကြိုးစားမယ်။

လာမယ့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တဦး မြန်မာ့လူ့ဘောင်သစ်ပါတီက ကိုယ်စားလှယ် တဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။အာဏာပိုင်တွေရဲ့ ဒီလို လုပ်ဆောင်ချက်တွေကြောင့် အထင်အမြင် လွဲတာတွေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် မြို့တိုင်းမှာ ရွေးကောက်ပွဲတွေမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာမှာ ပြည်သူလူထုနဲ့ တွေ့ဆုံနိုင်တယ်၊ ပြည်သူလူထုကို ဟောပြောနိုင်တယ် ဆိုတဲ့ နေရာမျိုးတွေကတော့ ဒီရွေးကောက်ပွဲကို ကျင်းပေးတဲ့ ပြည်ထောင်စု ကော်မရှင်နဲ့ မြို့နယ်အသီးသီးအတွက် ညှိနှိုင်းမှုမျိုးတော့ နဂိုကတည်းက ရှိသင့်တယ်။ အခုဆောင်ရွက်နေတဲ့ခြေအနေတွေက ပုံသဏ္ဌာန်တွေ အမျိုးမျိုး ဖြစ်နေတယ်။ ဒါကတော့ အား/ကာ ဝန်ကြီးဌာနအပိုင်တို့ ဒီဟာတော့ ဘောလုံးအဖွဲ့ချုပ်ကို ငှားထားတဲ့ကွင်းမို့ သုံးလို့ရတယ်ဆိုတဲ့ခြေအနေတွေက ထင်သလိုဖြစ်နေတဲ့နေအထားမျိုးတော့ ကျနော်တို့စိတ်ထဲမှာ မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် ဒီမိုကရေစီကို ရှေးရှုသွားမယ်ဆိုတဲ့ခြေအနေတွေကို သံသယဖြစ်အောင် လုပ်နေသလို ဖြစ်နိုင်တယ်။ ပြည်သူလူထုက အမြင်လွဲမှားသွားနိုင်စရာ ကိစ္စရပ်တွေက ဒီအခြေအနေမျိုးမှာ မရှိသင့်ဘူးလို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု လှည်းကူး ခရီးစဉ်ဟာ လူသိန်းချီ ကြိုဆိုခဲ့ကြတဲ့ တနင်္သာရီတိုင်း ထားဝယ်ခရီး ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြခရီး ရန်ကုန်တိုင်း ကော့မှူးခရီးစဉ်အပြီးမှာ စီစဉ်ထားတာ ဖြစ်ပါတယ်။
အခုခရီးစဉ်မတိုင်ခင် ဒီလ ၄ ရက်နေ့က စီစဉ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်း ခရီးစဉ်လည်း နေရာ အခက်အခဲကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ မန္တလေးခရီးစဉ်မှာ ဟောပြောဖို့ နဂိုက စီစဉ်ထားတဲ့ဗထူးအားကစားကွင်းနဲ့မန္တလေးတောင်ခြေရှိ အားကစားကွင်းတွေကို ငှားရမ်းပေမယ့်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ခွင့်မပြုတဲ့အတွက် ရပ်ဆိုင်းခဲ့ရပါတယ်။

ဒီဗွီဘီ
သစ်ထူးလွင်
2/14/2012 04:18:00 PM



ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်

ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏
ဦးဆောင်နာယက အဖွဲ့ဝင်
စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ
တရားဟောခွင့်
ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက်ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။ "၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး
ကျုပ်ဆီ လာပို့လို့
ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။
ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂
ရက်နေ့များတွင်
တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး
မြို့များတွင် ဟောပြောရန်
စီစဉ်ထားသည့် တရားပွဲများလည်း
ပျက်ပြယ်သွားခဲ့ရသည်။
ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။
ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာဆိုဆုံးမ၍ မရသူအဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း
ရွှေညဝါ ဆရာတော်က မဇ္ဈိမကို
ဆက်လက်မိန့်ကြားသည်။
ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ဆိုဆုံးမှုမကို မနာခံသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ
မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂
ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။
အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင်
သာဓု ကျောင်းတိုက်အတွင်းမှ
ထွက်ခွာပေးရန် လက်မှတ်ထိုးထားရပြီး ဆိုဆုံးမ၍ မရသူဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ "ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီအတိုင်းအတာအထိ လုပ်ပေးခဲ့ပြီးပြီ။
နောက်ထပ်ဘာများ လုပ်ပေးရဦးမှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ
အဲဒီ စကားလုံး အသုံးအနှုန်းက
ပျက်ပြယ်မှာလဲ။ စဉ်းစားလို့မရအောင်
ဖြစ်နေပါတယ်။ " ဟု မဇ္ဈိမကို မိန့်ကြားသည်။
ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊
ဒါယကာမများကို နှုတ်ဆက်သည့်အနေဖြင့် ဆွမ်းခံထွက်မည်ဟုလည်း သိရသည်။

သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က "၁၉ ရက်နေ့ကျတော့ အချိန်တန်ရင်
ကျုပ်ထွက်သွားမှာပါ။ လွမ်းစရာမရှိပါဘူးဗျာ။ လောကကြီးမှာ
ပြီးရင် အားလုံးက ထားခဲ့ရမှာပါ" ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

ချင်းမိုင်(မဇ္ဈိမ) ။
သစ်ထူးလွင်
2/14/2012 06:10:00


ကော့မှူးမြို့ ရဲ့ တစ်ခုတည်းသော internet ဆိုင်မှာတော့ ထောက်လှမ်းရေးများစောင့်ဆိုင်းနေ

မနက်စောစီးကတည်းက ကော့မှူးမြို့ မှဒေါ်အောင်ဆန်းစုကြည် မရောက်ရှိမှီ် ကော့မှူးမြို့ ပေါ်ရှိပြည်သူများရဲ့ 
တက်ကြွစွာပြင်ဆင်နေကြ ကြောင်းသိရပါတယ်။

ယ္ခုအခါ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးမြို့ နယ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ကော့မှူးမြို့ ရဲ့ တစ်ခုတည်းသော internetအသုံးပြုလို့ ရတဲ့ဆိုင်မှာတော့ ထောက်လှမ်းရေးများက
လည်းအဆင်သင့်သတင်းယူရန်စောင့်ဆိုင်းနေပါတယ်။
Internet connection မကောင်းပါသဖြင်ကြိုးစားပြီးvidefileများ ဓါတ်ပုံများ တင်သော်လည်း မရသေးကြောင်း ကော့မှူးသား တဦးက Myanmar News Now ကို ပြောပြတယ်။


သစ်ထူးလွင်
2/11/2012

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ (မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက
မန္တလေး၊၈၄ လမ်းနှင့်၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း
ကြားသိရပါသည်။

ဦးကျော်မိုးသာ နေအိမ်ကို ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။
ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ
ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ...
၁။ " ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ " ဟု
နေအိမ်တွင်းချိတ်ဆွဲထားသော
ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို
ကြည့်ပြီး
ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
"
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်းနှင့်
၎င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော
ပန်းချီကားဝယ်ယူသူများစာရင်းနှင့်
ဝယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ
ရယူလိုကြောင်း" ဆက်ပြောပြန်သည်ဆို၏။
အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLDက ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာမည်သည့်ကြောင့်နည်း။
ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော...။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှအဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုး ကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။
မန္တလေးမှ
ပန်းချီချစ်သူတစ်ဦး

http://bigbbrown.blogspot.com/2012/02/blog-post.html

သစ်ထူးလွင်
2/07/2012 08:19:00 AMShareThis